< ဟေရှာယ 28 >
1 ၁ စပျစ် ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ်ဝ သော ချိုင့် ဦး တွင် ၊ ဧဖရိမ် အမျိုး သေ သောက်ကြူးတို့၏ မာန သရဖူ နှင့်၊ သူ တို့၌ ညှိုးနွမ်း တတ်သော ဘုန်း အသရေ၏ ပန်း ပွင့်သည် အမင်္ဂလာ ရှိ၏။
Wehe der stolzen Krone der Trunkenbolde Ephraims, der welken Blume seines herrlichen Schmucks oben über dem fetten Tal der vom Wein Überwältigten!
2 ၂ ထာဝရ ဘုရား၌ ခွန်အား တန်ခိုးကြီး သောသူသည်၊ မိုဃ်းသီး ပါလျက် ဖျက်ဆီး သော မိုဃ်း သက်မုန်တိုင်း ကဲ့သို့ ၎င်း၊ ပြင်း စွာထ၍ လွှမ်းမိုး သော ရေကြီးကဲ့သို့၎င်း၊ မြေ တိုင်အောင် ပြင်းစွာချ ပစ်လိမ့်မည်။
Siehe, ein Starker und Gewaltiger vom Herrn [kommt] wie ein Hagelwetter, wie ein verderblicher Sturm, wie ein Wolkenbruch mit mächtiger Wasserflut; er wirft sie zu Boden mit Macht.
3 ၃ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။
Mit Füßen wird zertreten die stolze Krone der Trunkenbolde Ephraims.
4 ၄ ကြွယ်ဝ သော ချိုင့် ဦး တွင် ၊ သူ တို့၌ ညှိုးနွမ်း တတ် သော ဘုန်း အသရေ ၏ ပန်း ပွင့်သည်၊ နွေ ကာလ မ စေ့မှီ အလျင် သီးသောအသီး ကဲ့သို့ ဖြစ် လိမ့်မည်။ ထိုအသီးကို မြင် သောသူသည် မြင် လျက်၊ လက်နှင့် ကိုင် လျက် ပင်စား တတ်၏။
Der welken Blume seines herrlichen Schmucks oben über einem fetten Tale wird es ergehen wie einer Frühfeige vor der Ernte, die, wer sie sieht, alsbald verschlingt, wenn er sie kaum in die Hand genommen hat.
5 ၅ ထို ကာလ ၌ လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ကျန် ကြွင်းသော မိမိ လူ တို့၌ ဘုန်း ရှိ သောသရဖူ ၊ အသရေ တင့်တယ်သော ဦးရစ် ဖြစ် တော်မူလိမ့်မည်။
Zu jener Zeit wird der HERR der Heerscharen eine zierliche Krone und ein herrlicher Kranz sein dem Überrest seines Volkes,
6 ၆ တရား မှုကို စီရင်သောသူ တို့အား တရား စီရင်သော ဉာဏ် ကို၎င်း၊ ရန်သူမျိုး တံခါး တိုင်အောင်စစ်မှု ကို လှန် သောသူတို့အား၊ ခွန်အား ဗလကို၎င်း ပေးတော်မူလိမ့်မည်။
denen, welche zu Gerichte sitzen, ein Geist des Rechts, und denen, welche den Angriff vom Tore abschlagen, eine Stärke.
7 ၇ သို့ သော်လည်း၊ ထို သူတို့သည် စပျစ်ရည် ကြောင့် မှားယွင်း ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့သည် သေရည် သေရက် ကြောင့် မှားယွင်း ကြပြီ။ စပျစ်ရည် နှင့် မွှန် ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ဗျာဒိတ် ခံသည် အရာ၌ မှားယွင်း လျက်၊ တရားစီရင် သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏။
Aber auch diese taumeln vom Wein und schwanken von starkem Getränk; Priester und Prophet sind von starkem Getränk berauscht, vom Wein benebelt, verleitet durch berauschende Getränke; sie sehen nicht mehr klar, urteilen unsicher.
8 ၈ သူတို့စားပွဲ ရှိသမျှ တို့သည်၊ လွတ်လပ် ရာမ ရှိ သည်တိုင်အောင်၊ အန်ဖတ် နှင့်၎င်း၊ အညစ် အကြေးနှင့်၎င်း ပြည့် လျက်ရှိကြ၏။
Ja, alle Tische sind besudelt mit unflätigem Gespei, so daß kein Platz mehr ist.
9 ၉ သူတို့က၊ အဘယ်သူ ကို ပညာ သွန်သင် ချင်သနည်း။ အဘယ်သူ ကို တရား နားလည် စေချင်သနည်း။ ငါတို့ သည် နို့ နှင့် ကွာ စရှိသောသူ၊ အမိသားမြတ် နှင့် အနိုင် ကွာ ရသောသူဖြစ်ကြသလော။
Wem soll man Erkenntnis beibringen, wem die Botschaft erläutern? Denen, die von der Milch entwöhnt, von den Brüsten abgesetzt sind?
10 ၁၀ ပညတ် တခုပေါ် မှာ တခု၊ တခုပေါ် မှာ တခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ်၊ ဟိုဘက် မှာ အနည်းငယ် ရှိပါသည် တကားဟု ဆိုကြ၏။
Weil sie sagen: «Vorschrift auf Vorschrift, Vorschrift auf Vorschrift; Satzung auf Satzung, Satzung auf Satzung, hier ein wenig, da ein wenig»,
11 ၁၁ အကယ်စင်စစ်၊ စကားမပြီသော နှုတ် ၊ ရိုင်း သောလျှာနှင့် ဤ လူမျိုး ကို မိန့် တော်မူလိမ့်မည်။
so wird auch er zu diesem Volk mit stammelnden Lippen und in fremder Sprache reden,
12 ၁၂ ဤသို့ပြုလျှင်ငြိမ်ဝပ် လိမ့်မည်။ ပင်ပန်း သောသူတို့ သည် ငြိမ်ဝပ် ကြစေ။ ဤသို့ပြုလျှင်သက်သာ လိမ့်မည်ဟု မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ကြ။
er, der zu ihnen gesagt hatte: «Das ist die Ruhe! Erquicket den Müden! Und das ist die Erholung», aber sie haben es nicht hören wollen.
13 ၁၃ ထို့ကြောင့် ၊ သူတို့သည် သွား ရာတွင်၊ လှန် ဆုတ် ၍ ကျိုး ပဲ့ကျော့မိ ဘမ်းဆီး ခြင်းသို့ ရောက်မည်အကြောင်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူတို့၌ ပညတ် တခုပေါ် မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ် ၊ ဟို ဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
Und so soll auch ihnen das Wort des HERRN werden: «Vorschrift auf Vorschrift, Vorschrift auf Vorschrift; Satzung auf Satzung, Satzung auf Satzung, hier ein wenig, da ein wenig», damit sie hingehen, rücklings fallen, zerbrochen, verstrickt und gefangen werden.
14 ၁၄ သို့ဖြစ်၍၊ ဆဲရေး တတ်သော ယေရုရှလင် မြို့ သား အကြီး အကြပ်တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ကြလော့။
Darum höret das Wort des HERRN, ihr Spötter, die ihr über dieses Volk herrscht, das zu Jerusalem ist.
15 ၁၅ သင်တို့က၊ ငါတို့သည် သေ မင်းနှင့် မိဿဟာယ ဖွဲ့ ကြပြီ။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုး သော ဘေး သည် ချင်းနင်းသောအခါ ၊ ငါ တို့ရှိရာသို့ မ ရောက်ရ။ ငါတို့သည် မုသာ ကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊ (Sheol )
Weil ihr sprecht: «Wir haben mit dem Tode einen Bund und mit dem Totenreich einen Vertrag gemacht; wenn eine überschwemmende Flut daherkommt, wird sie nicht zu uns gelangen; denn wir haben Lüge zu unserer Zuflucht gemacht und in Betrug uns geborgen»; (Sheol )
16 ၁၆ အရှင် ထာဝရ ဘုရားက၊ စုံစမ်း သော အမြစ် ကျောက် တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက် မြတ် ကို ဇိအုန် တောင်ပေါ် မှာ ငါ ချ ထား၏။ ထိုကျောက်ကို အမှီပြု သောသူသည် ပြေး ရ သောအကြောင်းမ ရှိ။
darum spricht Gott, der HERR, also: Siehe, ich lege in Zion einen Stein, einen bewährten Stein, einen köstlichen Eckstein, der wohlgegründet ist; wer traut, der flieht nicht!
17 ၁၇ တရား မှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်း ကို မျဉ်း ကြိုးနှင့် မှန်ထုပ် အားဖြင့်ငါ ပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစား ရာ မုသာ ကို ပယ်ရှား လိမ့်မည်။ ပုန်း ကွယ် ရာအရပ်ကိုလည်း ရေ လွှမ်းမိုး လိမ့်မည်။
Und ich will das Recht zur Richtschnur und die Gerechtigkeit zur Waage machen; der Hagel wird eure Lügenzuflucht wegreißen, und die Wasser sollen euren Bergungsort wegschwemmen;
18 ၁၈ သင် တို့သည် သေ မင်းနှင့် ဖွဲ့သော မိဿဟာယ ပျက် လိမ့်မည်။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင် ခြင်းသည် အထ မ မြောက်ရ။ လွှမ်းမိုး သောဘေး သည် ချင်းနင်း သောအခါ ၊ သင် တို့ကိုလည်း ကျော်နင်း လိမ့်မည်။ (Sheol )
daß euer Bund mit dem Tode abgetan werde und euer Vertrag mit dem Totenreich nicht bestehe. Wenn die überschwemmende Flut daherfährt, so wird sie über euch weggehen, (Sheol )
19 ၁၉ ချင်းနင်းစဉ်တွင်ပါ သွားလိမ့်မည်။ နံနက် အချိန် ရောက်မြဲ အစဉ်အတိုင်း၊ နေ့ ညဉ့် မပြတ် ချင်း နင်းသည် ဖြစ်၍ ၊ သိတင်း ကြား ကာမျှ အားဖြင့်ထိတ်လန့် ခြင်းအကြောင်း ရှိ လိမ့်မည်။
so oft sie einherfährt, wird sie euch packen; ja, sie wird alle Morgen daherkommen, bei Tag und bei Nacht; und es wird eitel Schrecken sein, ihre Kunde zu vernehmen!
20 ၂၀ ခုတင် သည် ကိုယ်မဆန့် လောက် အောင်တို ၏။ စောင် သည်လည်း မခြုံ လောက်အောင်ငယ် ၏။
Denn das Bett wird so eng sein, daß man sich nicht darauf ausstrecken kann, und die Decke so schmal, daß man sich nicht darein wickeln kann.
21 ၂၁ ထာဝရဘုရား သည် အမှု တော်တည်းဟူသော၊ ထူးခြား သော အမှု တော်ကို ပြု ခြင်းငှါ ၎င်း၊ အလုပ် တော် တည်းဟူသော၊ လုပ် မြဲမဟုတ်သော အလုပ် တော်ကို လက်စ သတ်ခြင်းငှါ ၎င်း၊ ပေရဇိမ် တောင် ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင် ချိုင့် ထဲမှာ ရှိသကဲ့သို့ အမျက် ထွက်တော်မူမည်။
Denn der HERR wird aufstehen wie auf dem Berge Perazim und wird zürnen wie im Tal zu Gibeon, um sein Geschäft, ja sein fremdartiges Geschäft zu verrichten, und sein Werk, ja sein unerhörtes Werk zu vollbringen.
22 ၂၂ ယခု မှာ သင်တို့သည် သာ၍ပြင်းစွာ သော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေး ခြင်း ကို မ ပြုကြနှင့်။ ပြည် တပြည်လုံး ၌ အနှံ့အပြားစီရင် ဆုံးဖြတ် သော သုတ်သင် ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား ထံ တော်၌ ငါ ကြား ရပြီ။
Und nun treibt keinen Spott, daß eure Bande nicht fester werden; denn ich habe von dem Herrn, dem HERRN der Heerscharen, gehört, daß Vertilgung und Strafgericht über das ganze Land beschlossen sei.
23 ၂၃ ငါ ပြော သံကိုကြား ၍ မှတ် ကြလော့။ ငါ့ စကား ကို စေ့စေ့နားထောင် နာယူ ကြလော့။
Vernehmt und höret meine Stimme! Merket auf und höret meine Rede!
24 ၂၄ လယ်လုပ် သောသူသည် မျိုးစေ့ကို ကြဲ ခြင်းငှါ ၊ မြေကိုဆွ လျက် ၊ မြေစိုင် ကို ချေ လျက်အစဉ် လယ်ထွန် တတ်သလော။
Pflügt der Ackersmann allezeit zur Saat? Furcht und eggt er seinen Acker immerdar?
25 ၂၅ လယ် မျက်နှာ ကို ညှိ ပြီးမှ စမုန်နက် မျိုးစေ့၊ ဇီယာ မျိုးစေ့ကို ကြဲ သည်မ ဟုတ်လော။ ဂျုံ စပါးမျိုးစေ့ကို အတန်း တန်းစိုက် ၍ ၊ မုယော စပါးနှင့် ကောက် စပါးမျိုးစေ့အသီးအသီး တို့ကို သူ တို့အရပ် ၌ ကြဲ သည်မဟုတ်လော။
Ist's nicht also: Wenn er ihn geebnet hat, so streut er Dill aus und sät Kümmel, wirft Weizen in Reihen und Gerste auf das abgesteckte Feld und Spelt an seinen Rand?
26 ၂၆ အကြောင်းမူကား၊ သူ ၏ဘုရား သခင်သည် စီရင် တတ်သော ဉာဏ် ကိုပေး တော်မူ၏။ သူ့ ကိုလည်း သွန်သင် တော်မူ၏။
Und diese Ordnung lehrte ihn sein Gott, er zeigte ihm,
27 ၂၇ စမုန် နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မ နယ် တတ်။ ဇီယာ စေ့ပေါ် ၌လည်း လှည်း ဘီး ကို မလှိမ့် တတ်။ စမုန်နက် စေ့ကို တုတ် နှင့် ၎င်း ၊ ဇီယာ စေ့ကို ကြိမ်လုံး နှင့် ၎င်း ရိုက် တတ်၏။
daß man den Dill nicht mit dem Dreschwagen drischt und das Wagenrad nicht über den Kümmel führt; sondern Dill wird mit einem Stabe ausgeklopft und Kümmel mit einer Rute.
28 ၂၈ ဂျုံ စပါးကိုကား နယ် တတ်၏။ သို့သော်လည်း၊ အစဉ် နယ် တတ်သည်မ ဟုတ်။ လှည်း ဘီး နှင့် မြင်း တို့ကို နှင် သော်လည်း ၊ စပါး ကို ညက် စေတတ်သည်မဟုတ်။
Getreide wird ausgetreten; doch nicht immerdar drischt man es aus, indem man das Wagenrad und seine Pferde darüber jagt; man zermalmt es nicht.
29 ၂၉ ထို အမှုသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံ ပေးတော်မူခြင်းသည် အံ့ဩ ဘွယ်ဖြစ်၏။ ဉာဏ် တော် သည်လည်း ထူးဆန်း ပေ၏။
Auch vom HERRN der Heerscharen geht dergleichen aus; sein Rat ist wunderbar, großartig die Ausführung!