< ဟေရှာယ 37 >
1 ၁ ထိုစကားကို ဟေဇကိ မင်းကြီး သည် ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ခြုံ လျက် ဗိမာန် တော်သို့ သွား လေ၏။
It came about that when King Hezekiah heard their report, he tore his clothes, covered himself with sackcloth, and went into the house of Yahweh.
2 ၂ လျှော်တေ အဝတ်ကို ဝတ် လျက်ရှိသောနန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ ထံ သို့ စေလွှတ် လေ၏။
He sent Eliakim, who was over the household, and Shebna the scribe, and the elders of the priests, all covered with sackcloth, to Isaiah son of Amoz, the prophet.
3 ၃ ဟေဇကိ မင်းမှာ ထား သော စကားဟူမူကား ၊ ယနေ့ သည် ဒုက္ခ နေ့ ၊ ဆုံးမ သောနေ့၊ ကဲ့ရဲ့ ခြင်းကို ခံရ သောနေ့ဖြစ်၏။ သား ဘွား ချိန်ရောက်၍သားကို ဘွား နိုင် အောင် ခွန်အား မ ရှိ။
They said to him, “Hezekiah says, 'This day is a day of distress, rebuke, and disgrace, like when a child is ready to be born, but the mother has no strength to give birth to her child.
4 ၄ အသက် ရှင်တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ စေခြင်းငှါ ၊ အာရှုရိ ရှင်ဘုရင် စေလွှတ် သော မိမိကျွန် ရာဗရှာခ စကား ကို သင် ၏ဘုရား သခင်ထာဝရဘုရား ကြား တော်မူပါစေသော။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်တိုင်ကြား သော စကား ကို ချေ တော်မူ ပါစေသော။ သင်သည်လည်းကျန် ကြွင်းသော လူ တို့အဘို့ ဆုတောင်း ပဌနာပြု ပါဟု ပြောစေခြင်းငှါ၊
It may be Yahweh your God will hear the words of the chief commander, whom the king of Assyria his master has sent to defy the living God, and will rebuke the words which Yahweh your God has heard. Now lift up your prayer for the remnant that is still here.'”
5 ၅ ဟေဇကိ မင်း စေလွှတ်သော ကျွန် တို့သည် ဟေရှာယ ထံ သို့ ရောက် လာကြ၏။
So the servants of King Hezekiah came to Isaiah,
6 ၆ ဟေရှာယ ကလည်း ၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ အာရှုရိ ရှင်ဘုရင် ၏ ကျွန် တို့သည် ငါ့ ကို ကဲ့ရဲ့ ၍၊ သင်သည် ကြား ရသော စကား ကြောင့် မ ကြောက် နှင့်။
and Isaiah said to them, “Say to your master: 'Yahweh says, “Do not be afraid of the words that you have heard, with which the servants of the king of Assyria have insulted me.
7 ၇ ထိုမင်း ၌ အခြားသောစိတ် သဘောကို ငါ သွင်း ပေးမည်။ သူသည် သိတင်း ကြား ၍ မိမိ ပြည် သို့ ပြန် သွား လိမ့်မည်။ ထိုပြည် ၌ ထား ဖြင့် ငါဆုံး စေမည်ဟူသောစကား တော်ကို သင် တို့၏ သခင် အား ပြန် ကြားကြလော့ဟု ပြော ဆို၏။
Look, I will put a spirit in him, and he will hear a certain report and go back to his own land. I will cause him to fall by the sword in his own land.”'”
8 ၈ ထိုအခါ အာရှုရိ ရှင် ဘုရင်သည် လာခိရှ မြို့မှ ထွက်သွား ကြောင်းကို ရာဗရှာခ ကြား လျှင် ၊ ပြန် သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက် နေသည်ကို တွေ့ လေ၏။
Then the chief commander returned and found the king of Assyria fighting against Libnah, for he had heard that the king had gone away from Lachish.
9 ၉ နောက်တဖန် ကုရှ မင်းကြီး တိရက္က သည် စစ် ချီ၍ လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိ မင်းထံသို့ တမန် တို့ကို စေလွှတ် ပြန်၍၊
Then Sennacherib heard that Tirhakah king of Cush and Egypt had mobilized to fight against him, so he sent messengers again to Hezekiah with a message:
10 ၁၀ သင်တို့သည် ယုဒ မင်းကြီး ဟေဇကိ ကို ပြော ရ သော စကားဟူမူကား၊ သင် ကိုးစား သော ဘုရား သခင်က၊ ယေရုရှလင် မြို့သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟူ၍ သင့် ကို မ လှည့်စား စေနှင့်။
“Say to Hezekiah, king of Judah, 'Do not let your God in whom you trust deceive you, saying, “Jerusalem will not be given into the hand of the king of Assyria.”
11 ၁၁ အာရှုရိ ရှင် ဘုရင်တို့သည် ခပ်သိမ်း သောပြည် တို့ ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို သင် သည်ကြား ရပြီ။ ကိုယ်တိုင်လွတ် လိမ့်မည်လော။
See, you have heard what the kings of Assyria have done to all lands by destroying them completely. So will you be rescued?
12 ၁၂ ငါ့ ဘိုးဘေး တို့သည် ဖျက်ဆီး သော အမျိုးသား ၊ ဂေါဇန် အမျိုးသား၊ ခါရန် အမျိုးသား၊ ရေဇပ် အမျိုးသား၊ တေလသာ မြို့၌ ရှိသော ဧဒင် အမျိုးသား တို့ကို၊ သူ တို့၏ ဘုရား များတို့သည် ကယ် ယူကြပြီလော။
Have the gods of the nations rescued them, the nations that my fathers destroyed: Gozan, Haran, Rezeph, and the people of Eden in Tel Assar?
13 ၁၃ ဟာမတ် မင်းကြီး ၊ အာပဒ် မင်းကြီး နှင့် သေဖရဝိမ် မြို့၊ ဟေန မြို့၊ ဣဝါမြို့ ကို စိုးစံသောမင်းကြီး တို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာ လိုက်လေ၏။
Where is the king of Hamath, the king of Arpad, the king of the cities of Sepharvaim, of Hena, and Ivvah?'”
14 ၁၄ ထိုမှာစာ ကို ဟေဇကိ မင်းသည် သံတမန် လက် မှ ခံယူ ၍ ကြည့် ပြီးလျှင် ၊ ဗိမာန် တော်သို့ သွား ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြန့် ထားလေ၏။
Hezekiah received this letter from hand of the messengers and read it. Then he went up to the house of Yahweh and spread it before him.
15 ၁၅ ထိုအခါ ဟေဇကိ မင်းသည် ထာဝရဘုရား ရှေ့ တော်၌ လျှောက် ဆိုသည်ကား၊
Hezekiah prayed to Yahweh:
16 ၁၆ ခေရုဗိမ် ပေါ်မှာထိုင် တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရား သခင်ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင်ဖြစ် တော်မူ၏။ ကိုယ်တော် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။
“Yahweh of hosts, God of Israel, you who sit above the cherubim, you are God alone over all the kingdoms of the earth. You made the heavens and the earth.
17 ၁၇ အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကို ဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက် ရှင်တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ ၍၊ ပြောစေ သော စကား အလုံးစုံ တို့ကို မှတ် တော်မူပါ။
Turn your ear, Yahweh, and listen. Open your eyes, Yahweh, and see, and hear the words of Sennacherib, which he has sent to mock the living God.
18 ၁၈ အိုထာဝရဘုရား ၊ အကယ်စင်စစ်အာရှုရိ ရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည် တို့ကို ဖျက်ဆီး ၍၊
It is true, Yahweh, the kings of Assyria have destroyed all the nations and their lands.
19 ၁၉ သူ တို့၏ ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရား မဟုတ် ၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ၊ ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။
They have put their gods into the fire, for they were not gods but the work of men's hands, just wood and stone. So the Assyrians have destroyed them.
20 ၂၀ အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါး သာ၊ ဘုရားသခင်ဖြစ်တော်မူ သည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ၏။
So now, Yahweh our God, save us from his power, so that all the kingdoms of the earth may know that you are Yahweh alone.”
21 ၂၁ ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့်၊ ငါ့ ရှေ့ မှာ ပဌနာ ပြုသည် ဖြစ်၍၊
Then Isaiah son of Amoz sent a message to Hezekiah, saying, “Yahweh, the God of Israel says, 'Because you have prayed to me concerning Sennacherib king of Assyria,
22 ၂၂ ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊ ဇိအုန် သတို့သမီး ကညာ သည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ် ၏။ ယေရုရှလင် သတို့သမီး သည် သင့် နောက် ၌ ခေါင်း ညှိတ် ၏။
this is the word that Yahweh has spoken about him: “The virgin daughter of Zion despises you and laughs you to scorn; the daughter of Jerusalem shakes her head at you.
23 ၂၃ သင်သည် အဘယ်သူ ကို ကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြုပါ သည်တကား။
Whom have you defied and insulted? Against whom have you exalted your voice and lifted up your eyes in pride? Against the Holy One of Israel.
24 ၂၄ သင် သည် ကျွန် များအားဖြင့် ထာဝရ ဘုရားကို ကဲ့ရဲ့ ၍ ၊ ငါ သည် ရထား များပြား သဖြင့် တောင် ထိပ် သို့ ၎င်း၊ လေဗနုန် တောင်အထွဋ် သို့၎င်း တက် လာပြီ။ အရပ် မြင့် သောအာရဇ် ပင်နှင့် အကောင်း ဆုံးသော ထင်းရူး ပင် တို့ကို ငါခုတ်လှဲ ပြီ။ အမြင့် ဆုံးသောအရပ်၊ အသီး များ သောတော ထဲသို့ ငါဝင် ပြီ။
By your servants you have defied the Lord and have said, 'With the multitude of my chariots I have gone up to the heights of the mountains, to the highest elevations of Lebanon. I will cut down its tall cedars and choice cypress trees there, and I will enter into its farthest high places, its most fruitful forest.
25 ၂၅ ငါ သည် တွင်း တူး၍ ရေ ကိုသောက် ရပြီ။ ငါ၏ ခြေ ဘဝါး အားဖြင့် အဲဂုတ္တု မြစ် လက်ကြား ရေရှိသမျှ ကို ခန်းခြောက် စေပြီဟု သင်ဆို မိပြီတကား။
I have dug wells and drunk water; I dried up all the rivers of Egypt under the soles of my feet.'
26 ၂၆ ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေး ကာလ၌ ပြုပြင် ကြောင်းကို သင်သည်မ ကြား သလော။ ယခု မှာလည်း သင်သည် ခိုင်ခံ့ သောမြို့ တို့ကို ဖျက်ဆီး ၍၊ ကျောက် ပုံ ဖြစ် စေသောသူဖြစ် မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။
Have you not heard how I determined it long ago and worked it out in ancient times? Now I am bringing it to pass. You are here to reduce impregnable cities into heaps of ruins.
27 ၂၇ ထိုကြောင့်၊ မြို့သား တို့သည် အား နည်း ကြ၏။ မှိုင်တွေ ၍ စိတ်ပျက်လျက်ရှိကြ၏။ တော မြက် ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုး ပေါ်မှာ ပေါက်သော မြက်ပင် နှင့်၊ မကြီး မှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
Their inhabitants, of little strength, are shattered and ashamed. They are plants in the field, green grass, the grass on the roof or in the field, before the east wind.
28 ၂၈ သင် ၏ နေထိုင် ခြင်း၊ ထွက် ဝင် ခြင်း၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏။
But I know your sitting down, your going out, your coming in, and your raging against me.
29 ၂၉ ငါ ၌ သင် ၏အမျက် ဟုန်းခြင်း၊ စော်ကားခြင်းကို ငါ ကြား ရသောကြောင့်၊ သင့်ကို နှာရှုတ် တပ် ၍ ဇက် ခွံ့ပြီးမှ ၊ သင်လာ သော လမ်း ဖြင့် ပြန် စေမည်။
Because of your raging against me, and because your arrogance has reached my ears, I will put my hook in your nose, and my bit in your mouth; I will turn you back the way you came.”
30 ၃၀ သင်မှတ်ရသောနိမိတ် လက္ခဏာဟူမူကား၊ ယခုနှစ် တွင် အလိုလိုကြီး ရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ် တွင် ထိုအတူ ပေါက် သောအရာများကို၎င်းသင်တို့သည် စား ရမည်။ တတိယ နှစ် တွင် မျိုးစေ့ကိုကြဲ ၍ စပါးကိုရိတ် ကြလော့။ စပျစ် ဥယျာဉ်ကိုလည်း စိုက် ၍ အသီး ကို စား ကြလော့။
This will be the sign for you: This year you will eat what grows wild, and in the second year what grows from that. But in the third year you must plant and harvest, plant vineyards and eat their fruit.
31 ၃၁ ဘေးလွတ်၍ ကျန် ကြွင်းသော ယုဒ အမျိုးသား တို့သည် တဖန်အောက် မှာ အမြစ် စွဲ ၍ ၊ အထက် မှာ အသီး သီး ကြလိမ့်မည်။
The remnant of the house of Judah that survives will again take root and bear fruit.
32 ၃၂ ကျန်ကြွင်းသောသူတို့သည် ယေရုရှလင် မြို့ထဲက ၎င်း၊ ဘေး လွတ်သောသူတို့သည် ဇိအုန် တောင် ပေါ်က ၎င်း ပေါ် လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် အလိုတော်အားကြီး ၍၊ ထို အမှုကို စီရင် တော်မူလိမ့်မည်။
For from Jerusalem a remnant will come out; from Mount Zion survivors will come. The zeal of Yahweh of hosts will do this.'”
33 ၃၃ သို့ဖြစ်၍၊ ထာဝရဘုရား သည် အာရှုရိ ရှင် ဘုရင်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ သူသည် ဤ မြို့ သို့ မဝင် ရ။ မြို့ထဲသို့ မြှား ကို မ ပစ် ရ။ မြို့ ရှေ့မှာ ဒိုင်း လွှားကို မ ပြ ရ။ မြို့ပြင်မှာ မြေရိုး ကို မ ဖို့ ရ။
Therefore Yahweh says this about the king of Assyria: “He will not come into this city and he will not shoot an arrow here. He will not come before it with shield or build up a siege ramp against it.
34 ၃၄ လာ သော လမ်း ဖြင့် ပြန် သွားရမည်။ ဤ မြို့ ထဲသို့ မ ဝင် ရ။
The way by which he came will be the same way he will leave; he will not enter this city—this is Yahweh's declaration.
35 ၃၅ ငါသည် ကိုယ် မျက်နှာ ကို၎င်း၊ ငါ့ကျွန် ဒါဝိဒ် ၏ မျက်နှာ ကို၎င်း ထောက်၍၊ ဤ မြို့ ကို ကယ်တင် ခြင်းငှါ စောင့်မ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
For I will defend this city and rescue it, for my own sake and for David my servant's sake.”
36 ၃၆ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ ၊ အာရှုရိ တပ် တွင် လူတသိန်း ရှစ် သောင်း ငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင် ဖြစ်ကြ၏။
Then the angel of Yahweh went out and attacked the camp of the Assyrians, putting to death 185,000 soldiers. When the men arose early in the morning, dead bodies lay everywhere.
37 ၃၇ အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်လည်း၊ ထိုအရပ် မှထွက် ၍ ပြန် သွားပြီးလျှင်၊ နိနေဝေ မြို့၌ နေ လေ ၏။
So Sennacherib king of Assyria left Israel and went home and stayed in Nineveh.
38 ၃၈ နောက် တဖန် သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော် အာဒြမ္မေလက် နှင့် ရှရေဇာ သည် ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော် ဧသရဟဒ္ဒုန် သည်လည်း ၊ ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Later, as he was worshiping in the house of Nisrok his god, his sons Adrammelek and Sharezer killed him with the sword. Then they escaped into the land of Ararat. Then Esarhaddon his son reigned in his place.