< ဟေရှာယ 26 >

1 ထို ကာလ ၌ ယုဒ ပြည် မှာ သီချင်း ဆို လတံ့သောစကားဟူမူကား၊ ငါ တို့၌ ခိုင်ခံ့ သော မြို့ ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးကို ပြအိုး ၊ ရင်တား အရာ၌ စီရင် ခန့်ထားတော်မူလိမ့်မည်။
In that day shall this song be sung in the land of Judah: We have a strong city; walls and bulwarks doth He appoint for salvation.
2 တံခါး တို့ကို ဖွင့် ကြလော့။သစ္စာ စောင့် ၍ဖြောင့်မတ် သောလူမျိုး ဝင် ပါစေ။
Open ye the gates, that the righteous nation that keepeth faithfulness may enter in.
3 စိတ် နှလုံးတည်ကြည် သောသူသည် ကိုယ်တော် ၌ ခိုလှုံ သောကြောင့် ၊ ငြိမ်သက် ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက် တော်မူလိမ့်မည်။
The mind stayed on Thee Thou keepest in perfect peace; because it trusteth in Thee.
4 ထာဝရဘုရား ၌ အစဉ် အမြဲခိုလှုံ ကြလော့။ ထာဝရ ဘုရား သည် နိစ္စ ထာဝရ ခိုလှုံ ရာဖြစ်တော်မူ၏။
Trust ye in the LORD for ever, for the LORD is GOD, an everlasting Rock.
5 မြင့် သောအရပ်၌ နေ သောသူတို့ကို ရှုတ်ချ တော်မူ ၏။ မြင့်မြတ် သောမြို့ ကိုဖြို၍၊ မြေ တိုင်အောင် နှိမ့်ချ လျက် မြေမှုန့် ထဲမှာ ထား တော်မူ၏။
For He hath brought down them that dwell on high, the lofty city, laying it low, laying it low even to the ground, bringing it even to the dust.
6 ကျော်နင်းခြင်းကိုခံရလိမ့်မည်။ ဆင်းရဲ သောသူ နှင့် ငတ်မွတ် သောသူတို့သည် ကျော် နင်းကြလိမ့်မည်။
The foot shall tread it down, even the feet of the poor, and the steps of the needy.
7 ဖြောင့်မတ် သောသူသည် ဖြောင့် သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ် တော်မူသောဘုရား၊ ကိုယ်တော် သည် ဖြောင့်မတ် သောသူ၏ လမ်း ခရီးကို ပြင်ဆင် တော်မူ၏။
The way of the just is straight; Thou, Most Upright, makest plain the path of the just.
8 အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တရား တော် လမ်း ၌ သွားလျက်၊ ကိုယ်တော် ကို မြော်လင့် ၍၊ ကိုယ်တော် ၏အမည် ၊ ဘွဲ့ နာမတော်ကို စိတ် နှလုံး၌ တသ လျက်ရှိပါ ၏။
Yea, in the way of Thy judgments, O LORD, have we waited for Thee; to Thy name and to Thy memorial is the desire of our soul.
9 ညဉ့် အခါ အကျွန်ုပ် သည် စိတ် နှလုံးနှင့် ကိုယ်တော် ကို တောင့်တ ပါ၏။ နံနက်အခါ အကျွန်ုပ် သည် အတွင်း ဝိညာဉ် အားဖြင့်ကိုယ်တော် ကိုရှာ ပါ၏။ မြေ ပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ ၊ လောကီ သား တို့သည် တရား ကိုသင် ကြ၏။
With my soul have I desired Thee in the night; yea, with my spirit within me have I sought Thee earnestly; for when Thy judgments are in the earth, the inhabitants of the world learn righteousness.
10 ၁၀ မတရား သောသူသည် ကျေးဇူး ကိုခံရသော်လည်း၊ တရား ကို မ သင် တတ်ပါ။ တရား ကျင့်ရာပြည် ၌ ပင် အဓမ္မ ပြု၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို ပမာဏ မ ပြု တတ်ပါ။
Let favour be shown to the wicked, yet will he not learn righteousness; in the land of uprightness will he deal wrongfully, and will not behold the majesty of the LORD.
11 ၁၁ အိုထာဝရဘုရား ၊ လက် တော်ကိုချီ တော်မူသော်လည်း၊ သူတို့သည် မ မြင် မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူ တို့အဘို့ စိတ်အားကြီး တော်မူကြောင်းကို၊ သူတို့သည် မြင် ၍ အရှက်ကွဲ ကြပါလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့ကို မီး လောင် ရပါလိမ့်မည်။
LORD, Thy hand was lifted up, yet they see not; they shall see with shame Thy zeal for the people; yea, fire shall devour Thine adversaries.
12 ၁၂ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက် ခြင်းကိုပေး တော်မူလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ် တို့၏ အမှု ရှိသမျှ တို့ကို အကျွန်ုပ် တို့အဘို့ ပြု တော်မူ၏။
LORD, Thou wilt establish peace for us; for Thou hast indeed wrought all our works for us.
13 ၁၃ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် မှတပါး အခြားသောသခင် တို့သည် အကျွန်ုပ် တို့ကို အစိုး ရကြပြီ။ ယခုမူကား၊ ကိုယ်တော် အားဖြင့် သာ နာမ တော်ကို ချီးမွမ်း ကြပါမည်။
O LORD our God, other lords beside Thee have had dominion over us; but by Thee only do we make mention of Thy name.
14 ၁၄ ထိုသခင်တို့သည် သေ ကြပါပြီ။ တဖန် အသက် မ ရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ထ မြောက်ခြင်းမ ရှိရကြ ပါ။ သူ တို့ကို ကြည့်ရှုဖျက်ဆီး ၍ ၊ သူ တို့၏အမှတ် မျှ မရှိစေခြင်းငှါပယ်ရှင်း တော်မူပြီ။
The dead live not, the shades rise not; to that end hast Thou punished and destroyed them, and made all their memory to perish.
15 ၁၅ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့အမျိုး ကို တိုး ပွါးစေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုး ကိုတိုး ပွါးစေသဖြင့်၊ ဘုန်း ကြီးတော်မူ၏။ ပြည် တော်ကို ပတ်ဝန်းကျင် ၌ ကျယ် စေတော်မူပြီ။
Thou hast gotten Thee honour with the nations, O LORD, yea, exceeding great honour with the nations; Thou art honoured unto the farthest ends of the earth.
16 ၁၆ အိုထာဝရဘုရား ၊ သူတို့သည် ဆင်းရဲ ခံရသောအခါ ၊ ကိုယ်တော် ၌ ဆည်းကပ် ကြပါပြီ။ ဆုံးမ တော်မူသောအခါ၊ ဆုတောင်း ပဌနာ စကားကိုသွန်းလောင်းကြပါပြီ။
LORD, in trouble have they sought Thee, silently they poured out a prayer when Thy chastening was upon them.
17 ၁၇ ကိုယ်ဝန် ဆောင်သောမိန်းမသည် သားဘွား ချိန် နီး သောအခါ နာကျင် ၍၊ နာကျင်ခြင်းဝေဒနာ ကြောင့် အော်ဟစ် သကဲ့သို့၊ ထိုအတူ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ရှေ့ တော်၌ ဖြစ် ကြပါပြီ။
Like as a woman with child, that draweth near the time of her delivery, is in pain and crieth out in her pangs; so have we been at Thy presence, O LORD.
18 ၁၈ အကျွန်ုပ်တို့သည် ကိုယ်ဝန် ဆောင်၍ နာကျင် ခြင်း ဝေဒနာ ကို ခံရသော်လည်း ၊ လေ ကို ဘွား သကဲ့သို့ဖြစ်ကြပါပြီတကား။ ပြည် သားတို့သည် ကယ်တင် ခြင်းသို့ မ ရောက် ကြ။ လောကီ သား တို့သည် မ လဲ ကြပါ။
We have been with child, we have been in pain, we have as it were brought forth wind; we have not wrought any deliverance in the land; neither are the inhabitants of the world come to life.
19 ၁၉ ကိုယ်တော် ၏လူသေ တို့သည် အသက်ရှင် ကြပါ လိမ့်မည်။ ငါ ၏အသေ ကောင်တို့သည်လည်း ထ မြောက်ကြပါလိမ့်မည်။ မြေမှုန့် ၌နေ သောသူတို့၊ နိုး ၍ သီချင်း ဆို ကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ နှင်း သည် မြက်ပင် တို့ကို ပေါက်စေသော နှင်း ကဲ့သို့ဖြစ်၍၊ မြေ သည် လည်း မိမိသင်္ချိုင်း သားတို့ကို ထုတ် ဘော်ရပါလိမ့်မည်။
Thy dead shall live, my dead bodies shall arise — awake and sing, ye that dwell in the dust — for Thy dew is as the dew of light, and the earth shall bring to life the shades.
20 ၂၀ ငါ ၏လူ တို့၊ လာ ကြ။ အတွင်းအခန်း ထဲသို့ ဝင် ၍ ၊ သင်တို့ကို ကွယ်ကာသော တံခါး များကို ပိတ် ထားကြ။ အမျက် ကာလ လွန် သည်တိုင်အောင် ခဏ သာပုန်း ရှောင် ၍ နေကြလော့။
Come, my people, enter thou into thy chambers, and shut thy doors about thee; hide thyself for a little moment, until the indignation be overpast.
21 ၂၁ အကြောင်း မူကား၊ ထာဝရဘုရား သည် မြေကြီး သား တို့ကို၊ သူတို့ဒုစရိုက် ကြောင့် အပြစ် ပေးလိုသောငှါ ၊ မိမိ အရပ် ဌာနထဲ က ထွက် တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ ၌ရှိသောအသွေး ကိုဘော် ပြရလိမ့်မည်။ မိမိ ၌ အသေခံ ရသောသူတို့ကို နောက် တဖန် ဝှက် ၍မ ထားရ။
For, behold, the LORD cometh forth out of His place to visit upon the inhabitants of the earth their iniquity; the earth also shall disclose her blood, and shall no more cover her slain.

< ဟေရှာယ 26 >