< ဟေရှာယ 38 >
1 ၁ ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာ စွဲ သဖြင့် ၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ် အိမ် အမှုကို စီရင် လော့။ သင် သည် အသက် မ ရှင်၊ သေ ရမည်ဟု အမိန့် တော်ကို ပြန် လေ၏။
၁ထိုအချိန်ကာလလောက်၌ပင် ဟေဇကိမင်း သည်သေလုမတတ်ဖျားနာ၍လာ၏။ အာမုတ် ၏သားပရောဖက်ဟေရှာယသည်မင်းကြီး အားလာရောက်ကြည့်ရှုပြီးနောက်``အရှင်သည် ပြန်လည်ကျန်းမာလာတော့မည်မဟုတ်သ ဖြင့် အရှင်နောက်ဆုံးမှာကြားရန်ရှိသည်တို့ ကိုမှာကြားခဲ့ရန်ထာဝရဘုရားမိန့်တော် မူပါ၏။ သို့ဖြစ်၍နတ်ရွာစံရန်အသင့်ပြင် ပါလော့'' ဟုဆို၏။
2 ၂ ဟေဇကိ မင်းသည်လည်း ထရံ သို့ မျက်နှာ လှည့် ၍ ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌ သစ္စာ စောင့် လျက်၊
၂ဟေဇကိသည်နံရံဘက်သို့မျက်နှာလှည့် လျက်၊-
3 ၃ စုံလင် သော စိတ် နှလုံးနှင့် ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြု ကြောင်းကို အောက်မေ့ တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက်၊ ထာဝရဘုရား ကို ဆုတောင်း လေ၏။
၃``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားရိုးဖြောင့်စွာသစ္စာနှင့် ကိုးကွယ်ဝတ်ပြုလျက် ကိုယ်တော်ပြုစေလို သည့်အတိုင်းကြိုးစားပြုကျင့်သည်ကို အောက်မေ့သတိရတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးတော်မူ၏။
4 ၄ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဟေရှာယ သို့ ရောက် ၍၊
၄ထိုနောက်ထာဝရဘုရားသည်ဟေရှာယ အား၊-
5 ၅ သင်သည် ဟေဇကိမင်း ထံသို့ သွား ပြီးလျှင်၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် ၏ ပဌနာ စကားကို ငါကြား ပြီ။ သင် ၏ မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင် ၏ အသက် ၌ တဆယ် ငါး နှစ် ကို ငါ ဆက် ၍ ပေးမည်။
၅ဟေဇကိထံသို့ပြန်လည်စေလွှတ်တော်မူ ကာ``သင်၏ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည် များကိုမြင်တော်မူပြီ။ ငါသည်သင့်အား နောက်ထပ်တစ်ဆယ့်ငါးနှစ်အသက်ရှင်စေ မည်။-
6 ၆ သင် နှင့် ဤ မြို့ ကို အာရှုရိ ရှင်ဘုရင် လက် မှ ငါ ကယ်လွှတ် မည်။ ဤ မြို့ ကို ငါ ကွယ်ကာ စောင့်မမည် အရာကို ပြော လော့ဟု မိန့် တော်မူ၏။
၆ငါသည်သင်နှင့်ဤယေရုရှလင်မြို့ကို အာရှုရိဧကရာဇ်၏လက်မှကယ်ဆယ်မည်။ ဤမြို့ကိုဆက်လက်၍ကာကွယ်စောင့်ရှောက် မည်ဟုဟေဇကိမင်းအားပြောကြားလော့'' ဟုမိန့်တော်မူ၏။
7 ၇ ဟေရှာယက၊ ထာဝရဘုရား အမိန့် တော်ရှိသည် အတိုင်း ပြု တော်မူမည်ဟု ထာဝရဘုရား သည် သင့် အား ပေး တော်မူသော လက္ခဏာ သက်သေဟူမူကား၊
၇ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်နိမိတ်လက္ခဏာတစ်ခု ကိုပြတော်မူပါလိမ့်မည်။-
8 ၈ ကြည့်ရှု လော့။ အာခတ် ၏နေတိုင်း နာရီပေါ် မှာ ရွေ့ သော အရိပ် ကို ဆယ်ချက်ပြန် စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ် ချက်ရွေ့ ပြီးသော အရိပ်သည် ဆယ် ချက်ပြန် လေ၏။
၈ထာဝရဘုရားသည်အာခပ်မင်းစိုက်ထူ ထားသည့်နေနာရီတွင် အရိပ်ကိုနောက်သို့ ဆယ်ဒီဂရီဆုတ်စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက်ထား၏။ ဆိုသည့်အတိုင်း အရိပ်သည်ဆယ်ဒီဂရီဆုတ်လေ၏။
9 ၉ ယုဒ မင်းကြီး ဟေဇကိ သည် အနာ မှ ထမြောက် ၍ ရေးထားသော စာ ဟူမူကား၊
၉ဟေဇကိသည် ပြန်လည်ကျန်းမာလာပြီး နောက် အောက်ပါချီးမွမ်းသီချင်းကိုရေးစပ် စီကုံးတော်မူ၏။
10 ၁၀ ငါ သည် ငြိမ်သက် စွာ နေစဉ်အခါ၊ မရဏာ နိုင်ငံတံခါး သို့ ဝင် ရပါသည်တကား။ ငါ ၌ ကြွင်း သော နှစ် များ ကို ငါ ရှုံး ပြီဟု ငါဆို သတည်း။ (Sheol )
၁၀ငါသည်သက်တမ်းစေ့နေရတော့မည်မဟုတ်။ အရွယ်ကောင်းချိန်၌ပင်မရဏနိုင်ငံသို့ သွားရတော့မည်ဟုငါထင်မှတ်ခဲ့ပါ၏။ (Sheol )
11 ၁၁ အသက်ရှင် သောသူတို့ ၏ နေရာ ၌ ၊ ထာဝရဘုရား ကို ငါမ မြင် ရ။ ငြိမ်း ရာအရပ်သား တို့နှင့် ပေါင်းဘော် ရသဖြင့်၊ နောက် တဖန် လူ တို့ကို မ မြင် ရ။
၁၁ဤသက်ရှိလောက၌ငါသည် ထာဝရဘုရားအားလည်းကောင်းသက်ရှိ လူသတ္တဝါတို့အားလည်းကောင်း၊ နောက်တစ်ဖန်အဘယ်အခါ၌မျှတွေ့ မြင်ရတော့မည် မဟုတ်ဟုထင်မှတ်ခဲ့ပါ၏။
12 ၁၂ သိုးထိန်း တဲ ကဲ့သို့ ငါ နေသောအိမ် ကို နှုတ် ပယ် ၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့ အသက် သည် လိပ် လျက်ရှိ၍၊ ရက်ကန်း စင် မှ ငါ့ ကို ပယ် ဖြတ်တော်မူလိမ့်မည်။ တနေ့ခြင်းတွင် ငါ့ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆို သတည်း။
၁၂ဖြိုဖျက်၍ချလိုက်သည့်တဲကဲ့သို့လည်းကောင်း၊ ယက်ကန်းစင်မှဖြတ်၍ထုတ်လိုက်သည့် အဝတ်ကဲ့သို့လည်းကောင်း၊ ငါ၏အသက်တာသည်ဖြတ်၍ ကုန်ဆုံးသွားလေပြီ။
13 ၁၃ ငါ့ အရိုး ရှိသမျှတို့ကို ချိုး တော်မူသည် ဖြစ်၍၊ ငါသည် ခြင်္သေ့ ဟောက်သကဲ့သို့ နံနက် တိုင်အောင် မြည်ရ ၏။ တနေ့ခြင်းတွင် ငါ့ ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
၁၃ငါ၏အရိုးများကိုခြင်္သေ့ဝါး၍နေဘိ ကဲ့သို့ ငါသည်နာကျင်ခြင်းဝေဒနာနှင့်တစ်ညဥ့်လုံး ငိုကြွေးရပါ၏။ ဘုရားသခင်သည်ငါ၏အသက်ကို ကုန်ဆုံးစေတော်မူပြီဟုငါထင်မှတ် ပါ၏။
14 ၁၄ ငါသည် တီတီတွတ် နှင့် ဇရက်ကဲ့သို့မြည်၍ ချိုး ကဲ့သို့ ညည်း တွန်ရ၏။ ငါ့ မျက်စိ တို့သည် မျှော်ကြည့်၍ အား လျော့ကြပြီ။ အိုဘုရား ရှင်၊ ညှဉ်းဆဲခြင်းကို ခံရသောအကျွန်ုပ် ဘက်၌ နေ တော်မူပါ။
၁၄ငါ၏အသံသည်တုန်တုန်ချိချိဖြစ်၍ နေပါ၏။ ငါသည်ချိုးကဲ့သို့ညည်းညူပါ၏။ မိုးကောင်းကင်သို့မျှော်ကြည့်ရဖန်များ သဖြင့် ငါ၏မျက်စိများသည်ညောင်းလျက်ရှိပါ၏။ အို ထာဝရဘုရားဤဒုက္ခအပေါင်းမှ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
15 ၁၅ အဘယ်သို့ ငါပြော ရမည်နည်း။ ငါ့ အား ဂတိ ပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြု တော်မူပြီ။ ငါ ၌ ကျန်ကြွင်းသော နှစ် စဉ်ကာလပတ်လုံး ၊ ငါ သည် စိတ် ဆင်းရဲ ခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွား ပါမည်။
၁၅ဤအမှုကိုထာဝရဘုရား ပြုတော်မူသည်ဖြစ်၍ ငါအဘယ်သို့ပြောဆိုနိုင်ပါမည်နည်း။ ငါသည်ပူပင်သောကရောက်လျက် အိပ်၍မပျော်နိုင်ပါ။
16 ၁၆ အို ဘုရား ရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာ ရှိသမျှ တို့၌ အကျွန်ုပ် ဝိညာဉ် ၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာ ရောဂါကို ငြိမ်းစေ ၍ ၊ အကျွန်ုပ် အသက်ကို ရှင် စေတော်မူ၏။
၁၆အို ထာဝရဘုရားကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏အတွက်၊ ကိုယ်တော်ရှင်တစ်ပါးတည်းအတွက် အသက်ရှင်ပါမည်။ ကျွန်တော်မျိုး၏အနာရောဂါကိုပျောက်ကင်း စေတော်မူ၍၊ ကျွန်တော်မျိုးအားအသက်ရှင်ခွင့်ပြုတော်မူပါ။
17 ၁၇ အကျွန်ုပ် ခံရသောဝေဒနာ သည် ငြိမ်းပါပြီ။ အကျွန်ုပ် ၏ ဝိညာဉ် ကို သနား ၍၊ ဖျက်ဆီးရာ တွင်း ထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို နောက် တော်သို့ ပစ် လိုက်တော်မူပြီ။
၁၇ကျွန်တော်မျိုး၏ပူပင်သောကသည်စိတ်ငြိမ်း အေးမှု အဖြစ်သို့ပြောင်းလဲသွားပါလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အသက်ကိုဘေးအန္တရာယ်အပေါင်းမှ ကယ်ဆယ်တော်မူပါ၏။ ကျွန်တော်မျိုး၏အပြစ်မှန်သမျှကိုလည်း ဖြေလွှတ်တော်မူပါ၏။
18 ၁၈ အကယ်စင်စစ်မရဏာ နိုင်ငံသည် ဂုဏ်တော်ကို မ ချီးမွမ်း ရပါ။ သေ နေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်း မဆိုရပါ။ တွင်း ထဲသို့ ဆင်း သောသူသည် သစ္စာ တော်ကို မ မြော်လင့် ရပါ။ (Sheol )
၁၈မရဏနိုင်ငံတွင်အဘယ်သူမျှကိုယ်တော်ရှင်အား ထောမနာမပြုနိုင်ပါ။ သူသေတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ယုံကြည်ကိုးစားနိုင်စွမ်းမရှိပါ။ (Sheol )
19 ၁၉ အသက် ရှင်သောသူ၊ အသက် ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ် ပြုသကဲ့သို့ ၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘ သည် သား တို့အား သစ္စာ တော်ကို ဘော်ပြ ရပါလိမ့်မည်။
၁၉ယခုကိုယ်တော်ရှင်အားကျွန်တော်မျိုး ထောမနာပြုသကဲ့သို့၊ အသက်ရှင်သူများသာလျှင်ကိုယ်တော်ရှင်အား ထောမနာပြုကြပါ၏။ ဖခင်တို့သည်သားသမီးများအားကိုယ်တော် ရှင်၏ သစ္စာတော်အကြောင်းကိုပြောကြားကြပါ၏။
20 ၂၀ ထာဝရဘုရား သည် ငါ့ ကို ကယ်တင် တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တသက် လုံး ဗိမာန် တော်၌ စောင်း တီး ၍ သီချင်းဆိုကြလိမ့်သတည်း။
၂၀အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အနာရောဂါကိုပျောက်ကင်း စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့သည်စောင်းများကိုတီး၍ ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်း၍ သီချင်းဆိုပါမည်။ မိမိတို့အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်ထောမနာ ပြု၍ သီချင်းဆိုပါမည်။
21 ၂၁ ဟေရှာယ ကလည်း၊ သင်္ဘော သဖန်းသီးအလုံး အထွေးကိုယူ၍ နယ် ပြီးမှ ၊ အနာ ကို အုံ ကြလော့။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာ ရလိမ့်မည်ဟု ဆို လေ၏။
၂၁ဟေရှာယသည်မင်းကြီးအား``အရှင်၏အနာ စိမ်းကိုသင်္ဘောသဖန်းသီးဖြင့်အုံ၍ထားပါမူ ထိုအနာသည်သက်သာပျောက်ကင်းသွားပါ လိမ့်မည်'' ဟုလျှောက်၏။-
22 ၂၂ ဟေဇကိ မင်းကလည်း၊ ငါသည် ဗိမာန် တော်သို့ တက် လိမ့်မည်ဆိုသော်၊ အဘယ် လက္ခဏာ သက်သေရှိ သနည်းဟုမေး ၏။
၂၂ထိုအခါမင်းကြီးက``ငါသည်ဗိမာန်တော် သို့သွားရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ် နိမိတ်လက္ခဏာကိုထောက်၍သိရှိနိုင်ပါမည် နည်း'' ဟုမေးတော်မူ၏။