< ဟေရှာယ 32 >

1 ကြည့်ရှု လော့။ တရား သဖြင့် အုပ်စိုး သော ရှင်ဘုရင် တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ် တို့ သည် တရား သဖြင့် စီရင် ကြလိမ့်မည်။
Look, a king will reign in righteousness, and princes will rule in justice.
2 ထိုမင်းတို့သည် လေ လုံ ၍ မိုဃ်းသက်မုန်တိုင်း ကွယ် ရာအရပ်ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ၌ စီးသော ချောင်း ရေ ကဲ့သို့ ၎င်း၊ နေပူ သော အရပ် ၌ ကျောက် လုံးကြီး အရိပ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
Each one will be like a shelter from the wind and a refuge from the storm, like streams of water in a dry place, like the shade of a great rock in a land of weariness.
3 မျက်စိ မြင် သောသူတို့သည် ရှင်းလင်းစွာ မြင် ကြ လိမ့်မည်။ နား ကြား သောသူတို့လည်း နားထောင် ကြ လိမ့်မည်။
Then the eyes of those who see will not be dim, and the ears of those who hear will hear attentively.
4 သတိ မရှိသောသူ၏ စိတ်နှလုံး သည် ဆင်ခြင် ၍ ပညာ ရှိလိမ့်မည်။ စကား အသောသူ၏လျှာ သည်လည်း စကား ပြီ အောင်ပြော တတ်လိမ့်မည်။
The rash will think carefully with understanding, and the stutterer will speak distinctly and with ease.
5 ယုတ် သောသူကို နောက် တဖန်အမြတ် ဟူ၍၎င်း၊ စေးနှဲ သောသူကို လည်း နောက်တဖန် စွန့်ကြဲတတ် သော သူဟူ၍၎င်း မ ခေါ် ရ။
The fool will no longer be called honorable, nor the deceiver called principled.
6 အကြောင်း မူကား၊ ယုတ် သောသူသည် လျို့ဝှက်လျက်၊ ထာဝရဘုရား ကို နှုတ် ဖြင့်ပြစ်မှား လျက် ၊ မွတ်သိပ် သောသူကို သာ၍ဆင်းရဲ စေခြင်းငှါ ၎င်း၊ ရေငတ် သောသူကို ရေ မ သောက်စေခြင်းငှါ၎င်း၊ ယုတ် သောစကားကို ပြော ၍ မကောင်း သောအကြံ ကိုကြံ လေဦးမည်။
For the fool speaks folly, and his heart plans evil and godless actions, and he speaks wrongly against Yahweh. He makes the hungry empty, and the thirsty he causes to lack drink.
7 စေးနှဲ သောသူ သုံးဆောင်ရာ တန်ဆာ သည် လည်း ဆိုး လှ၏။ ဆင်းရဲ ငတ်မွတ်သောသူ၏ အမှု သည် မှန် သော်လည်း ၊ ထိုသို့သောသူ ကို မုသာ စကား အားဖြင့် ဖျက်ဆီး ခြင်းငှါ ၊ မကောင်း သောအကြံကိုသာ ကြံ တတ်၏။
The deceiver's methods are evil. He devises wicked schemes to ruin the poor with lies, even when the poor say what is right.
8 စေတနာ ရှိသောသူမူကား ၊ စေတနာ နှင့်ဆိုင် သော အကြံတို့ကိုကြံစည် တတ်၏။ စေတနာ နှင့်ဆိုင်သောအရာများအားဖြင့် တည် ရလိမ့်မည်။
But the honorable man makes honorable plans; and because of his honorable actions he will stand.
9 ငြိမ်သက် စွာနေသောမိန်းမ တို့ထ ကြ။ ငါ ပြော သံ ကို ကြား ကြလော့။ သတိ မရှိသော သတို့သမီး တို့၊ ငါ စကား ကို နားထောင် ကြလော့။
Rise up, you women who are at ease, and listen to my voice; you carefree daughters, listen to me.
10 ၁၀ သတိ မရှိသောမိန်းမတို့၊ သင်တို့သည် တနှစ်လွန် မှပူပန် ကြလိမ့်မည်။ အကြောင်း မူကား၊ စပျစ်သီး ကို သိမ်း ခြင်းအမှုပြတ် လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ။
For in a little more than a year your confidence will be broken, you carefree women, for the grape harvest will fail, the ingathering will not come.
11 ၁၁ ငြိမ်သက် စွာ နေသောမိန်းမတို့၊ တုန်လှုပ် ကြလော့။ သတိ မရှိသောသူတို့၊ ပူပန် ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ် ချွတ်ပြီးမှ၊ ခါး ၌ လျှော်တေအဝတ်ကို စည်း ကြလော့။
Tremble, you women who are at ease; be troubled, you confident ones; take off your fine clothes and make yourselves bare; put on sackcloth around your waists.
12 ၁၂ ရင်ပတ်ကိုခတ်ခြင်း၊ သာယာ သော လယ်ယာ နှင့် အသီးများ သော စပျစ် နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည်။
You will wail for the pleasant fields, for the fruitful vines.
13 ၁၃ ငါ့ လူ တို့၏မြေ ကို၎င်း၊ ဝမ်းမြောက် သော အိမ် နှင့် ရွှင်လန်း သော မြို့ ကို၎င်း၊ ဆူး ပင်အမျိုးမျိုးတို့သည် တက် ၍ လွှမ်းမိုးကြလိမ့်မည်။
The land of my people will be overgrown with thorns and briers, even in all the once joyful houses in the city of revelry.
14 ၁၄ ဘုံ ဗိမာန်တို့ကို စွန့်ပစ် ၍ မြို့ ၏ အသံ ဗလံ ငြိမ်း လိမ့်မည်။ ဩဖေလကုန်း နှင့် ရဲတိုက် တို့သည် အစဉ် မြေတွင်း နှင့် ပြည်စုံ၍၊ ရိုင်းသောမြည်း ပျော်မွေ့ ရာ၊ သိုးစု ကျက်စား ရာ ဖြစ် ကြလိမ့်မည်။
For the palace will be forsaken, the crowded city will be deserted; the hill and the watchtower will become caves forever, a joy of wild donkeys, a pasture of flocks;
15 ၁၅ ဝိညာဉ် တော်သည် ကောင်းကင် မှ ငါ တို့အပေါ် သို့သွန်းလောင်း ၍ ၊ တော သည် အသီးအနှံ များသော လယ်ဖြစ်၍၊ အသီးအနှံ များသော လယ်သည် တောအုပ် ကဲ့သို့ မှတ် ရသောကာလမရောက်မှီတိုင်အောင် ၊ ထိုသို့ ဖြစ် ကြလိမ့်မည်။
until the Spirit is poured on us from on high, and the wilderness becomes a fruitful field, and the fruitful field is considered as a forest.
16 ၁၆ ထိုအခါ တော ၌ ကား၊ တရား သဖြင့် စီရင်ခြင်းတည် ၍ ၊ အသီးအနှံ များသော လယ်၌ ကား၊ ဖြောင့်မတ် ခြင်းပါရမီသည် အမြဲနေ ရလိမ့်မည်။
Then justice will reside in the wilderness; and righteousness will live in the fruitful field.
17 ၁၇ ဖြောင့်မတ် ခြင်း တရားသည်လည်း ၊ ငြိမ်သက် ခြင်းကို ပြုစု လိမ့်မည်။ ဖြောင့်မတ် ခြင်း အကျိုး မူကား၊ ထာဝရ ငြိမ်သက် ခြင်းနှင့် လုံခြုံ ခြင်းတည်း။
The work of righteousness will be peace; and the result of righteousness, quietness and confidence forever.
18 ၁၈ ငါ ၏လူ တို့သည်လည်း ၊ ငြိမ်သက် သောနေရာ ၊ လုံခြုံ သောမြို့ ရွာ၊ ဘေးလွတ် သော ချမ်းသာ ရာအရပ်တို့ ၌ နေ ရကြလိမ့်မည်။
My people will live in a peaceful habitation, in secure homes, and in quiet resting places.
19 ၁၉ သို့ရာတွင် ၊ မိုဃ်းသီး ကျသဖြင့် တောအုပ် ကို လှဲ ၍ ၊ မြို့ ကိုလည်း မြေ နှင့် တညီတည်း ဖြိုဖျက် လိမ့်မည်။
But even if it hails and the forest is destroyed, and the city is completely annihilated,
20 ၂၀ ရေ ရှိရာအရပ်ရပ် တို့၌ မျိုးစေ့ကိုကြဲ ၍၊ နွား ခြေ နှင့် မြည်း ခြေ တို့ကို လွှတ် တတ်သောသင် တို့သည် မင်္ဂလာ ရှိကြ၏။
you who sow beside all the streams will be blessed, you who send out your ox and donkey to graze.

< ဟေရှာယ 32 >