< ဟေရှာယ 36 >
1 ၁ ဟေဇကိ မင်းကြီး နန်းစံဆယ် လေး နှစ် တွင် အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်၊ ယုဒ ပြည်၌ခိုင်ခံ့ သော မြို့ ရှိသမျှ တို့ကို စစ်ချီ ၍ လုပ်ကြံ ပြီးလျှင်၊
Und es begab sich, im vierzehnten Jahr des Königs Hiskia zog der König zu Assyrien, Sanherib, herauf wider alle festen Städte Judas und gewann sie.
2 ၂ ရာဗရှာခ ကို ခန့် ထား၍ များ စွာသော ဗိုလ်ခြေ နှင့်တကွ ၊ လာခိရှ မြို့မှ ယေရုရှလင် မြို့၊ ဟေဇကိ မင်းကြီး ထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည် ရောက်၍၊ ခဝါသည် ၏ လယ် နားမှာ ရှောက်သောလမ်း ၊ အထက် ရေကန် ပြွန် ဝ၌ ရပ် နေ၏။
Und der König zu Assyrien sandte den Rabsake von Lachis gen Jerusalem zu dem Könige Hiskia mit großer Macht. Und er trat an die Wasserröhren des obern Teichs am Wege bei dem Acker des Färbers.
3 ၃ ထိုအခါ ဟိလခိ သား ဖြစ်သော နန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အာသပ် သား အတွင်းဝန် ယောအာ တို့သည် သူ့ ထံသို့ ထွက် ပြီးလျှင်၊
Und es ging zu ihm heraus Eliakim, der Sohn Hilkias, der Hofmeister, und Sebena, der Kanzler, und Joah, der Sohn Assaphs, der Schreiber.
4 ၄ ရာဗရှာခက၊ မဟာ အရှင်မင်းကြီး ၊ အာရှုရိ ရှင် ဘုရင်သည် ဟေဇကိ ကို မိန့် တော်မူသည်ကား၊ သင်ခိုလှုံ သဖြင့် ခိုလှုံ ရာကား အဘယ်သို့ နည်း။
Und der Erzschenke sprach zu ihnen: Saget doch dem Hiskia: So spricht der große König, der König zu Assyrien: Was ist das für ein Trotz, darauf du dich verlässest?
5 ၅ စစ်တိုက် လောက်အောင် ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကား ကို သင် ဆို ပါသည်တကား။ ငါ့ ကို ပုန်ကန် ခြင်းငှါ အဘယ် သူကို ကိုးစား သနည်း။
Ich achte, du lässest dich bereden, daß du noch Rat und Macht wissest zu streiten. Auf wen verlässest du denn dich, daß du mir bist abfällig worden?
6 ၆ ကျိုး သော ကျူလုံး တောင်ဝေး တည်းဟူသောအဲဂုတ္တု ပြည်ကို ကိုးစား ပါသည်တကား။ ထိုကျူလုံးသည် မှီ သောသူ၏ လက် ကိုဖောက် ၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တု မင်းကြီး ဖာရော ဘုရင်သည် မိမိ ၌ မှီ သောသူအပေါင်း တို့ကိုပြု လိမ့်မည်။
Verlässest du dich auf den zerbrochenen Rohrstab Ägypten, welcher, so jemand sich darauf lehnet, gehet er ihm in die Hand und durchbohret sie? Also tut Pharao, der König zu Ägypten, allen, die sich auf ihn verlassen.
7 ၇ သင်တို့က၊ ငါ တို့သည် ငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးစားသည်ဟု ဆို ပြန်လျှင် ၊ ဟေဇကိ သည်မြင့် သောအရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍၊ ဤ မည်သောယဇ်ပလ္လင် ရှေ့၌သာ ကိုးကွယ် ရမည်ဟု ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို မှာ ထားသဖြင့် ၊ သင်တို့ ပြစ်မှားသော ဘုရား ဖြစ်သည်မ ဟုတ်လော။
Willst du aber mir sagen: Wir verlassen uns auf den HERRN, unsern Gott? Ist's denn nicht der, welches Höhen und Altäre der Hiskia hat abgetan und zu Juda und Jerusalem gesagt: Vor diesem Altar sollt ihr anbeten?
8 ၈ သို့ဖြစ်၍၊ ယခု တွင်ငါ့ သခင် ၊ အာရှုရိ ရှင်ဘုရင် ၌ အာမခံ တို့ကို အပ်ပါလော့။ သင် ၌ မြင်းစီး သူရဲ လုံလောက် အောင်ရှိလျှင် ၊ မြင်း နှစ်ထောင် တို့ကို ငါပေး မည်။
Wohlan, so nimm's an mit meinem HERRN, dem Könige zu Assyrien! Ich will dir zweitausend Rosse geben; laß sehen, ob du bei dir könnest ausrichten, die darauf reiten.
9 ၉ သင်သည် ငါ့ သခင် ၏ ကျွန် တို့တွင် အငယ်ဆုံး သော ဗိုလ် ကို အဘယ်သို့ လှန် နိုင်မည်နည်း။ အဲဂုတ္တု ပြည် မှရထား များ၊ မြင်း စီးသူရဲများကိုရမည်ဟု ယုံ ပါသည်တကား။
Wie willst du denn bleiben vor einem Hauptmann, der geringsten Diener einem meines HERRN? Und du verlässest dich auf Ägypten um der Wagen und Reiter willen.
10 ၁၀ ထာဝရဘုရား ၏ အခွင့်မ ရှိဘဲ၊ ဤ ပြည် ကို ဖျက်ဆီးခြင်းငှါငါလာ သလော။ ထိုပြည် ကိုသွား၍ ဖျက်ဆီး လော့ဟု ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူပြီ။ ဤအကြောင်း အရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။
Dazu meinest du, daß ich ohne den HERRN bin heraufgezogen in dies Land, dasselbige zu verderben? Ja, der HERR sprach zu mir: Zeuch hinauf in dies Land und verderbe es!
11 ၁၁ ထိုအခါ ဧလျာကိမ် ၊ ရှေဗန ၊ ယောအာ တို့က၊ ရှုရိ ဘာသာ စကားအားဖြင့်ကျွန်တော် တို့အား အမိန့် ရှိပါ လော့။ ထိုစကားကို ကျွန်တော် တို့သည် နားလည် ပါ၏။ မြို့ရိုး ပေါ် မှာ ရှိသော သူ တို့သည် ကြား ရအောင်၊ ယုဒ ဘာသာစကားအားဖြင့်အမိန့် မ ရှိပါနှင့်ဟု ရာဗရှာခကို ဆို ကြလျှင်၊
Aber Eliakim und Sebena und Joah sprachen zum Erzschenken: Lieber, rede mit deinen Knechten auf syrisch, denn wir verstehen's wohl; und rede nicht auf jüdisch mit uns vor den Ohren des Volks, das auf der Mauer ist.
12 ၁၂ ရာဗရှာခက၊ ငါ့ သခင် သည် သင် ၏သခင် နှင့် သင့် အား သာ ဤ စကား ကို ပြော စေခြင်းငှါ ငါ့ ကိုစေလွှတ် တော်မူသလော။ မြို့ရိုး ပေါ် မှာ ထိုင် လျက်၊ သင်တို့နှင့်အတူ မိမိ တို့မစင် ကိုစား ၍ ၊ မိမိ တို့ရေ ဟောင်းကို သောက် ရသောသူတို့ ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လော ဟု ဆို ပြီးလျှင်၊
Da sprach der Erzschenke: Meinest du, daß mein HERR mich zu deinem HERRN oder zu dir gesandt habe, solche Worte zu reden, und nicht vielmehr zu den Männern, die auf der Mauer sitzen, daß sie samt euch ihren eigenen Mist fressen und ihren Harn saufen?
13 ၁၃ ရာဗရှာခ သည် ထ ၍ ယုဒ ဘာသာ စကားအားဖြင့် ကျယ် သောအသံ နှင့် ကြွေးကြော် လျက်၊ မဟာ အရှင် မင်းကြီး အာရှုရိ ရှင်ဘုရင် ၏ အမိန့် တော်ကို နားထောင် ကြလော့။
Und der Erzschenke stund und rief laut auf jüdisch und sprach: Höret die Worte des großen Königs, des Königs zu Assyrien!
14 ၁၄ ရှင်ဘုရင် မိန့် တော်မူသည်ကား ၊ ဟေဇကိ သည် သင် တို့ကို မ လှည့်စား စေနှင့်။ သူသည်သင်တို့ကို ကယ် ယူ ခြင်းငှါ မ တတ် နိုင်။
So spricht der König: Laßt euch Hiskia nicht betrügen; denn er kann euch nicht erretten.
15 ၁၅ ဟေဇကိ က၊ ထာဝရဘုရား သည် ငါ တို့ကို ဧကန် အမှန်ကယ် ယူတော်မူမည်။ ဤ မြို့ သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟု ဆို သဖြင့်၊ ထာဝရဘုရားကို မ ကိုးစား စေနှင့်။
Und laßt euch Hiskia nicht vertrösten auf den HERRN, daß er sagt: Der HERR wird uns erretten, und diese Stadt wird nicht in die Hand des Königs zu Assyrien gegeben werden.
16 ၁၆ ဟေဇကိ စကားကို နား မ ထောင်ကြနှင့်။ အာရှုရိ ရှင်ဘုရင် မိန့် တော်မူသည်ကား ၊ ငါ နှင့် မိဿဟာယ ဖွဲ့ ကြ။ ငါ့ ထံသို့ ထွက် လာကြ။
Gehorchet Hiskia nicht! Denn so spricht der König zu Assyrien: Tut mir zu Danke und gehet zu mir heraus, so sollt ihr ein jeglicher von seinem Weinstock und von seinem Feigenbaum essen und aus seinem Brunnen trinken,
17 ၁၇ သင်တို့ပြည်နှင့် တူသောပြည်တည်း ဟူသော၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့၊ သင်တို့ကို ပို့ခြင်းငှါငါမလာမှီတိုင်အောင်၊ သင်တို့သည် ကိုယ် စပျစ် ပင်၏အသီး၊ ကိုယ် သင်္ဘော သဖန်းပင်၏ အသီးကို စား ၍ ၊ ကိုယ် ရေကန် ကရေ ကို သောက် လျက် နေကြ ဦးလော့။
bis daß ich komme und hole euch in ein Land, wie euer Land ist, ein Land, da Korn und Most innen ist, ein Land, da Brot und Weinberge innen sind.
18 ၁၈ ဟေဇကိ က၊ ထာဝရဘုရား သည် ငါ တို့ကို ကယ် ယူတော်မူမည်ဟု မ ဖြားယောင်း စေနှင့်။ အပြည်ပြည် သောဘုရား တို့သည် မိမိ တို့ပြည် များကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ် လွှတ်ကြပြီလော။
Laßt euch Hiskia nicht bereden, daß er sagt: Der HERR wird uns erlösen. Haben auch der Heiden Götter ein jeglicher sein Land errettet von der Hand des Königs zu Assyrien?
19 ၁၉ ဟာမတ် ပြည်၏ ဘုရား ၊ အာပဒ် ပြည်၏ဘုရား တို့သည် အဘယ် မှာရှိကြသနည်း။ သေဖရဝိမ် ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိ ပြည်ကို ငါ့ လက် မှ ကယ်လွှတ် ကြပြီလော။
Wo sind die Götter zu Hamath und Arpad? Wo sind die Götter zu Sepharvaim? Haben sie auch Samaria errettet von meiner Hand?
20 ၂၀ ထို အပြည် ပြည်သော ဘုရား တို့တွင်၊ အဘယ် မည်သော ဘုရားသည် မိမိ ပြည် ကို ငါ့ လက် မှ ကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရား သည် ယေရုရှလင် မြို့ကို ငါ့ လက် မှ အဘယ်သို့ ကယ်လွှတ် နိုင်မည်နည်းဟု ဆို လေ၏။
Welcher unter allen Göttern dieser Lande hat sein Land errettet von meiner Hand, daß der HERR sollte Jerusalem erretten von meiner Hand?
21 ၂၁ ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမ ပြန် ဘဲ တိတ်ဆိတ် စွာ နေကြ၏။ အကြောင်း မူကား၊ ပြန် မ ပြော နှင့်ဟု ရှင်ဘုရင် အမိန့် တော်ရှိသတည်း။
Sie schwiegen aber stille und antworteten ihm nichts; denn der König hatte geboten und gesagt: Antwortet ihm nichts!
22 ၂၂ ထိုအခါ ဟိလခိ သား ဖြစ်သော နန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီး ရှေဗန ၊ အာသပ် သား အတွင်းဝန် ယောအာ တို့သည် မိမိတို့အဝတ် ကိုဆုတ် လျက် ၊ ဟေဇကိ မင်းထံသို့လာ၍၊ ရာဗရှာခ စကား ကို ကြား လျှောက် ကြ၏။
Da kamen Eliakim, der Sohn Hilkias, der Hofmeister, und Sebena, der Kanzler, und Joah, der Sohn Assaphs, der Schreiber, mit zerrissenen Kleidern und zeigten ihm an die Worte des Erzschenken.