< ဟေရှာယ 32 >
1 ၁ ကြည့်ရှု လော့။ တရား သဖြင့် အုပ်စိုး သော ရှင်ဘုရင် တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ် တို့ သည် တရား သဖြင့် စီရင် ကြလိမ့်မည်။
See, a king will be ruling in righteousness, and chiefs will give right decisions.
2 ၂ ထိုမင်းတို့သည် လေ လုံ ၍ မိုဃ်းသက်မုန်တိုင်း ကွယ် ရာအရပ်ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ၌ စီးသော ချောင်း ရေ ကဲ့သို့ ၎င်း၊ နေပူ သော အရပ် ၌ ကျောက် လုံးကြီး အရိပ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
And a man will be as a safe place from the wind, and a cover from the storm; as rivers of water in a dry place, as the shade of a great rock in a waste land.
3 ၃ မျက်စိ မြင် သောသူတို့သည် ရှင်းလင်းစွာ မြင် ကြ လိမ့်မည်။ နား ကြား သောသူတို့လည်း နားထောင် ကြ လိမ့်မည်။
And the eyes of those who see will not be shut, and those who have hearing will give ear to the word.
4 ၄ သတိ မရှိသောသူ၏ စိတ်နှလုံး သည် ဆင်ခြင် ၍ ပညာ ရှိလိမ့်မည်။ စကား အသောသူ၏လျှာ သည်လည်း စကား ပြီ အောင်ပြော တတ်လိမ့်မည်။
The man of sudden impulses will become wise in heart, and he whose tongue is slow will get the power of talking clearly.
5 ၅ ယုတ် သောသူကို နောက် တဖန်အမြတ် ဟူ၍၎င်း၊ စေးနှဲ သောသူကို လည်း နောက်တဖန် စွန့်ကြဲတတ် သော သူဟူ၍၎င်း မ ခေါ် ရ။
The foolish man will no longer be named noble, and they will not say of the false man that he is a man of honour.
6 ၆ အကြောင်း မူကား၊ ယုတ် သောသူသည် လျို့ဝှက်လျက်၊ ထာဝရဘုရား ကို နှုတ် ဖြင့်ပြစ်မှား လျက် ၊ မွတ်သိပ် သောသူကို သာ၍ဆင်းရဲ စေခြင်းငှါ ၎င်း၊ ရေငတ် သောသူကို ရေ မ သောက်စေခြင်းငှါ၎င်း၊ ယုတ် သောစကားကို ပြော ၍ မကောင်း သောအကြံ ကိုကြံ လေဦးမည်။
For the foolish man will say foolish things, having evil thoughts in his heart, working what is unclean, and talking falsely about the Lord, to keep food from him who is in need of it, and water from him whose soul is desiring it.
7 ၇ စေးနှဲ သောသူ သုံးဆောင်ရာ တန်ဆာ သည် လည်း ဆိုး လှ၏။ ဆင်းရဲ ငတ်မွတ်သောသူ၏ အမှု သည် မှန် သော်လည်း ၊ ထိုသို့သောသူ ကို မုသာ စကား အားဖြင့် ဖျက်ဆီး ခြင်းငှါ ၊ မကောင်း သောအကြံကိုသာ ကြံ တတ်၏။
The designs of the false are evil, purposing the destruction of the poor man by false words, even when he is in the right.
8 ၈ စေတနာ ရှိသောသူမူကား ၊ စေတနာ နှင့်ဆိုင် သော အကြံတို့ကိုကြံစည် တတ်၏။ စေတနာ နှင့်ဆိုင်သောအရာများအားဖြင့် တည် ရလိမ့်မည်။
But the noble-hearted man has noble purposes, and by these he will be guided.
9 ၉ ငြိမ်သက် စွာနေသောမိန်းမ တို့ထ ကြ။ ငါ ပြော သံ ကို ကြား ကြလော့။ သတိ မရှိသော သတို့သမီး တို့၊ ငါ စကား ကို နားထောင် ကြလော့။
Give ear to my voice, you women who are living in comfort; give attention to my words, you daughters who have no fear of danger.
10 ၁၀ သတိ မရှိသောမိန်းမတို့၊ သင်တို့သည် တနှစ်လွန် မှပူပန် ကြလိမ့်မည်။ အကြောင်း မူကား၊ စပျစ်သီး ကို သိမ်း ခြင်းအမှုပြတ် လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ။
In not much more than a year, you, who are not looking for evil, will be troubled: for the produce of the vine-gardens will be cut off, and there will be no getting in of the grapes.
11 ၁၁ ငြိမ်သက် စွာ နေသောမိန်းမတို့၊ တုန်လှုပ် ကြလော့။ သတိ မရှိသောသူတို့၊ ပူပန် ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ် ချွတ်ပြီးမှ၊ ခါး ၌ လျှော်တေအဝတ်ကို စည်း ကြလော့။
Be shaking with fear, you women who are living in comfort; be troubled, you who have no fear of danger: take off your robes and put on clothing of grief.
12 ၁၂ ရင်ပတ်ကိုခတ်ခြင်း၊ သာယာ သော လယ်ယာ နှင့် အသီးများ သော စပျစ် နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည်။
Have sorrow for the fields, the pleasing fields, the fertile vine;
13 ၁၃ ငါ့ လူ တို့၏မြေ ကို၎င်း၊ ဝမ်းမြောက် သော အိမ် နှင့် ရွှင်လန်း သော မြို့ ကို၎င်း၊ ဆူး ပင်အမျိုးမျိုးတို့သည် တက် ၍ လွှမ်းမိုးကြလိမ့်မည်။
And for the land of my people, where thorns will come up; even for all the houses of joy in the glad town.
14 ၁၄ ဘုံ ဗိမာန်တို့ကို စွန့်ပစ် ၍ မြို့ ၏ အသံ ဗလံ ငြိမ်း လိမ့်မည်။ ဩဖေလကုန်း နှင့် ရဲတိုက် တို့သည် အစဉ် မြေတွင်း နှင့် ပြည်စုံ၍၊ ရိုင်းသောမြည်း ပျော်မွေ့ ရာ၊ သိုးစု ကျက်စား ရာ ဖြစ် ကြလိမ့်မည်။
For the fair houses will have no man living in them; the town which was full of noise will become a waste; the hill and the watchtower will be unpeopled for ever, a joy for the asses of the woods, a place of food for the flocks;
15 ၁၅ ဝိညာဉ် တော်သည် ကောင်းကင် မှ ငါ တို့အပေါ် သို့သွန်းလောင်း ၍ ၊ တော သည် အသီးအနှံ များသော လယ်ဖြစ်၍၊ အသီးအနှံ များသော လယ်သည် တောအုပ် ကဲ့သို့ မှတ် ရသောကာလမရောက်မှီတိုင်အောင် ၊ ထိုသို့ ဖြစ် ကြလိမ့်မည်။
Till the spirit comes on us from on high, and the waste land becomes a fertile field, and the fertile field is changed into a wood.
16 ၁၆ ထိုအခါ တော ၌ ကား၊ တရား သဖြင့် စီရင်ခြင်းတည် ၍ ၊ အသီးအနှံ များသော လယ်၌ ကား၊ ဖြောင့်မတ် ခြင်းပါရမီသည် အမြဲနေ ရလိမ့်မည်။
Then in the waste land there will be an upright rule, and righteousness will have its place in the fertile field.
17 ၁၇ ဖြောင့်မတ် ခြင်း တရားသည်လည်း ၊ ငြိမ်သက် ခြင်းကို ပြုစု လိမ့်မည်။ ဖြောင့်မတ် ခြင်း အကျိုး မူကား၊ ထာဝရ ငြိမ်သက် ခြင်းနှင့် လုံခြုံ ခြင်းတည်း။
And the work of righteousness will be peace; and the effect of an upright rule will be to take away fear for ever.
18 ၁၈ ငါ ၏လူ တို့သည်လည်း ၊ ငြိမ်သက် သောနေရာ ၊ လုံခြုံ သောမြို့ ရွာ၊ ဘေးလွတ် သော ချမ်းသာ ရာအရပ်တို့ ၌ နေ ရကြလိမ့်မည်။
And my people will be living in peace, in houses where there is no fear, and in quiet resting-places.
19 ၁၉ သို့ရာတွင် ၊ မိုဃ်းသီး ကျသဖြင့် တောအုပ် ကို လှဲ ၍ ၊ မြို့ ကိုလည်း မြေ နှင့် တညီတည်း ဖြိုဖျက် လိမ့်မည်။
But the tall trees will come down with a great fall, and the town will be low in a low place.
20 ၂၀ ရေ ရှိရာအရပ်ရပ် တို့၌ မျိုးစေ့ကိုကြဲ ၍၊ နွား ခြေ နှင့် မြည်း ခြေ တို့ကို လွှတ် တတ်သောသင် တို့သည် မင်္ဂလာ ရှိကြ၏။
Happy are you who are planting seed by all the waters, and sending out the ox and the ass.