< ဟေရှာယ 30 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပုန်ကန် သော အမျိုးသား တို့သည် အမင်္ဂလာ ရှိကြ၏။ သူတို့သည် ငါ့ ကို အမှီမ ပြုဘဲ အချင်းချင်းတိုင်ပင် ကြ၏။ ငါ့ ဝိညာဉ် အခွင့်မ ရှိဘဲ မိဿဟာယ ဖွဲ့၍ အထပ်ထပ် အပြစ် ရောက် ကြ၏။
ה֣וֹי בָּנִ֤ים סֽוֹרְרִים֙ נְאֻם־יְהוָ֔ה לַעֲשׂ֤וֹת עֵצָה֙ וְלֹ֣א מִנִּ֔י וְלִנְסֹ֥ךְ מַסֵּכָ֖ה וְלֹ֣א רוּחִ֑י לְמַ֛עַן סְפ֥וֹת חַטָּ֖את עַל־חַטָּֽאת׃
2 ဖာရော ဘုရင်၏ ဘုန်း ကိုအမှီပြု၍၊ အဲဂုတ္တု အရိပ် ကို ခိုလှုံ ခြင်းငှါ ၊ ငါ့ နှုတ် ထွက်ကို အခွင့် မ ပန်ဘဲ၊ အဲဂုတ္တု ပြည်သို့ ရောက် အောင် သွား ကြ၏။
הַהֹלְכִים֙ לָרֶ֣דֶת מִצְרַ֔יִם וּפִ֖י לֹ֣א שָׁאָ֑לוּ לָעוֹז֙ בְּמָע֣וֹז פַּרְעֹ֔ה וְלַחְס֖וֹת בְּצֵ֥ל מִצְרָֽיִם׃
3 သို့ဖြစ်၍သင် တို့သည် ဖာရော ဘုရင်၏ ဘုန်း ကို အမှီပြုသောကြောင့် ရှက်ကြောက် ကြလိမ့်မည်။ အဲဂုတ္တု အရိပ် ကို ခိုလှုံ သောကြောင့် မျက်နှာ ပျက်ကြလိမ့်မည်။
וְהָיָ֥ה לָכֶ֛ם מָע֥וֹז פַּרְעֹ֖ה לְבֹ֑שֶׁת וְהֶחָס֥וּת בְּצֵל־מִצְרַ֖יִם לִכְלִמָּֽה׃
4 သူ တို့မင်း တို့သည် ဇောန မြို့၌ ရှိ ကြပြီ။ သံတမန် တို့သည် ဟာနက် မြို့သို့ ရောက် ကြပြီ။
כִּֽי־הָי֥וּ בְצֹ֖עַן שָׂרָ֑יו וּמַלְאָכָ֖יו חָנֵ֥ס יַגִּֽיעוּ׃
5 အသုံး မ ဝင်၊ အကူအညီ မ ပေး၊ ကျေးဇူး မ ပြုနိုင် ဘဲ ရှက် ကြောက်ခြင်း၊ အသရေ ပျက်ခြင်း အကြောင်းသာ ဖြစ်သော လူမျိုး ကို သူတို့ရှိသမျှ သည် ရှက် ကြောက်ကြ၏။
כֹּ֣ל הֹבִ֔ישׁ עַל־עַ֖ם לֹא־יוֹעִ֣ילוּ לָ֑מוֹ לֹ֤א לְעֵ֙זֶר֙ וְלֹ֣א לְהוֹעִ֔יל כִּ֥י לְבֹ֖שֶׁת וְגַם־לְחֶרְפָּֽה׃ ס
6 ခြင်္သေ့ မ၊ ခြင်္သေ့ ပျို၊ မြွေဆိုး ၊ ပျံ တတ်သော မီး မြွေ များသဖြင့်၊ အလွန်ခဲယဉ်း ၍ ဆင်းရဲ သောပြည် ကို ရှောက် လျက်၊ တောင် မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ် မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့။ မြည်း ပခုံး ပေါ်မှာ ဥစ္စာ ပစ္စည်းများကို၎င်း ၊ ကုလားအုပ် ၏ ဘို့ ပေါ် မှာ ဘဏ္ဍာ များကို၎င်း တင် ၍၊ ကျေးဇူး မ ပြုနိုင်သော လူမျိုး ထံသို့ ဆောင်သွားကြသည်တကား။
מַשָּׂ֖א בַּהֲמ֣וֹת נֶ֑גֶב בְּאֶרֶץ֩ צָרָ֨ה וְצוּקָ֜ה לָבִ֧יא וָלַ֣יִשׁ מֵהֶ֗ם אֶפְעֶה֙ וְשָׂרָ֣ף מְעוֹפֵ֔ף יִשְׂאוּ֩ עַל־כֶּ֨תֶף עֲיָרִ֜ים חֵֽילֵהֶ֗ם וְעַל־דַּבֶּ֤שֶׁת גְּמַלִּים֙ אֽוֹצְרֹתָ֔ם עַל־עַ֖ם לֹ֥א יוֹעִֽילוּ׃
7 အဲဂုတ္တု ပြည်သည် အချည်းနှီး သက်သက်၊ အကျိုး မပေး နိုင်။ ထိုကြောင့်၊ မ လှုပ်ဘဲနေတတ်သောရာခပ် ဟု ငါ သမုတ် ပေ၏။
וּמִצְרַ֕יִם הֶ֥בֶל וָרִ֖יק יַעְזֹ֑רוּ לָכֵן֙ קָרָ֣אתִי לָזֹ֔את רַ֥הַב הֵ֖ם שָֽׁבֶת׃
8 သင်သည်ယခု သွား ၍ သူ တို့ရှေ့မှာသင်ပုန်း ၌ ရေး ထားရသောအချက်၊ နောင် ကာလ အစဉ် အဆက် တည် စေခြင်းငှါ၊ စာစီ ၍ မှတ်သားရသောအချက်ဟူမူကား၊
עַתָּ֗ה בּ֣וֹא כָתְבָ֥הּ עַל־ל֛וּחַ אִתָּ֖ם וְעַל־סֵ֣פֶר חֻקָּ֑הּ וּתְהִי֙ לְי֣וֹם אַחֲר֔וֹן לָעַ֖ד עַד־עוֹלָֽם׃
9 ဤ လူမျိုး သည် ပုန်ကန် တတ်၏။ ဖောက်ပြန် သောအမျိုးသား ၊ ထာဝရဘုရား ၏ တရား တော်ကို နာယူ ခြင်းငှါအလို မ ရှိသော အမျိုးသား ဖြစ်ကြ၏။
כִּ֣י עַ֤ם מְרִי֙ ה֔וּא בָּנִ֖ים כֶּחָשִׁ֑ים בָּנִ֕ים לֹֽא־אָב֥וּ שְׁמ֖וֹעַ תּוֹרַ֥ת יְהוָֽה׃
10 ၁၀ သူတို့ကလည်း၊ ဗျာဒိတ် တော်ကို မ ခံပါနှင့် ဟု ဗျာဒိတ် ခံသောသူတို့အား ၎င်း၊ မှန် သောစကားကို ငါ တို့ အား မ ဟော ပါနှင့်။ ချော့မော့ သောစကားကို ပြောကြပါ။ လှည့်စား သောစကား ကို ဟော ကြပါ။
אֲשֶׁ֨ר אָמְר֤וּ לָֽרֹאִים֙ לֹ֣א תִרְא֔וּ וְלַ֣חֹזִ֔ים לֹ֥א תֶחֱזוּ־לָ֖נוּ נְכֹח֑וֹת דַּבְּרוּ־לָ֣נוּ חֲלָק֔וֹת חֲז֖וּ מַהֲתַלּֽוֹת׃
11 ၁၁ လမ်း လွှဲ ကြပါ။ မှန်သောလမ်း ကို ရှောင် ကြပါ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ငါ တို့ရှေ့ မှာ ကွယ် ထားကြပါဟု ပရောဖက် တို့အား ၎င်း ဆို တတ်ကြ၏။
ס֚וּרוּ מִנֵּי־דֶ֔רֶךְ הַטּ֖וּ מִנֵּי־אֹ֑רַח הַשְׁבִּ֥יתוּ מִפָּנֵ֖ינוּ אֶת־קְד֥וֹשׁ יִשְׂרָאֵֽל׃ ס
12 ၁၂ သို့ဖြစ်၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် နှုတ်ကပတ် တော်ကို ပယ် ၍ ၊ လိမ် ကောက် ယိုယွင်းခြင်းကို သာ မှီဝဲ ခိုလှုံ သောကြောင့်၊
לָכֵ֗ן כֹּ֤ה אָמַר֙ קְד֣וֹשׁ יִשְׂרָאֵ֔ל יַ֥עַן מָֽאָסְכֶ֖ם בַּדָּבָ֣ר הַזֶּ֑ה וַֽתִּבְטְחוּ֙ בְּעֹ֣שֶׁק וְנָל֔וֹז וַתִּֽשָּׁעֲנ֖וּ עָלָֽיו׃
13 ၁၃ သင် တို့အပြစ် သည် ပြို ကျ လုသော အုတ်ရိုးပျက် ကဲ့သို့ ၎င်း၊ မြင့် သောအုတ်ထရံ ၌ မညီမညွတ်ထွက်ဝင်သ ကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ထို ထရံ သည် အလျင် တဆောချက်ခြင်း ပြိုပျက် တတ်၏။
לָכֵ֗ן יִֽהְיֶ֤ה לָכֶם֙ הֶעָוֹ֣ן הַזֶּ֔ה כְּפֶ֣רֶץ נֹפֵ֔ל נִבְעֶ֖ה בְּחוֹמָ֣ה נִשְׂגָּבָ֑ה אֲשֶׁר־פִּתְאֹ֥ם לְפֶ֖תַע יָב֥וֹא שִׁבְרָֽהּ׃
14 ၁၄ မြေအိုး ကွဲ သကဲ့သို့ ကွဲ ရလိမ့်မည်။ ကွဲရာတွင် လည်း မီးဖို ထဲက မီးခဲ ခံ စရာဘို့ ၊ ရေကန် ထဲက ရေ ခပ် စရာ ဘို့ အိုးခြမ်း တခုမျှ မ ရှိ စေခြင်းငှါ၊ နှမြော ခြင်း မ ရှိဘဲ ခွဲ ခြင်း ကိုခံ ရလိမ့်မည်။
וּ֠שְׁבָרָהּ כְּשֵׁ֨בֶר נֵ֧בֶל יוֹצְרִ֛ים כָּת֖וּת לֹ֣א יַחְמֹ֑ל וְלֹֽא־יִמָּצֵ֤א בִמְכִתָּתוֹ֙ חֶ֔רֶשׂ לַחְתּ֥וֹת אֵשׁ֙ מִיָּק֔וּד וְלַחְשֹׂ֥ף מַ֖יִם מִגֶּֽבֶא׃ פ
15 ၁၅ ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ သည် ပြောင်းလဲ ၍ ငြိမ်ဝပ် စွာ နေလျှင်၊ ကယ်တင် ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ် စွာနေခြင်း၊ ယုံကြည် ခြင်း အားဖြင့် ခွန်အား အစွမ်းကို ရ ကြလိမ့်မည်။ သင် တို့သည် ထိုသို့သော အလို မ ရှိကြ။
כִּ֣י כֹֽה־אָמַר֩ אֲדֹנָ֨י יְהוִ֜ה קְד֣וֹשׁ יִשְׂרָאֵ֗ל בְּשׁוּבָ֤ה וָנַ֙חַת֙ תִּוָּ֣שֵׁע֔וּן בְּהַשְׁקֵט֙ וּבְבִטְחָ֔ה תִּהְיֶ֖ה גְּבֽוּרַתְכֶ֑ם וְלֹ֖א אֲבִיתֶֽם׃
16 ၁၆ ငါတို့သည် ထိုသို့မ နေ၊ မြင်း စီး ၍ ပြေး မည်ဟု ဆို သောကြောင့် ၊ သူတပါးတို့သည် သင်တို့ကို ပြေး စေမည်။ ငါတို့သည် လျင်မြန် စွာ စီး သွားမည်ဟု ဆိုသောကြောင့် ၊ သင် တို့ကို လိုက် သောသူတို့သည် လျင်မြန် ကြ လိမ့်မည်။
וַתֹּ֨אמְר֥וּ לֹא־כִ֛י עַל־ס֥וּס נָנ֖וּס עַל־כֵּ֣ן תְּנוּס֑וּן וְעַל־קַ֣ל נִרְכָּ֔ב עַל־כֵּ֖ן יִקַּ֥לּוּ רֹדְפֵיכֶֽם׃
17 ၁၇ သင်တို့သည် တောင် ထိပ် ပေါ် မှာ စိုက်သောမှတ်တိုင် ကဲ့သို့ ၎င်း ၊ ကုန်း ပေါ်မှာထူသော အလံကဲ့သို့ ၎င်း ဖြစ် ရသည်တိုင်အောင် ၊ တ ယောက်သောသူသည် ခြိမ်း လျှင်၊ တ ထောင် သောသူတို့သည် ပြေးကြလိမ့်မည်။ ငါး ယောက်ခြိမ်း လျှင်၊ တသောင်းပြေး ကြလိမ့်မည်။
אֶ֣לֶף אֶחָ֗ד מִפְּנֵי֙ גַּעֲרַ֣ת אֶחָ֔ד מִפְּנֵ֛י גַּעֲרַ֥ת חֲמִשָּׁ֖ה תָּנֻ֑סוּ עַ֣ד אִם־נוֹתַרְתֶּ֗ם כַּתֹּ֙רֶן֙ עַל־רֹ֣אשׁ הָהָ֔ר וְכַנֵּ֖ס עַל־הַגִּבְעָֽה׃
18 ၁၈ သို့သော်လည်း၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြုလိုသောငှါ မြော်လင့် တော်မူမည်။ ကရုဏာ ပြု လိုသောငှါ ချီးမြှောက် ခြင်းကိုခံ တော်မူမည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် တရား သော ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို မြော်လင့် သောသူအပေါင်း တို့သည် မင်္ဂလာ ရှိကြ၏။
וְלָכֵ֞ן יְחַכֶּ֤ה יְהוָה֙ לַֽחֲנַנְכֶ֔ם וְלָכֵ֥ן יָר֖וּם לְרַֽחֶמְכֶ֑ם כִּֽי־אֱלֹהֵ֤י מִשְׁפָּט֙ יְהוָ֔ה אַשְׁרֵ֖י כָּל־ח֥וֹכֵי לֽוֹ׃ ס
19 ၁၉ ယေရုရှလင် မြို့၌ နေ သောဇိအုန် အမျိုး ၊ သင် သည် အစဉ်ငိုကြွေး ရမည် မဟုတ်။ သင် အော်ဟစ် သံ ကို နားထောင်၍ ကယ်မ သနားတော်မူလိမ့်မည်။ ထိုအသံကို ကြား သောအခါ ထူး တော်မူလိမ့်မည်။
כִּי־עַ֛ם בְּצִיּ֥וֹן יֵשֵׁ֖ב בִּירֽוּשָׁלִָ֑ם בָּכ֣וֹ לֹֽא־תִבְכֶּ֗ה חָנ֤וֹן יָחְנְךָ֙ לְק֣וֹל זַעֲקֶ֔ךָ כְּשָׁמְעָת֖וֹ עָנָֽךְ׃
20 ၂၀ ထာဝရဘုရား သည် သင့် အား ဒုက္ခ မုန့် ကို ကျွေး ၍ ၊ ဆင်းရဲ ခြင်းရေ ကို တိုက်တော်မူသော်လည်း ၊ သင် ၏ ဆရာ တို့သည် နောက် တဖန် ပုန်းရှောင် ၍ မ နေရကြ။ ကိုယ် မျက်စိ နှင့် ကိုယ် ဆရာ တို့ကို မြင် ရလိမ့်မည်။
וְנָתַ֨ן לָכֶ֧ם אֲדֹנָ֛י לֶ֥חֶם צָ֖ר וּמַ֣יִם לָ֑חַץ וְלֹֽא־יִכָּנֵ֥ף עוֹד֙ מוֹרֶ֔יךָ וְהָי֥וּ עֵינֶ֖יךָ רֹא֥וֹת אֶת־מוֹרֶֽיךָ׃
21 ၂၁ သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤ လမ်း ၌သွား လော့ဟု သင့် နောက် ၌ ပြောသောစကား သံကို ကိုယ် နား နှင့် ကြား ရလိမ့်မည်။
וְאָזְנֶ֙יךָ֙ תִּשְׁמַ֣עְנָה דָבָ֔ר מֵֽאַחֲרֶ֖יךָ לֵאמֹ֑ר זֶ֤ה הַדֶּ֙רֶךְ֙ לְכ֣וּ ב֔וֹ כִּ֥י תַאֲמִ֖ינוּ וְכִ֥י תַשְׂמְאִֽילוּ׃
22 ၂၂ ထုလုပ်သောငွေ ရုပ်တု တန်ဆာ နှင့် သွန်းသော ရွှေ ရုပ်တု တန်ဆာ များကို မရို မသေပြု၍၊ ညစ်ညူးသော အဝတ် ကဲ့သို့ ပစ် ပယ်လျက်၊ သွား တော့ဟု ဆို ရလိမ့်မည်။
וְטִמֵּאתֶ֗ם אֶת־צִפּוּי֙ פְּסִילֵ֣י כַסְפֶּ֔ךָ וְאֶת־אֲפֻדַּ֖ת מַסֵּכַ֣ת זְהָבֶ֑ךָ תִּזְרֵם֙ כְּמ֣וֹ דָוָ֔ה צֵ֖א תֹּ֥אמַר לֽוֹ׃
23 ၂၃ သင် သည် လယ် ၌ကြဲ သော မျိုးစေ့ ဘို့ မိုဃ်း ကို ရွာ စေတော်မူလိမ့်မည်။ မြေ အသီး အနှံမှ ဖြစ်သော မုန့် ကို အလွန်ကြွယ်ဝ စွာ ပေး သနားတော်မူလိမ့်မည်။ ထိုအခါ သင် ၏သိုး နွားတို့သည် ကျယ် သော အရပ် ၌ ကျက်စား ရကြ လိမ့်မည်။
וְנָתַן֩ מְטַ֨ר זַרְעֲךָ֜ אֲשֶׁר־תִּזְרַ֣ע אֶת־הָאֲדָמָ֗ה וְלֶ֙חֶם֙ תְּבוּאַ֣ת הָֽאֲדָמָ֔ה וְהָיָ֥ה דָשֵׁ֖ן וְשָׁמֵ֑ן יִרְעֶ֥ה מִקְנֶ֛יךָ בַּיּ֥וֹם הַה֖וּא כַּ֥ר נִרְחָֽב׃
24 ၂၄ စံကော နှင့် ဆန်ခါ ဖြင့် သန့်ရှင်း စေ၍၊ ကောင်းမွန် စွာ ရောနှော သောစပါးကိုသာ မြေ ၌လုပ် သောနွား နှင့် မြည်း တို့သည်လည်း စား ရကြလိမ့်မည်။
וְהָאֲלָפִ֣ים וְהָעֲיָרִ֗ים עֹֽבְדֵי֙ הָֽאֲדָמָ֔ה בְּלִ֥יל חָמִ֖יץ יֹאכֵ֑לוּ אֲשֶׁר־זֹרֶ֥ה בָרַ֖חַת וּבַמִּזְרֶֽה׃
25 ၂၅ များ စွာသော လူတို့ကိုသတ် ၍၊ ရဲတိုက် တို့သည် ပြိုလဲ သောအခါ ၊ မြင့် သောတောင် ရှိသမျှ နှင့် ထင်ရှား သော ကုန်း ရှိသမျှ တို့အပေါ် မှာ ရေ စီး ရာမြစ် နှင့် ချောင်း များရှိ ကြလိမ့်မည်။
וְהָיָ֣ה ׀ עַל־כָּל־הַ֣ר גָּבֹ֗הַ וְעַל֙ כָּל־גִּבְעָ֣ה נִשָּׂאָ֔ה פְּלָגִ֖ים יִבְלֵי־מָ֑יִם בְּיוֹם֙ הֶ֣רֶג רָ֔ב בִּנְפֹ֖ל מִגְדָּלִֽים׃
26 ၂၆ ထာဝရဘုရား သည် မိမိ လူ တို့၏ ကျိုး ပျက်ရာကို ပြုပြင် ၍၊ သူ တို့ခံရသောဒဏ်ချက် ရာကို ပျောက် စေတော်မူသောအခါ၊ လ ၏အလင်း သည် နေ ၏အလင်း ကဲ့သို့ ဖြစ် ၍ ၊ နေ ၏အလင်း သည်လည်း ပကတိ ထက် ခုနစ် ဆလင်း လိမ့်မည်။
וְהָיָ֤ה אֽוֹר־הַלְּבָנָה֙ כְּא֣וֹר הַֽחַמָּ֔ה וְא֤וֹר הַֽחַמָּה֙ יִהְיֶ֣ה שִׁבְעָתַ֔יִם כְּא֖וֹר שִׁבְעַ֣ת הַיָּמִ֑ים בְּי֗וֹם חֲבֹ֤שׁ יְהוָה֙ אֶת־שֶׁ֣בֶר עַמּ֔וֹ וּמַ֥חַץ מַכָּת֖וֹ יִרְפָּֽא׃ ס
27 ၂၇ ကြည့်ရှု လော့။ ထာဝရဘုရား ၏ နာမ တော်သည် ဝေး သောအရပ်မှ လာ ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာ တော်သည် မီးရှို့သကဲ့သို့ဖြစ်လေ၏။
הִנֵּ֤ה שֵׁם־יְהוָה֙ בָּ֣א מִמֶּרְחָ֔ק בֹּעֵ֣ר אַפּ֔וֹ וְכֹ֖בֶד מַשָּׂאָ֑ה שְׂפָתָיו֙ מָ֣לְאוּ זַ֔עַם וּלְשׁוֹנ֖וֹ כְּאֵ֥שׁ אֹכָֽלֶת׃
28 ၂၈ ထွက် သက်တော်သည်လည်း၊ လူမျိုး တို့ကို ရှင်းရှင်းဖျက်ဆီး ခြင်းငှါ ၊ လွှမ်းမိုး သောရေ ကဲ့သို့ လည်ပင်း ကို မှီ လိမ့်မည်။ လမ်း လွဲစေသောဇက် ကို သူ တို့ပစပ် ၌ ခွံ့တော်မူလိမ့်မည်။
וְרוּח֞וֹ כְּנַ֤חַל שׁוֹטֵף֙ עַד־צַוָּ֣אר יֶֽחֱצֶ֔ה לַהֲנָפָ֥ה גוֹיִ֖ם בְּנָ֣פַת שָׁ֑וְא וְרֶ֣סֶן מַתְעֶ֔ה עַ֖ל לְחָיֵ֥י עַמִּֽים׃
29 ၂၉ သင်တို့သည် ပွဲခံ သောနေ့ ညဉ့် တွင် ပြုသကဲ့သို့ သီချင်း ဆိုရကြလိမ့်မည်။ ဣသရေလ အမျိုး၏ ကျောက် ၊ ထာဝရဘုရား ၏ တောင် တော်သို့ ပုလွေ မှုတ်လျက် သွား သကဲ့သို့ ဝမ်းမြောက် ရကြလိမ့်မည်။
הַשִּׁיר֙ יִֽהְיֶ֣ה לָכֶ֔ם כְּלֵ֖יל הִתְקַדֶּשׁ־חָ֑ג וְשִׂמְחַ֣ת לֵבָ֗ב כַּֽהוֹלֵךְ֙ בֶּֽחָלִ֔יל לָב֥וֹא בְהַר־יְהוָ֖ה אֶל־צ֥וּר יִשְׂרָאֵֽל׃
30 ၃၀ ထာဝရဘုရား သည်လည်း ဘုန်းကြီး သောအသံ တော်ကို လွှတ် တော်မူလိမ့်မည်။ လက်ရုံး တော် သက်ရောက် ခြင်း၊ ပြင်းစွာအမျက် ထွက်ခြင်း၊ မီးလျှံ လောင် ခြင်း၊ မိုဃ်းသီး ပါလျက်၊ မိုဃ်းသက် မုန်တိုင်း များတို့ကို ပြ တော်မူလိမ့်မည်။
וְהִשְׁמִ֨יעַ יְהוָ֜ה אֶת־ה֣וֹד קוֹל֗וֹ וְנַ֤חַת זְרוֹעוֹ֙ יַרְאֶ֔ה בְּזַ֣עַף אַ֔ף וְלַ֖הַב אֵ֣שׁ אוֹכֵלָ֑ה נֶ֥פֶץ וָזֶ֖רֶם וְאֶ֥בֶן בָּרָֽד׃
31 ၃၁ သို့ ဖြစ်၍၊ အာရှုရိ လူသည် ထာဝရဘုရား ၏ အသံ တော်အားဖြင့် လှဲ ချခြင်း၊ လှံတံ တော်အားဖြင့် ဒဏ်ခတ် ခြင်းကိုခံရလိမ့်မည်။
כִּֽי־מִקּ֥וֹל יְהוָ֖ה יֵחַ֣ת אַשּׁ֑וּר בַּשֵּׁ֖בֶט יַכֶּֽה׃
32 ၃၂ ထာဝရဘုရား စီရင် ၍၊ သူ ၏အပေါ် မှာ လေးစွာ ချ ထားတော်မူသော လှံတံ သည် ရှောက် သွားရာရာ ၌ စောင်း ၊ ပတ်သာ တီးခြင်းနှင့်တကွ ဖြစ် လိမ့်မည်။ သူ့ ကို ပြင်းစွာစစ် တိုက် တော်မူလိမ့်မည်။
וְהָיָ֗ה כֹּ֤ל מַֽעֲבַר֙ מַטֵּ֣ה מֽוּסָדָ֔ה אֲשֶׁ֨ר יָנִ֤יחַ יְהוָה֙ עָלָ֔יו בְּתֻפִּ֖ים וּבְכִנֹּר֑וֹת וּבְמִלְחֲמ֥וֹת תְּנוּפָ֖ה נִלְחַם־בָּֽם׃
33 ၃၃ အကြောင်း မူကား၊ တောဖက် အရပ်သည် ရှေး ကာလ၌ စီရင် လျက်ရှိ၏။ အကယ်စင်စစ်ရှင်ဘုရင် အဘို့ ပြင်ဆင် လျက်ရှိ၏။ နက်နဲ ကျယ်ဝန်း စေခြင်းငှါဖန်ဆင်းတော်မူပြီ။ မီး ရှို့ဘို့ ထင်း ပုံကြီးလည်း ရှိ၏။ ထာဝရဘုရား ၏ ထွက် သက်တော်သည် အရည် ကျိုသောကန့် ကဲ့သို့၊ ထို ထင်းပုံ ကို မီးရှို့ ရလိမ့်မည်။
כִּֽי־עָר֤וּךְ מֵֽאֶתְמוּל֙ תָּפְתֶּ֔ה גַּם־הִ֛יא לַמֶּ֥לֶךְ הוּכָ֖ן הֶעְמִ֣יק הִרְחִ֑ב מְדֻרָתָ֗הּ אֵ֤שׁ וְעֵצִים֙ הַרְבֵּ֔ה נִשְׁמַ֤ת יְהוָה֙ כְּנַ֣חַל גָּפְרִ֔ית בֹּעֲרָ֖ה בָּֽהּ׃ ס

< ဟေရှာယ 30 >