< ဟေရှာယ 27 >
1 ၁ ထို ကာလ ၌ ထာဝရဘုရား သည် ပြေးတက် သော မြွေ လဝိသန် ကို ၎င်း၊ လိမ် သောမြွေ လဝိသန် ကို ၎င်း ခိုင်ခံ့ ကြီးမား သော ထား တော်နှင့် ဒဏ် ပေး၍ ၊ ပင်လယ် ၌ ရှိသော နဂါး ကိုလည်း သတ် တော်မူလိမ့်မည်။
In that day will Jehovah punish with his sword, His hard, and great, and strong sword, The leviathan, that fleet serpent, Even the leviathan, that winding serpent; Yea, he will slay the monster, that is in the sea.
2 ၂ ထို ကာလ ၌ စပျစ် ဥယျာဉ်ကို အကြောင်း ပြု၍၊ ဤသို့သီချင်း ဆိုကြလော့။
In that day, sing ye thus concerning the vineyard:
3 ၃ ငါ ထာဝရဘုရား သည် ဥယျာဉ်စောင့် ဖြစ်၏။ မ ခြားမလပ်ရေ လောင်းမည်။ အဘယ်သူမျှမဖျက် စေ ခြင်းငှါ ၊ နေ့ ညဉ့် မပြတ် စောင့်ရှောက် မည်။
“I, Jehovah, am its guardian; I will water it every moment; That no one may assault it, I will watch it day and night.
4 ၄ ငါ့ အမျက် ငြိမ်းပြီ။ ဆူး ပင်မျိုးကိုမူကား၊ စစ် ပွဲ၌ ငါ တွေ့ပါစေသော။ ချက်ချင်းတိုက် ၍ တပြိုင်နက် မီးရှို့ မည်။
There is no fury in me; But let me find the thorns and thistles in battle. I will go against them, And burn them up together,
5 ၅ သို့မဟုတ် ငါ ၏အစွမ်း သတ္တိကို ကိုးစား ၍၊ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေ။ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေသော။
Unless they take hold of my protection, And with me make peace, And make peace with me.”
6 ၆ နောင်ကာလ၌ ယာကုပ် သည် အမြစ် ကျလိမ့်မည်။ ဣသရေလ သည် စိမ်း လန်း၍ အဖူး အငုံ ထွက်သဖြင့် ၊ လောကီ နိုင်ငံကို အသီး နှင့် ပြည့် စေလိမ့်မည်။
In coming days shall Jacob take root, And Israel flourish and bud forth, And fill the world with fruit.
7 ၇ သူ့ ကိုညှဉ်းဆဲ သောသူတို့ကို ညှဉ်းဆဲ တော်မူသည် နည်းတူ ၊ သူ့ ကို ညှဉ်းဆဲ တော်မူသလော။ သူ့ ကိုသတ် သောသူတို့ သည် အသေသတ် ခြင်းကိုခံ ရကြသည်နည်းတူ ၊ သူသည် အသေသတ် ခြင်းကိုခံရသလော။
Did he smite Israel, as he smote those that smote him? Was he slain as those that slew him?
8 ၈ သူ့ ကို စွန့်ပစ် ၍ အတော်အတန် ဆုံးမ တော်မူ၏။ အရှေ့ လေလာသောအခါ၊ ပြင်းစွာ သောလေဖြင့် တိုက် သွားတော်မူ၏။
In measure, by sending her away, didst thou punish her, Taking her away in the rough tempest, in the day of the east wind.
9 ၉ ထို သို့ယာကုပ် အမျိုးသည် ယဇ် ပလ္လင်ကျောက် တို့ ကို ထုံး ကျောက် ကဲ့သို့ ချိုးဖဲ့ ၍၊ အာရှရ ပင်နှင့် ရုပ်တု တို့ကို လှဲ သောအခါ ၊ မိမိ အပြစ် ပြေ ၍၊ အပြစ် ပြေရှင်းခြင်း အကျိုး ကျေးဇူးရှိသမျှ ကို ခံရလိမ့်မည်။
By this, therefore, is the iniquity of Jacob expiated, And this is wholly the fruit of the removal of his sin, That He has made the stones of the altar like limestones broken in pieces, And that the images of Astarte and the sun-pillars no more stand.
10 ၁၀ သို့ သော်လည်း၊ ခိုင်ခံ့ သောမြို့ သည်၊ ဆိတ်ညံ သောအရပ်၊ တောကဲ့သို့ စွန့် ၍ ပစ် ထားသောနေရာ ဖြစ် လိမ့်မည်။ ထို အရပ်၌ နွား သငယ်သည် ကျက်စား လျက် ၊ အိပ် လျက်နေ၍၊ အညွန့် များကို ကိုက် စားလိမ့်မည်။
For the fortified city is desolate, A habitation forsaken, deserted like a wilderness; There doth the calf feed, and there doth he lie down, And consume her branches.
11 ၁၁ အခက် အလက်တို့သည် သွေ့ ခြောက်သောအခါ ချိုး ခြင်းသို့ရောက်၍၊ မိန်းမ တို့သည် လာ ၍မီးရှို့ ကြ လိမ့်မည်။ အကြောင်း မူကား၊ ပညာ မဲ့သောအမျိုး ဖြစ်၏။ ထို့ကြောင့် ၊ ဖန်ဆင်း ပြုပြင်တော်မူသောသူသည် မ သနား ၊ ကျေးဇူး မ ပြုဘဲ နေတော်မူလိမ့်မည်။
When her boughs are withered, they are broken off; Women come, and burn them; For it was a people of no understanding; Therefore he that made him had not mercy on him, And he that formed him showed him no favor.
12 ၁၂ အိုဣသရေလ အမျိုးသား တို့၊ ထို ကာလ ၌ လည်း ၊ ထာဝရဘုရား သည် မြစ် ကြီးမှစ၍ ၊ အဲဂုတ္တု မြစ် တိုင်အောင်သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင် တို့သည် တ ယောက်နောက် တ ယောက်၊ ကောက် သိမ်းခြင်း ကျေးဇူးတော်ကိုခံရကြလိမ့်မည်။
But it shall come to pass in that day, That Jehovah shall gather fruit From the stream of the Euphrates to the river of Egypt, And ye shall be gathered, one by one, ye children of Israel!
13 ၁၃ ထို ကာလ ၌ လည်း ၊ ကြီး သောတံပိုး ကို မှုတ် ရ လိမ့်မည်။ အာရှုရိ ပြည် ၌ ပျောက် သောသူ၊ အဲဂုတ္တု ပြည် ၌ စွန့်ပစ် လျက်နေသောသူတို့သည်လာ ၍ ၊ ယေရုရှလင် မြို့တွင် ၊ သန့်ရှင်း သော တောင် ပေါ် မှာ ထာဝရဘုရား ရှေ့ တော်၌ ဝတ်ပြု ၍ ကိုးကွယ် ကြလိမ့်မည်။
In that day shall a great trumpet be sounded, And they shall come who are lost in the land of Assyria, And are outcasts in the land of Egypt, And shall worship Jehovah upon the holy mountain in Jerusalem.