< ဟေရှာယ 30 >
1 ၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပုန်ကန် သော အမျိုးသား တို့သည် အမင်္ဂလာ ရှိကြ၏။ သူတို့သည် ငါ့ ကို အမှီမ ပြုဘဲ အချင်းချင်းတိုင်ပင် ကြ၏။ ငါ့ ဝိညာဉ် အခွင့်မ ရှိဘဲ မိဿဟာယ ဖွဲ့၍ အထပ်ထပ် အပြစ် ရောက် ကြ၏။
Woe to the rebellious children, saith Jehovah, Who form plans, and not from me, And make covenants without my spirit, That they may add sin to sin!
2 ၂ ဖာရော ဘုရင်၏ ဘုန်း ကိုအမှီပြု၍၊ အဲဂုတ္တု အရိပ် ကို ခိုလှုံ ခြင်းငှါ ၊ ငါ့ နှုတ် ထွက်ကို အခွင့် မ ပန်ဘဲ၊ အဲဂုတ္တု ပြည်သို့ ရောက် အောင် သွား ကြ၏။
Who go down into Egypt, Without inquiring at my mouth, To seek refuge in Pharaoh's protection, And to trust in the shadow of Egypt!
3 ၃ သို့ဖြစ်၍သင် တို့သည် ဖာရော ဘုရင်၏ ဘုန်း ကို အမှီပြုသောကြောင့် ရှက်ကြောက် ကြလိမ့်မည်။ အဲဂုတ္တု အရိပ် ကို ခိုလှုံ သောကြောင့် မျက်နှာ ပျက်ကြလိမ့်မည်။
The protection of Pharaoh shall be your shame; Your trust in the shadow of Egypt your confusion.
4 ၄ သူ တို့မင်း တို့သည် ဇောန မြို့၌ ရှိ ကြပြီ။ သံတမန် တို့သည် ဟာနက် မြို့သို့ ရောက် ကြပြီ။
For their princes are at Zoan, Their ambassadors have arrived at Hanes.
5 ၅ အသုံး မ ဝင်၊ အကူအညီ မ ပေး၊ ကျေးဇူး မ ပြုနိုင် ဘဲ ရှက် ကြောက်ခြင်း၊ အသရေ ပျက်ခြင်း အကြောင်းသာ ဖြစ်သော လူမျိုး ကို သူတို့ရှိသမျှ သည် ရှက် ကြောက်ကြ၏။
But they are all ashamed of a people that do not profit them; That are no help and no profit, But only a shame and a reproach.
6 ၆ ခြင်္သေ့ မ၊ ခြင်္သေ့ ပျို၊ မြွေဆိုး ၊ ပျံ တတ်သော မီး မြွေ များသဖြင့်၊ အလွန်ခဲယဉ်း ၍ ဆင်းရဲ သောပြည် ကို ရှောက် လျက်၊ တောင် မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ် မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့။ မြည်း ပခုံး ပေါ်မှာ ဥစ္စာ ပစ္စည်းများကို၎င်း ၊ ကုလားအုပ် ၏ ဘို့ ပေါ် မှာ ဘဏ္ဍာ များကို၎င်း တင် ၍၊ ကျေးဇူး မ ပြုနိုင်သော လူမျိုး ထံသို့ ဆောင်သွားကြသည်တကား။
The loaded beasts go southward. Through a land of anguish and distress, Whence come forth the lioness, and the fierce lion, The viper, and the flying fiery serpent; On the shoulders of young asses they carry their wealth, And on the bunches of camels their treasures, To a people that will not profit them!
7 ၇ အဲဂုတ္တု ပြည်သည် အချည်းနှီး သက်သက်၊ အကျိုး မပေး နိုင်။ ထိုကြောင့်၊ မ လှုပ်ဘဲနေတတ်သောရာခပ် ဟု ငါ သမုတ် ပေ၏။
Vain and empty is the help of Egypt; Wherefore I call her, The Blusterer that sitteth still.
8 ၈ သင်သည်ယခု သွား ၍ သူ တို့ရှေ့မှာသင်ပုန်း ၌ ရေး ထားရသောအချက်၊ နောင် ကာလ အစဉ် အဆက် တည် စေခြင်းငှါ၊ စာစီ ၍ မှတ်သားရသောအချက်ဟူမူကား၊
Go now, write this on a tablet before them; Note it down upon a book, That it may remain for future times, A testimony forever!
9 ၉ ဤ လူမျိုး သည် ပုန်ကန် တတ်၏။ ဖောက်ပြန် သောအမျိုးသား ၊ ထာဝရဘုရား ၏ တရား တော်ကို နာယူ ခြင်းငှါအလို မ ရှိသော အမျိုးသား ဖြစ်ကြ၏။
For this is a rebellious people, false children; Children who will not hear the law of Jehovah;
10 ၁၀ သူတို့ကလည်း၊ ဗျာဒိတ် တော်ကို မ ခံပါနှင့် ဟု ဗျာဒိတ် ခံသောသူတို့အား ၎င်း၊ မှန် သောစကားကို ငါ တို့ အား မ ဟော ပါနှင့်။ ချော့မော့ သောစကားကို ပြောကြပါ။ လှည့်စား သောစကား ကို ဟော ကြပါ။
Who say to the seers, “See not!” And to the prophets, “Prophesy not right things; Speak to us smooth things, Prophesy falsehood!
11 ၁၁ လမ်း လွှဲ ကြပါ။ မှန်သောလမ်း ကို ရှောင် ကြပါ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ငါ တို့ရှေ့ မှာ ကွယ် ထားကြပါဟု ပရောဖက် တို့အား ၎င်း ဆို တတ်ကြ၏။
Turn aside from the way, Depart from the path, Remove from our sight the Holy One of Israel!”
12 ၁၂ သို့ဖြစ်၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် နှုတ်ကပတ် တော်ကို ပယ် ၍ ၊ လိမ် ကောက် ယိုယွင်းခြင်းကို သာ မှီဝဲ ခိုလှုံ သောကြောင့်၊
Wherefore thus saith the Holy One of Israel: Since ye despise this word, And trust in oppression and perverseness, And lean thereon,
13 ၁၃ သင် တို့အပြစ် သည် ပြို ကျ လုသော အုတ်ရိုးပျက် ကဲ့သို့ ၎င်း၊ မြင့် သောအုတ်ထရံ ၌ မညီမညွတ်ထွက်ဝင်သ ကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ထို ထရံ သည် အလျင် တဆောချက်ခြင်း ပြိုပျက် တတ်၏။
Therefore shall this iniquity be to you Like a breach ready to give way, That swelleth out in a high wall, Whose fall cometh suddenly, in an instant.
14 ၁၄ မြေအိုး ကွဲ သကဲ့သို့ ကွဲ ရလိမ့်မည်။ ကွဲရာတွင် လည်း မီးဖို ထဲက မီးခဲ ခံ စရာဘို့ ၊ ရေကန် ထဲက ရေ ခပ် စရာ ဘို့ အိုးခြမ်း တခုမျှ မ ရှိ စေခြင်းငှါ၊ နှမြော ခြင်း မ ရှိဘဲ ခွဲ ခြင်း ကိုခံ ရလိမ့်မည်။
It is broken like a potter's vessel, Which is dashed in pieces and not spared, So that among its fragments not a sherd is found to take up fire from the hearth, Or to dip water from the cistern.
15 ၁၅ ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ သည် ပြောင်းလဲ ၍ ငြိမ်ဝပ် စွာ နေလျှင်၊ ကယ်တင် ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ် စွာနေခြင်း၊ ယုံကြည် ခြင်း အားဖြင့် ခွန်အား အစွမ်းကို ရ ကြလိမ့်မည်။ သင် တို့သည် ထိုသို့သော အလို မ ရှိကြ။
For thus said the Lord Jehovah, the Holy One of Israel: By a return and by rest shall ye be saved; In quietness and confidence is your strength;
16 ၁၆ ငါတို့သည် ထိုသို့မ နေ၊ မြင်း စီး ၍ ပြေး မည်ဟု ဆို သောကြောင့် ၊ သူတပါးတို့သည် သင်တို့ကို ပြေး စေမည်။ ငါတို့သည် လျင်မြန် စွာ စီး သွားမည်ဟု ဆိုသောကြောင့် ၊ သင် တို့ကို လိုက် သောသူတို့သည် လျင်မြန် ကြ လိမ့်မည်။
But ye would not. Ye said, “No! we will bound along upon horses”; Truly ye shall bound along in flight. “We will ride upon swift coursers”; But they shall be swift that pursue you.
17 ၁၇ သင်တို့သည် တောင် ထိပ် ပေါ် မှာ စိုက်သောမှတ်တိုင် ကဲ့သို့ ၎င်း ၊ ကုန်း ပေါ်မှာထူသော အလံကဲ့သို့ ၎င်း ဖြစ် ရသည်တိုင်အောင် ၊ တ ယောက်သောသူသည် ခြိမ်း လျှင်၊ တ ထောင် သောသူတို့သည် ပြေးကြလိမ့်မည်။ ငါး ယောက်ခြိမ်း လျှင်၊ တသောင်းပြေး ကြလိမ့်မည်။
A thousand shall flee at the rebuke of one, And ten thousand at the rebuke of five, Till what remains of you shall be as a beacon on the top of a mountain, As a banner upon a hill.
18 ၁၈ သို့သော်လည်း၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြုလိုသောငှါ မြော်လင့် တော်မူမည်။ ကရုဏာ ပြု လိုသောငှါ ချီးမြှောက် ခြင်းကိုခံ တော်မူမည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် တရား သော ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို မြော်လင့် သောသူအပေါင်း တို့သည် မင်္ဂလာ ရှိကြ၏။
And yet will Jehovah wait to be gracious to you, And yet will he arise to have mercy upon you; For Jehovah is a righteous God; Happy are all they who wait for him!
19 ၁၉ ယေရုရှလင် မြို့၌ နေ သောဇိအုန် အမျိုး ၊ သင် သည် အစဉ်ငိုကြွေး ရမည် မဟုတ်။ သင် အော်ဟစ် သံ ကို နားထောင်၍ ကယ်မ သနားတော်မူလိမ့်မည်။ ထိုအသံကို ကြား သောအခါ ထူး တော်မူလိမ့်မည်။
For, O people of Zion, that dwellest in Jerusalem, Thou shalt not always weep! He will be very gracious to thee at the voice of thy cry; No sooner shall he hear it, than he will answer thee.
20 ၂၀ ထာဝရဘုရား သည် သင့် အား ဒုက္ခ မုန့် ကို ကျွေး ၍ ၊ ဆင်းရဲ ခြင်းရေ ကို တိုက်တော်မူသော်လည်း ၊ သင် ၏ ဆရာ တို့သည် နောက် တဖန် ပုန်းရှောင် ၍ မ နေရကြ။ ကိုယ် မျက်စိ နှင့် ကိုယ် ဆရာ တို့ကို မြင် ရလိမ့်မည်။
Though Jehovah hath given thee the bread of distress, and the water of affliction, Yet shall thy teachers be hidden from thee no more; But thine eyes shall see thy teachers.
21 ၂၁ သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤ လမ်း ၌သွား လော့ဟု သင့် နောက် ၌ ပြောသောစကား သံကို ကိုယ် နား နှင့် ကြား ရလိမ့်မည်။
And thine ears shall hear a voice behind thee, Saying, “This is the way, walk ye in it!” When ye turn aside to the right hand, or to the left.
22 ၂၂ ထုလုပ်သောငွေ ရုပ်တု တန်ဆာ နှင့် သွန်းသော ရွှေ ရုပ်တု တန်ဆာ များကို မရို မသေပြု၍၊ ညစ်ညူးသော အဝတ် ကဲ့သို့ ပစ် ပယ်လျက်၊ သွား တော့ဟု ဆို ရလိမ့်မည်။
Ye shall treat as defiled the silver coverings of your graven images, And the golden clothing of your molten images, Ye shall cast them away as an unclean thing; Away! shall ye say to them.
23 ၂၃ သင် သည် လယ် ၌ကြဲ သော မျိုးစေ့ ဘို့ မိုဃ်း ကို ရွာ စေတော်မူလိမ့်မည်။ မြေ အသီး အနှံမှ ဖြစ်သော မုန့် ကို အလွန်ကြွယ်ဝ စွာ ပေး သနားတော်မူလိမ့်မည်။ ထိုအခါ သင် ၏သိုး နွားတို့သည် ကျယ် သော အရပ် ၌ ကျက်စား ရကြ လိမ့်မည်။
Then will he give rain for thy seed, With which thou shalt sow the ground, And the bread-corn, the produce of the land, shall be rich and nourishing; Then shall thy cattle feed in large pastures.
24 ၂၄ စံကော နှင့် ဆန်ခါ ဖြင့် သန့်ရှင်း စေ၍၊ ကောင်းမွန် စွာ ရောနှော သောစပါးကိုသာ မြေ ၌လုပ် သောနွား နှင့် မြည်း တို့သည်လည်း စား ရကြလိမ့်မည်။
The oxen also, and the young asses, that till the ground, Shall eat well-seasoned provender, Which hath been winnowed with the shovel and the fan.
25 ၂၅ များ စွာသော လူတို့ကိုသတ် ၍၊ ရဲတိုက် တို့သည် ပြိုလဲ သောအခါ ၊ မြင့် သောတောင် ရှိသမျှ နှင့် ထင်ရှား သော ကုန်း ရှိသမျှ တို့အပေါ် မှာ ရေ စီး ရာမြစ် နှင့် ချောင်း များရှိ ကြလိမ့်မည်။
And on every lofty mountain, And on every high hill, Shall be brooks and streams of water, In the day of the great slaughter, When the towers fall.
26 ၂၆ ထာဝရဘုရား သည် မိမိ လူ တို့၏ ကျိုး ပျက်ရာကို ပြုပြင် ၍၊ သူ တို့ခံရသောဒဏ်ချက် ရာကို ပျောက် စေတော်မူသောအခါ၊ လ ၏အလင်း သည် နေ ၏အလင်း ကဲ့သို့ ဖြစ် ၍ ၊ နေ ၏အလင်း သည်လည်း ပကတိ ထက် ခုနစ် ဆလင်း လိမ့်မည်။
Then shall the light of the moon be as the light of the sun, And the light of the sun shall be sevenfold, [[As the light of seven days, ]] When Jehovah bindeth up the bruises of his people, And healeth the wound which they have received.
27 ၂၇ ကြည့်ရှု လော့။ ထာဝရဘုရား ၏ နာမ တော်သည် ဝေး သောအရပ်မှ လာ ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာ တော်သည် မီးရှို့သကဲ့သို့ဖြစ်လေ၏။
Behold, the name of Jehovah cometh from afar, His anger burneth, and violent is the flame, His lips are full of indignation, And his tongue like a devouring fire.
28 ၂၈ ထွက် သက်တော်သည်လည်း၊ လူမျိုး တို့ကို ရှင်းရှင်းဖျက်ဆီး ခြင်းငှါ ၊ လွှမ်းမိုး သောရေ ကဲ့သို့ လည်ပင်း ကို မှီ လိမ့်မည်။ လမ်း လွဲစေသောဇက် ကို သူ တို့ပစပ် ၌ ခွံ့တော်မူလိမ့်မည်။
His breath is like an overflowing torrent, That reacheth even to the neck; He will toss the nation with the winnowing-fan of destruction; He will put a bridle upon the jaws of the people, that shall lead them astray.
29 ၂၉ သင်တို့သည် ပွဲခံ သောနေ့ ညဉ့် တွင် ပြုသကဲ့သို့ သီချင်း ဆိုရကြလိမ့်မည်။ ဣသရေလ အမျိုး၏ ကျောက် ၊ ထာဝရဘုရား ၏ တောင် တော်သို့ ပုလွေ မှုတ်လျက် သွား သကဲ့သို့ ဝမ်းမြောက် ရကြလိမ့်မည်။
But ye shall then sing as in the night of a solemn festival; Your heart shall be glad, like his who marcheth with the sound of the pipe To the mountain of Jehovah, to the rock of Israel.
30 ၃၀ ထာဝရဘုရား သည်လည်း ဘုန်းကြီး သောအသံ တော်ကို လွှတ် တော်မူလိမ့်မည်။ လက်ရုံး တော် သက်ရောက် ခြင်း၊ ပြင်းစွာအမျက် ထွက်ခြင်း၊ မီးလျှံ လောင် ခြင်း၊ မိုဃ်းသီး ပါလျက်၊ မိုဃ်းသက် မုန်တိုင်း များတို့ကို ပြ တော်မူလိမ့်မည်။
Jehovah will cause his glorious voice to be heard, And the blow of his arm to be seen, With furious anger, and flames of devouring fire; With flood, and storm, and hailstones.
31 ၃၁ သို့ ဖြစ်၍၊ အာရှုရိ လူသည် ထာဝရဘုရား ၏ အသံ တော်အားဖြင့် လှဲ ချခြင်း၊ လှံတံ တော်အားဖြင့် ဒဏ်ခတ် ခြင်းကိုခံရလိမ့်မည်။
For by the voice of Jehovah shall the Assyrian be beaten down; He will smite him with the rod.
32 ၃၂ ထာဝရဘုရား စီရင် ၍၊ သူ ၏အပေါ် မှာ လေးစွာ ချ ထားတော်မူသော လှံတံ သည် ရှောက် သွားရာရာ ၌ စောင်း ၊ ပတ်သာ တီးခြင်းနှင့်တကွ ဖြစ် လိမ့်မည်။ သူ့ ကို ပြင်းစွာစစ် တိုက် တော်မူလိမ့်မည်။
And as often as the appointed rod shall strike, Which Jehovah shall lay heavily upon him, It shall be accompanied with tabrets and harps; And with fierce battles will he fight against him.
33 ၃၃ အကြောင်း မူကား၊ တောဖက် အရပ်သည် ရှေး ကာလ၌ စီရင် လျက်ရှိ၏။ အကယ်စင်စစ်ရှင်ဘုရင် အဘို့ ပြင်ဆင် လျက်ရှိ၏။ နက်နဲ ကျယ်ဝန်း စေခြင်းငှါဖန်ဆင်းတော်မူပြီ။ မီး ရှို့ဘို့ ထင်း ပုံကြီးလည်း ရှိ၏။ ထာဝရဘုရား ၏ ထွက် သက်တော်သည် အရည် ကျိုသောကန့် ကဲ့သို့၊ ထို ထင်းပုံ ကို မီးရှို့ ရလိမ့်မည်။
For long hath the burning place been prepared; Yea, for the king hath it been made ready; The pile is made deep and broad; There is fire and wood in abundance; The breath of Jehovah, like a stream of brimstone, kindle it.