< ဟေရှာယ 31 >
1 ၁ စစ်ကူ တောင်းအံ့သောငှါ အဲဂုတ္တု ပြည် သို့ သွား ၍၊ မြင်း တို့ကို အမှီပြု လျက် များ စွာသော ရထား တို့ကို၎င်း၊ အားကြီး သော မြင်းစီး သူရဲတို့ကို ၎င်း ခိုလှုံလျက်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကို မ မြော်လင့် ၊ ထာဝရဘုရား ကို မ ရှာ ဘဲ နေသော သူတို့သည် အမင်္ဂလာ ရှိကြ၏။
၁အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
2 ၂ ထိုဘုရားသည် ဉာဏ် တော်ကျယ်၍ ၊ သူတို့အပေါ် မှာ ဘေး ကိုသက်ရောက် စေတော်မူမည်။ စကား တော်မ ပျက် ဘဲ၊ ဆိုး သောလူမျိုး ကို၎င်း၊ မတရား သဖြင့် ပြု သောသူတို့ဘက်မှာ နေ သောသူတို့ကို၎င်းတဘက်၌ ထ တော်မူမည်။
၂ကိုယ်တော်သည်မိမိပြုတော်မူလျက်နေ သည့်အမှုကိုသိတော်မူပါသည်တကား။ ကိုယ်တော်သည်ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေတော်မူပါ၏။ ဆိုးညစ်သူများနှင့် သူတို့အားကာကွယ်စောင့်ရှောက်သူတို့ကို အပြစ်ဒဏ်ခတ်ရန်ကြုံးဝါးတော်မူခဲ့ သည့်အတိုင်းပြုတော်မူပါ၏။-
3 ၃ အဲဂုတ္တု ပြည်သားတို့သည် ဘုရား မ ဖြစ်၊ လူ သက်သက်ဖြစ်ကြ၏။ သူ တို့မြင်း သည်လည်း ဝိညာဉ် မ ဖြစ်၊ အသား သက်သက်ဖြစ်၏။ ထာဝရဘုရား သည် လက် တော်ကို ဆန့် တော်မူသောအခါ၊ မစ တတ်သောသူသည် လဲ လိမ့်မည်။ မစ အပ်သောသူလည်း ဆုံး လိမ့်မည်။ အလုံးစုံ တို့သည် အတူ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
၃အီဂျစ်အမျိုးသားတို့သည်နတ်ဘုရားများ မဟုတ်။ သာမန်လူသားများသာလျှင်ဖြစ်ပါ သည်တကား။ သူတို့၏မြင်းများသည်လည်း နတ်မြင်းများမဟုတ်။ ထာဝရဘုရားအရေး ယူဆောင်ရွက်တော်မူသောအခါ ခွန်အားကြီး မားသည့်လူမျိုးသည်ကြေမွ၍သွားလိမ့်မည်။ အကူအညီရသည့်လူမျိုးသည်လည်းပြိုလဲ ၍သွားလိမ့်မည်။ ထိုလူမျိုးနှစ်မျိုးစလုံးပင် ဆုံးပါးပျက်စီးရလိမ့်မည်။
4 ၄ ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ခြင်္သေ့ နှင့် ခြင်္သေ့ သငယ်သည် လုယူရာ အကောင် ပေါ် မှာနေသောအခါ၊ သိုးထိန်း အလုံး အရင်း၏ ဆီးတားအော်ဟစ် ခြင်းကို မ ကြောက် ၊ သူ တို့ပြုသောအသံ ဗလံအားဖြင့် အရှုံး မ ခံသကဲ့သို့၊ ထိုနည်းတူ ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် မိမိ တောင် တည်းဟူသောဇိအုန် တောင် တော်ဘက် မှာ စစ်တိုက် ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။
၄ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-
5 ၅ ငှက် သည် သားငယ်ကို အုပ် တတ်သကဲ့သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ယေရှုရှလင် မြို့ကို ကွယ်ကာ တော်မူမည်။ ကွယ်ကာ စောင့်မ၍ အပြစ် မပေး၊ ကယ်တင် တော်မူမည်။
၅ငှက်သည်မိမိအသိုက်ထက်တွင်ပျံဝဲကာ သားငယ်ကိုကာကွယ်စောင့်ရှောက်သကဲ့သို့၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ယေရုရှလင်မြို့ကိုကာကွယ်စောင့်ရှောက်၍ ရန်သူကိုခုခံတိုက်ခိုက်တော်မူမည်'' ဟု ငါ့အားမိန့်တော်မူပါ၏။
6 ၆ အိုဣသရေလ အမျိုးသား တို့၊ သင်တို့သည် အလွန် လွှဲ ရှောင်ပယ်ထားသော ဘုရား ထံ တော်သို့ ပြန် လာ ကြလော့။
၆ဘုရားသခင်က``အို ဣသရေလအမျိုးသား တို့၊ သင်တို့သည်ငါ့ကိုပြစ်မှားကာဆန့်ကျင် ဘက်ပြုကြလေပြီ။ သို့ရာတွင်ယခုငါ၏ ထံသို့ပြန်လာကြလော့။-
7 ၇ အကယ်စင်စစ်လူ အပေါင်းတို့သည် မိမိ လက် ဖြင့် အသီးအသီးလုပ် သော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တည်း ဟူသော၊ ပြစ်မှား ရာအရာများကို ထို ကာလ ၌ ပစ် လိုက် ကြလိမ့်မည်။
၇သင်တို့အားလုံးပင်မိမိတို့သွန်းလုပ်ထား သောညစ်ညမ်းသည့်ရွှေ၊ ငွေရုပ်တုများကိုပစ် ထုတ်လိုက်မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။-
8 ၈ အာရှုရိ လူသည်လည်း ၊ ကြီးမြတ် သောသူ၏ ထား မဟုတ် သော ထား ဖြင့် ဆုံး လိမ့်မည်။ ယုတ် သောသူ၏ထား မဟုတ် သော ထားသည် သူ့ ကိုဖျက်ဆီး လိမ့်မည်။ သူသည် လည်း ထား ဘေးမှ ပြေး ၍ ၊ သူရဲ တို့သည် ကျွန် ခံ ရကြ လိမ့်မည်။
၈အာရှုရိပြည်သည်စစ်ပွဲတွင်ကျရှုံးရလိမ့် မည်။ သို့ရာတွင်လူတို့တန်ခိုးစွမ်းရည်ကြောင့် မဟုတ်။ အာရှုရိအမျိုးသားတို့တိုက်ပွဲမှ ထွက်ပြေးကြလိမ့်မည်။ သူတို့လူငယ်လူ ရွယ်များသည်လည်းကျွန်ခံရကြလိမ့်မည်။-
9 ၉ သူသည်လည်း ကြောက်လန့် သဖြင့် ၊ မိမိ ခိုင်ခံ့ သော မြို့ကိုလွန် သွား၍ ၊ သူ ၏ မှုးမတ် တို့သည် နိမိတ် ကို မြင်လျှင် စိတ်ပျက် ကြလိမ့်မည်ဟု ဇိအုန် တောင်ပေါ် မှာမီးလျှံ ၊ ယေရှုရှင် မြို့၌ မီးဖို ရှိသော ထာဝရဘုရား မိန့် တော်မူသတည်း။
၉သူတို့၏ဘုရင်သည်လည်းကြောက်ရွံ့၍ထွက် ပြေးကြလိမ့်မည်။ တပ်မှူးများသည်မိမိတို့ တိုက်ပွဲအလံများကိုစွန့်ပစ်လိုက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်၏။ ကိုယ်တော် သည်ယေရုရှလင်မြို့တွင်လူတို့ကိုးကွယ် ဝတ်ပြုကြသည့်ထာဝရဘုရားဖြစ်တော် မူ၍ ကိုယ်တော်၏မီးလျှံသည်လည်းယဇ် ကောင်များကိုမီးရှို့ရန်အတွက်တောက် လောင်လျက်ရှိသတည်း။