< ဟေရှာယ 29 >
1 ၁ အရေလ မြို့၊ ဒါဝိဒ် မင်းနေ သောအရေလ မြို့ သည် အမင်္ဂလာ ရှိ၏။ တနှစ် ပေါ် မှာ တနှစ် ထပ်ကြလော့။ ပွဲ တို့ကို အလှည့် လှည့်ခံကြလော့။
Ho! Ariel, Ariel, the town against which David made war; put year to year, let the feasts come round:
2 ၂ သို့ရာတွင်၊ အရေလ မြို့ကို ငါဆင်းရဲ စေ၍ ၊ ထိုမြို့ သည် ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းရှိ သော်လည်း ၊ အရေလ မြို့ကဲ့သို့ ငါ့ ရှေ့ မှာ ဖြစ် ရလိမ့်မည်။
And I will send trouble on Ariel, and there will be weeping and cries of grief; and she will be to me as Ariel.
3 ၃ ငါသည် သင့် ပတ်ဝန်းကျင် ၌ တပ်ချ မည်။ မြေရိုး နှင့် ဝိုင်း ထား၍ ၊ မြေကတုပ် များကိုလည်း တူး လုပ်မည်။
And I will make war on you like David, and you will be shut in by earthworks, and I will make towers round you.
4 ၄ သင်သည် နှိမ့်ချ ခြင်းကိုခံ ၍ မြေ ထဲ က ပြော ရ လိမ့်မည်။ မြေမှုန့် ထဲ က ငယ်သောအသံ နှင့် မြွက် ရ လိမ့်မည်။ သင် ပြောသောအသံ သည် နတ် ဝင်သူပြောသံကဲ့သို့ မြေ ထဲက ထွက် ၍ ၊ သင် သည် မြေ မှုန့်ထဲက အသံ သေးနှင့် တိုးတိုးမြွက် ဆိုရလိမ့်မည်။
And you will be made low, and your voice will come out of the earth, and your words will be low out of the dust; and your voice will come out of the earth like that of a spirit, making bird-like noises out of the dust.
5 ၅ သို့ရာတွင် ၊ သင် ၏ ရန်သူ အလုံး အရင်းသည် အဏုမြူ ကဲ့သို့ ၎င်း ၊ ကြောက်မက် ဘွယ်သောသူ အလုံး အရင်း သည် လွင့် သွားသော ဖွဲ ကဲ့သို့ ၎င်း ဖြစ် ၍၊ အလျင် တဆောချက်ခြင်း အမှုရောက် လိမ့်မည်။
And the army of your attackers will be like small dust, and all the cruel ones like dry stems gone before the wind; suddenly it will come about.
6 ၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ မိုဃ်းချုန်း ခြင်း၊ မြေ လှုပ်ခြင်း၊ အသံ ဗလံမြည်ခြင်းနှင့် တကွ မိုဃ်းသက်မုန်တိုင်း ၊ လောင် တတ်သော မီးလျှံ အားဖြင့်အပြစ် ပေးတော်မူမည်။
The Lord of armies will come in with thunder and earth-shaking and great noise, with rushing wind and storm, and the flame of burning fire.
7 ၇ အပြည်ပြည် ကလာ၍၊ အရေလ မြို့ကို စစ်တိုက် သော အလုံး အရင်း၊ အရေလ မြို့နှင့် ရဲတိုက် ကိုတိုက် ၍ ညှဉ်းဆဲ သော သူအပေါင်း တို့သည်၊ အိပ်မက် တည်းဟူသော ညဉ့် ရူပါရုံ ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
And all the nations making war on Ariel, and all those who are fighting against her and shutting her in with their towers, will be like a dream, like a vision of the night.
8 ၈ မွတ်သိပ် သောသူသည် အိပ်မက် တွင် စား ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ အမွတ် အသိပ်မပြေသကဲ့သို့၎င်း ၊ ရေ ငတ်သူသည် အိပ်မက်တွင် သောက် ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ နွမ်းနယ် လျက် ၊ တောင့်တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည် ကလာ၍၊ ဇိအုန် တောင် ကို စစ်တိုက် သော အလုံး အရင်းသည်ဖြစ် ရ လိမ့်မည်။
And it will be like a man desiring food, and dreaming that he is feasting; but when he is awake there is nothing in his mouth: or like a man in need of water, dreaming that he is drinking; but when he is awake he is feeble and his soul is full of desire: so will all the nations be which make war on Mount Zion.
9 ၉ ဖင့်နွှဲ ၍ မှိုင်တွေ ကြလော့။ ကာမဂုဏ်၌ ပျော်မွေ့ ၍ မွှန် လျက်နေကြလော့။ စပျစ်ရည် ကို မ သောက်ဘဲ ယစ်မူး လျက်၊ သေရည် သေရက်ကို မ သောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ၏။
Be surprised and full of wonder; let your eyes be covered and be blind: be overcome, but not with wine; go with uncertain steps, but not because of strong drink.
10 ၁၀ အကြောင်း မူကား၊ ထာဝရဘုရား သည် အိပ် ချင် သောသဘော ကို သင် တို့၌ သွင်း သဖြင့် ၊ သင် တို့မျက်စိ ကို ပိတ် ၍၊ သင် တို့၏ ပရောဖက် များ၊ မင်း များ၊ ဗျာဒိတ် ခံသူများ တို့ကို ဖုံးလွှမ်း တော်မူပြီ။
For the Lord has sent on you a spirit of deep sleep; and by him your eyes, the prophets, are shut, and your heads, the seers, are covered.
11 ၁၁ ဗျာဒိတ် တော်ရှိသမျှ သည် တံဆိပ် ခတ်သောစာ ကဲ့သို့ သင် တို့၌ ဖြစ် ၏။ ထို စာသည် စာ တတ်သောသူအား ပေး ၍၊ ဤ စာ ကို ဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ဤစာ ကို ငါမ ဘတ်နိုင်။။ တံဆိပ် ခတ်လျက်ရှိ၏ဟု ပြန်ပြော တတ် ၏။
And the vision of all this has become to you like the words of a book which is shut, which men give to one who has knowledge of writing, saying, Make clear to us what is in the book: and he says, I am not able to, for the book is shut:
12 ၁၂ ထိုစာကို စာ မ တတ် သောသူ အား ပေး ၍၊ ဤ စာ ကိုဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ငါသည် စာ မ တတ် ဟုပြန်ပြော တတ်၏။
And they give it to one without learning, saying, Make clear to us what is in the book: and he says, I have no knowledge of writing.
13 ၁၃ ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် နှုတ် နှင့် ငါ့ထံသို့ချဉ်းကပ် ၍ ၊ နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံး မူကား ငါ နှင့် ဝေး လှ၏။ လူ တို့စီရင် သော ပညတ် တို့ ကို အမှီပြု၍ ငါ့ ကိုကြောက်ရွံ့ ကြ၏။
And the Lord said, because this people come near to me with their mouths, and give honour to me with their lips, but their heart is far from me, and their fear of me is false, a rule given them by the teaching of men;
14 ၁၄ ထိုကြောင့်၊ အံ့ဩ ကြောက်မက်ဘွယ်သောအမှု ကို ဤ လူမျိုး တွင် တဖန် ငါ ပြုဦးမည်။ သူ တို့တွင် ပညာရှိ တို့၏ ပညာ သည် ပျက်စီး လိမ့်မည်။ ဉာဏ် ကောင်းသောသူတို့ ၏ ဉာဏ် လည်း ကွယ် ပျောက်လိမ့်မည်ဟု မိန့် တော်မူ ၏။
For this cause I will again do a strange thing among this people, a thing to be wondered at: and the wisdom of their wise men will come to nothing, and the sense of their guides will no longer be seen.
15 ၁၅ ထာဝရဘုရား မသိစေခြင်းငှါ ၊ နက်နဲ သောအကြံ ကို ကြံ ၍ ၊ မှောင်မိုက် ထဲမှာ အမှုကိုပြု လျက်၊ ငါ တို့ကို အဘယ်သူ မြင် သနည်း။ ငါ တို့ကို အဘယ်သူ သိ သနည်းဟု ပြော ဆိုတတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
Cursed are those who go deep to keep their designs secret from the Lord, and whose works are in the dark, and who say, Who sees us? and who has knowledge of our acts?
16 ၁၆ သင် တို့သည် ဖောက်ပြန် ကြသည်တကား။ အိုးထိန်း သမားကို၊ အိုး မြေကဲ့သို့ မှတ် ရမည်လော။ လုပ် အပ် သောအရာသည် လုပ် တတ်သောသူကို ရည်မှတ်၍၊ ဤသူ သည် ငါ့ ကိုမ လုပ် ဟု ဆို ရမည်လော။ ဖန်ဆင်း အပ်သော အရာသည် ဖန်ဆင်း တတ်သောသူကို ရည်မှတ်၍၊ ဤသူ ၌ ပညာ အတတ်မ ရှိဟု ဆို ရမည်လော။
You are turning things upside down! Is the wet earth the same to you as the one who is forming it? will the thing made say of him who made it, He made me not: or the thing formed say of him who gave it form, He has no knowledge?
17 ၁၇ လေဗနုန် တောင်သည် ဝပြော သောလယ်ပြင်ကဲ့သို့ ၎င်း၊ ဝပြော သောလယ်ပြင်သည် တော ကဲ့သို့ ၎င်း ဖြစ် ရ သောအချိန်နီး ပြီ မ ဟုတ်လော။
In a very short time Lebanon will become a fertile field, and the fertile field will seem like a wood.
18 ၁၈ ထို ကာလ ၌ နားပင်း သောသူတို့သည် ကျမ်း စကား ကို ကြား ကြ လိမ့်မည်။ မျက်စိ ကန်းသောသူတို့သည် မြှေးရှက် ခြင်း၊ မှောင်မိုက် ခြင်းနှင့် ကင်းလွတ်၍ မြင် ကြ လိမ့်မည်။
And in that day those whose ears are stopped will be hearing the words of the book; and the eyes of the blind will see through the mist and the dark.
19 ၁၉ စိတ်နှိမ့်ချ သောသူတို့ သည် ထာဝရဘုရား ကို အမှီပြု ၍၊ ဝမ်းမြောက် ခြင်း တိုး ပွါးကြလိမ့်မည်။ လူ တို့တွင် ဆင်းရဲ သောသူတို့သည် ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု ၍ ရွှင်လန်း ကြလိမ့်မည်။
And the poor will have their joy in the Lord increased, and those in need will be glad in the Holy One of Israel.
20 ၂၀ အကြောင်း မူကား၊ ကြောက်မက် ဘွယ်သောသူသည် ဆုံးရှုံး ရ၏။ ဆဲရေး သောသူသည် ပျောက် ကုန်ရ၏။ သူ့အပြစ် ကို ချောင်းမြောင်း သောသူ၊
For the cruel one has come to nothing; and those who make sport of the Lord are gone; and those who are watching to do evil are cut off:
21 ၂၁ တရား တွေ့ ၍ ဆင်းရဲ သားကို အပြစ် ရောက်စေ သောသူ၊ မြို့တံခါး ဝမှာ အမှုသည်ကို ကျော့ မိစေခြင်းငှါပြုသောသူ၊ အပြစ် မရှိသောသူကို မတရား သဖြင့် ရှုံး စေ သောသူ အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းရ၏။
Who give help to a man in a wrong cause, and who put a net for the feet of him who gives decisions in the public place, taking away a man's right without cause.
22 ၂၂ သို့ ဖြစ်၍အာဗြဟံ အမျိုးကို ရွေးနှုတ် တော်မူသော ထာဝရဘုရား သည်၊ ယာကုပ် အမျိုး ကိုရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ယာကုပ် အမျိုးသည် နောက်တဖန် ရှက် ကြောက်ခြင်း၊ မျက်နှာ ပျက် ခြင်း မ ရှိရ။
For this reason the Lord, the saviour of Abraham, says about the family of Jacob, Jacob will not now be put to shame, or his face be clouded with fear.
23 ၂၃ ထိုအမျိုးသား တို့သည် ငါ စီရင် သောအမှု ကိုမြင် လျှင် ၊ ငါ့ နာမ ကို မိမိ တို့တွင် ရိုသေ ကြလိမ့်မည်။ ယာကုပ် အမျိုး ၏ သန့်ရှင်း သောဘုရားကို ရိုသေ ၍ ၊ ဣသရေလ အမျိုး ၏ ဘုရား သခင်ကို ကြောက်ရွံ့ ကြလိမ့်မည်။
But when they, the children of Jacob, see the work of my hands among them, they will give honour to my name; yes, they will give honour to the Holy One of Jacob, and go in fear of the God of Israel.
24 ၂၄ စိတ် သဘောဖောက်ပြန် သောသူတို့သည် ပညာ သတိ ကို ရကြ၍၊ ဆန့်ကျင် ဘက်ပြုသော သူတို့ သည်လည်း ၊ ဆုံးမ ဩဝါဒစကားကို နာယူ ကြလိမ့်မည်။
Those whose hearts were turned away from him will get knowledge, and those who made an outcry against him will give attention to his teaching.