< ဟေရှာယ 34 >

1 အိုလူမျိုး တို့၊ သင်တို့သည် ကြား ရ အံ့သောငှါ ချဉ်းကပ် ကြလော့။ အို လူစု တို့၊ နားထောင် ကြလော့။ မြေကြီး နှင့် မြေကြီး ၌ ပါသမျှ သော အရာ၊ လောက ဓါတ် နှင့် လောက ဓါတ် တန်ဆာ ခပ်သိမ်း တို့သည် ကြား ကြ ပါစေ။
အိုလူမျိုးတို့၊ သင်တို့သည် ကြားရ အံ့သောငှါ ချဉ်းကပ်ကြလော့။ အို လူစုတို့၊ နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီး၌ ပါသမျှသော အရာ၊ လောကဓာတ် နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါ စေ။
2 ထာဝရဘုရား ၏ အမျက် တော်သည် လူမျိုး အပေါင်း တို့၌ ထွက်၍ ၊ ပြင်းစွာသောအမျက် တော်သည် သူ တို့ အလုံး အရင်းအပေါ် မှာ သင့်ရောက်လေ၏။ သူ တို့ကို ရှင်းရှင်းဖျက်ဆီး ၍၊ အသေ သတ်ခြင်း၌ အပ် လိုက်တော်မူ ၏။
ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော် မူ၏။
3 သူ တို့တွင် အသေခံရသောသူတို့ ကို ပြင်သို့ ပစ် လိုက်သဖြင့် ၊ အသေ ကောင်တို့သည် နံစော် ၍ ၊ သူ တို့၏ အသွေး ဖြင့် တောင် တို့သည် အရည် ဖြစ်ကြလိမ့်မည်။
သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ ပစ် လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည်။
4 ခပ်သိမ်း သော ကောင်းကင် တန်ဆာ တို့သည် ပြုတ် ၍ ၊ မိုဃ်းကောင်းကင် သည်စာလိပ် ကဲ့သို့ လိပ် လျက် ရှိလိမ့်မည်။ စပျစ် နွယ်ပင်မှ အရွက် ကျ သကဲ့သို့ ၎င်း၊ သင်္ဘော သဖန်းပင်မှ အသီးကျ သကဲ့သို့ ၎င်း၊ ခပ်သိမ်း သော ကောင်းကင်တန်ဆာ တို့သည် ကျ ကြလိမ့်မည်။
ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ်၍၊ မိုဃ်းကောင်းကင်သည်စာလိပ်ကဲ့သို့ လိပ်လျက် ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့၎င်း၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်။
5 အကြောင်း မူကား၊ ငါ့ ထား သည် မိုဃ်းကောင်းကင် ၌ ရောင့်ရဲ ပြီးမှ၊ တဖန် ဧဒုံ ပြည် အပေါ်မှာ၎င်း၊ ငါ ကျိန် သောလူ များတို့အပေါ် မှာ၎င်း၊ ဒဏ် ပေးခြင်းငှါရောက်လိမ့်မည်။
အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်း ကင်၌ ရောင့်ရဲပြီးမှ၊ တဖန် ဧဒုံပြည် အပေါ်မှာ၎င်း၊ ငါ ကျိန်သောလူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်။
6 ထာဝရဘုရား ၏ ထား တော်သည် အသွေး နှင့် ဝ ပြီ။ ဆီဥ နှင့် ဆူ ပြီ။ သိုးသငယ် နှင့် ဆိတ် တို့၏ အသွေး ၊ သိုး ထီးတို့၏ ကျောက်ကပ် ဆီဥ နှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရ မြို့၌ ယဇ် ပွဲကို၎င်း၊ ဧဒုံ ပြည် ၌ ကြီး စွာသော သတ် ခြင်းပွဲကို၎င်း ခံတော်မူ၏။
ထာဝရဘုရား၏ ထားတော်သည် အသွေးနှင့် ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏။
7 ကြံ့ များနှင့် နွားလား ဥသဘများတို့သည် လဲ ကြ သဖြင့်၊ သူ တို့နေရာမြေ သည် သူတို့အသွေး နှင့် ယစ်မူး ၍၊ မြေမှုန့် သည်လည်း ဆီဥ နှင့် ဆူဝ လိမ့်မည်။
ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြ သဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။
8 ထာဝရဘုရား ဒဏ် ပေးတော်မူရာနေ့ ၊ ဇိအုန် မြို့ ၏ အမှု ကိုစောင့်၍ အပြစ် ပေးတော်မူရာ နှစ် ရောက်လေပြီ။
ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့ ၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေ ပြီ။
9 ထိုပြည် ၏မြစ် ရေသည် ထင်းရူး စေး၊ မြေမှုန့် လည်း ကန့် ၊ တပြည် လုံးလည်း မီး လောင်သော အစေး ဖြစ် လိမ့်မည်။
ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့် လည်းကန့်၊ တပြည်လုံးလည်း မီးလောင်သော အစေးဖြစ် လိမ့်မည်။
10 ၁၀ နေ့ ညဉ့် မပြတ် မီးမ ငြိမ်း ရ။ မီးခိုး လည်း အစဉ် တက် လိမ့်မည်။ ထိုပြည်သည် လူမျိုး အစဉ်အဆက် ဆိတ်ညံ ၍၊ ကာလအစဉ် အမြဲ အဘယ်သူမျှမ ရှောက် မသွားရ။
၁၀နေ့ညဉ့်မပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ် တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ် ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မရှောက်မသွားရ။
11 ၁၁ ဝံပို ငှက် နှင့် ဖြူ ကောင်တို့သည် ထိုပြည် ကို အမွေ ခံ၍ ၊ ဣဗိတ် ငှက် နှင့် ကျီးအ တို့သည်လည်း နေ ကြလိမ့်မည်။ ထိုမြေ အပေါ် မှာ လွတ်လပ် ခြင်း မျဉ်း ကြိုးကို တန်း ၍ ၊ လဟာ မှန် ထုပ်ကို စီရင်တော်မူလိမ့်မည်။
၁၁ဝံပိုငှက် နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေ ခံ၍၊ ဣဗိတ်ငှက် နှင့် ကျီးအတို့သည်လည်း နေကြလိမ့် မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း ၍၊ လဟာ မှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။
12 ၁၂ မင်းအရာ၌ ချီးမြှောက်ရသောမှူး တော်မတ် တော် မ ရှိရ။ မင်း ရိုးပြတ် ရလိမ့်မည်။
၁၂မင်းအရာ၌ ချီးမြှောက်ရသော မှူးတော်မတ် တော် မရှိရ။ မင်းရိုးပြတ်ရလိမ့်မည်။
13 ၁၃ ဘုံ ဗိမာန်တို့၌၎င်း၊ ရဲတိုက် တို့၌ ၎င်း၊ ဆူး ပင်အမျိုးမျိုးပေါက်ကြလိမ့်မည်။ မြေခွေး ခို ရာ၊ ကုလားအုတ် ငှက် နေရာ ဖြစ် ရလိမ့်မည်။
၁၃ဘုံဗိမာန်တို့၌၎င်း၊ ရဲတိုက်တို့၌၎င်း၊ ဆူးပင်အ မျိုးမျိုးပေါက်ကြလိမ့်မည်။ မြေခွေးခိုရာ၊ ကုလားအုတ်ငှက် နေရာ ဖြစ်ရလိမ့်မည်။
14 ၁၄ ထိုအရပ်၌ တောသားရဲ တို့သည် တောခွေး တို့ နှင့် တွေ့ကြုံ ကြလိမ့်မည်။ မျောက် တို့သည် အချင်းချင်း တကောင်ကို တကောင် မြည် ကြလိမ့်မည်။ ထို အရပ်၌ လိလိတ် ငှက်သည်လည်း နား ၍ခိုလှုံရာကို တွေ့ လိမ့်မည်။
၁၄ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့ နှင့် တွေ့ကြုံကြလိမ့်မည်။ မျောက်တို့သည် အချင်းချင်း တကောင်ကို တကောင် မြည်ကြလိမ့်မည်။ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ခိုလှုံရာကို တွေ့လိမ့်မည်။
15 ၁၅ ခုန်တတ်သော မြွေသည်လည်း၊ ထို အရပ်၌ အသိုက် လုပ်၍ ဥ လိမ့်မည်။ အဥပေါက် ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ ကွယ်ကာ လိမ့်မည်။ လင်းတ တို့သည်လည်း ထို အရပ် ၌ စုဝေး ၍၊ အထီး အမများ ပေါင်းကြလိမ့်မည်။
၁၅ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အ သိုက်လုပ်၍ ဥလိမ့်မည်။ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ ကွယ်ကာလိမ့်မည်။ လင်းတတို့သည်လည်း ထို အရပ်၌ စုဝေး၍၊ အထီး အမများ ပေါင်းကြလိမ့်မည်။
16 ၁၆ ထာဝရဘုရား ၏ ကျမ်းစာ ကို ကြည့်ရှု ၍ ဘတ် ကြလော့။ ထို တိရစ္ဆာန်တကောင်မျှ မ ပေါ် ဘဲမနေရ။ အမ တကောင်မျှ မိမိအဘော် ကို မ လို ရ။ ထာဝရဘုရား ၏ နှုတ် တော်ထွက် အမိန့် တော်ရှိ၏။ ဝိညာဉ် တော်သည်လည်း သူ တို့ ကို စုဝေး စေတော်မူ၏။
၁၆ထာဝရဘုရား၏ ကျမ်းစာကို ကြည့်ရှု၍ ဘတ် ကြလော့။ ထိုတိရစ္ဆာန်တကောင်မျှ မပေါ်ဘဲမနေရ။ အမ တကောင်မျှ မိမိအဘော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူ တို့ကို စုဝေးစေတော်မူ၏။
17 ၁၇ သူ တို့ကို စာရေးတံ ပြုလျက် ၊ လက် တော်နှင့် မျဉ်းကြိုး ကို တန်းလျက် ၊ သူ တို့နေရာကို ခွဲဝေ တော်မူ၏။ သူတို့ သည် ထိုပြည် ကို အမြဲ အမွေခံ ၍၊ အမျိုးအနွယ် အစဉ် အဆက်နေ ရကြလိမ့်မည်။
၁၇သူတို့ကို စာရေးတံပြုလျက်၊ လက်တော်နှင့် မျဉ်း ကြိုးကို တန်းလျက်၊ သူတို့နေရာကို ခွဲဝေတော်မူ၏။ သူ တို့သည် ထိုပြည်ကို အမြဲအမွေခံ၍၊ အမျိုးအနွယ်အစဉ် အဆက်နေရကြလိမ့်မည်။

< ဟေရှာယ 34 >