< ဟေရှာယ 31 >

1 စစ်ကူ တောင်းအံ့သောငှါ အဲဂုတ္တု ပြည် သို့ သွား ၍၊ မြင်း တို့ကို အမှီပြု လျက် များ စွာသော ရထား တို့ကို၎င်း၊ အားကြီး သော မြင်းစီး သူရဲတို့ကို ၎င်း ခိုလှုံလျက်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကို မ မြော်လင့် ၊ ထာဝရဘုရား ကို မ ရှာ ဘဲ နေသော သူတို့သည် အမင်္ဂလာ ရှိကြ၏။
ה֣וֹי הַיֹּרְדִ֤ים מִצְרַ֙יִם֙ לְעֶזְרָ֔ה עַל־סוּסִ֖ים יִשָּׁעֵ֑נוּ וַיִּבְטְח֨וּ עַל־רֶ֜כֶב כִּ֣י רָ֗ב וְעַ֤ל פָּֽרָשִׁים֙ כִּֽי־עָצְמ֣וּ מְאֹ֔ד וְלֹ֤א שָׁעוּ֙ עַל־קְד֣וֹשׁ יִשְׂרָאֵ֔ל וְאֶת־יְהוָ֖ה לֹ֥א דָרָֽשׁוּ׃
2 ထိုဘုရားသည် ဉာဏ် တော်ကျယ်၍ ၊ သူတို့အပေါ် မှာ ဘေး ကိုသက်ရောက် စေတော်မူမည်။ စကား တော်မ ပျက် ဘဲ၊ ဆိုး သောလူမျိုး ကို၎င်း၊ မတရား သဖြင့် ပြု သောသူတို့ဘက်မှာ နေ သောသူတို့ကို၎င်းတဘက်၌ ထ တော်မူမည်။
וְגַם־ה֤וּא חָכָם֙ וַיָּ֣בֵא רָ֔ע וְאֶת־דְּבָרָ֖יו לֹ֣א הֵסִ֑יר וְקָם֙ עַל־בֵּ֣ית מְרֵעִ֔ים וְעַל־עֶזְרַ֖ת פֹּ֥עֲלֵי אָֽוֶן׃
3 အဲဂုတ္တု ပြည်သားတို့သည် ဘုရား မ ဖြစ်၊ လူ သက်သက်ဖြစ်ကြ၏။ သူ တို့မြင်း သည်လည်း ဝိညာဉ် မ ဖြစ်၊ အသား သက်သက်ဖြစ်၏။ ထာဝရဘုရား သည် လက် တော်ကို ဆန့် တော်မူသောအခါ၊ မစ တတ်သောသူသည် လဲ လိမ့်မည်။ မစ အပ်သောသူလည်း ဆုံး လိမ့်မည်။ အလုံးစုံ တို့သည် အတူ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
וּמִצְרַ֤יִם אָדָם֙ וְֽלֹא־אֵ֔ל וְסוּסֵיהֶ֥ם בָּשָׂ֖ר וְלֹא־ר֑וּחַ וַֽיהוָ֞ה יַטֶּ֣ה יָד֗וֹ וְכָשַׁ֤ל עוֹזֵר֙ וְנָפַ֣ל עָזֻ֔ר וְיַחְדָּ֖ו כֻּלָּ֥ם יִכְלָיֽוּן׃ ס
4 ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ခြင်္သေ့ နှင့် ခြင်္သေ့ သငယ်သည် လုယူရာ အကောင် ပေါ် မှာနေသောအခါ၊ သိုးထိန်း အလုံး အရင်း၏ ဆီးတားအော်ဟစ် ခြင်းကို မ ကြောက် ၊ သူ တို့ပြုသောအသံ ဗလံအားဖြင့် အရှုံး မ ခံသကဲ့သို့၊ ထိုနည်းတူ ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် မိမိ တောင် တည်းဟူသောဇိအုန် တောင် တော်ဘက် မှာ စစ်တိုက် ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။
כִּ֣י כֹ֣ה אָֽמַר־יְהוָ֣ה ׀ אֵלַ֡י כַּאֲשֶׁ֣ר יֶהְגֶּה֩ הָאַרְיֵ֨ה וְהַכְּפִ֜יר עַל־טַרְפּ֗וֹ אֲשֶׁ֨ר יִקָּרֵ֤א עָלָיו֙ מְלֹ֣א רֹעִ֔ים מִקּוֹלָם֙ לֹ֣א יֵחָ֔ת וּמֵֽהֲמוֹנָ֖ם לֹ֣א יַֽעֲנֶ֑ה כֵּ֗ן יֵרֵד֙ יְהוָ֣ה צְבָא֔וֹת לִצְבֹּ֥א עַל־הַר־צִיּ֖וֹן וְעַל־גִּבְעָתָֽהּ׃
5 ငှက် သည် သားငယ်ကို အုပ် တတ်သကဲ့သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ယေရှုရှလင် မြို့ကို ကွယ်ကာ တော်မူမည်။ ကွယ်ကာ စောင့်မ၍ အပြစ် မပေး၊ ကယ်တင် တော်မူမည်။
כְּצִפֳּרִ֣ים עָפ֔וֹת כֵּ֗ן יָגֵ֛ן יְהוָ֥ה צְבָא֖וֹת עַל־יְרֽוּשָׁלִָ֑ם גָּנ֥וֹן וְהִצִּ֖יל פָּסֹ֥חַ וְהִמְלִֽיט׃
6 အိုဣသရေလ အမျိုးသား တို့၊ သင်တို့သည် အလွန် လွှဲ ရှောင်ပယ်ထားသော ဘုရား ထံ တော်သို့ ပြန် လာ ကြလော့။
שׁ֗וּבוּ לַאֲשֶׁ֛ר הֶעְמִ֥יקוּ סָרָ֖ה בְּנֵ֥י יִשְׂרָאֵֽל׃
7 အကယ်စင်စစ်လူ အပေါင်းတို့သည် မိမိ လက် ဖြင့် အသီးအသီးလုပ် သော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တည်း ဟူသော၊ ပြစ်မှား ရာအရာများကို ထို ကာလ ၌ ပစ် လိုက် ကြလိမ့်မည်။
כִּ֚י בַּיּ֣וֹם הַה֔וּא יִמְאָס֗וּן אִ֚ישׁ אֱלִילֵ֣י כַסְפּ֔וֹ וֶאֱלִילֵ֖י זְהָב֑וֹ אֲשֶׁ֨ר עָשׂ֥וּ לָכֶ֛ם יְדֵיכֶ֖ם חֵֽטְא׃
8 အာရှုရိ လူသည်လည်း ၊ ကြီးမြတ် သောသူ၏ ထား မဟုတ် သော ထား ဖြင့် ဆုံး လိမ့်မည်။ ယုတ် သောသူ၏ထား မဟုတ် သော ထားသည် သူ့ ကိုဖျက်ဆီး လိမ့်မည်။ သူသည် လည်း ထား ဘေးမှ ပြေး ၍ ၊ သူရဲ တို့သည် ကျွန် ခံ ရကြ လိမ့်မည်။
וְנָפַ֤ל אַשּׁוּר֙ בְּחֶ֣רֶב לֹא־אִ֔ישׁ וְחֶ֥רֶב לֹֽא־אָדָ֖ם תֹּֽאכֲלֶ֑נּוּ וְנָ֥ס לוֹ֙ מִפְּנֵי־חֶ֔רֶב וּבַחוּרָ֖יו לָמַ֥ס יִהְיֽוּ׃
9 သူသည်လည်း ကြောက်လန့် သဖြင့် ၊ မိမိ ခိုင်ခံ့ သော မြို့ကိုလွန် သွား၍ ၊ သူ ၏ မှုးမတ် တို့သည် နိမိတ် ကို မြင်လျှင် စိတ်ပျက် ကြလိမ့်မည်ဟု ဇိအုန် တောင်ပေါ် မှာမီးလျှံ ၊ ယေရှုရှင် မြို့၌ မီးဖို ရှိသော ထာဝရဘုရား မိန့် တော်မူသတည်း။
וְסַלְעוֹ֙ מִמָּג֣וֹר יַֽעֲב֔וֹר וְחַתּ֥וּ מִנֵּ֖ס שָׂרָ֑יו נְאֻם־יְהוָ֗ה אֲשֶׁר־א֥וּר לוֹ֙ בְּצִיּ֔וֹן וְתַנּ֥וּר ל֖וֹ בִּירוּשָׁלִָֽם׃ ס

< ဟေရှာယ 31 >