< ဟေရှာယ 25 >
1 ၁ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို မြှောက်စား ပါမည်။ နာမ တော်ကို ချီးမွမ်း ပါမည်။ အံ့ဘွယ် သော အမှုတို့ကိုပြု တော်မူပြီ။ ရှေး အကြံ တော်တို့သည် မရွေ့၊ သစ္စာ နှင့် မြဲမြံကြပါ၏။
၁အို ထာဝရဘုရားကိုယ်တော်ရှင်သည်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုချီးမြှောက်၍ နာမတော်ကိုထောမနာပြုပါမည်။ ကိုယ်တော်ရှင်သည်အံ့သြဖွယ်ရာအမှုတို့ကို ပြုတော်မူပါပြီ။ ရှေးမဆွကပင်ပြုတော်မူခဲ့သည့် အကြံအစည်တော်တို့ကို၊ တိကျစွာအကောင်အထည်ဖော်တော်မူပါပြီ။
2 ၂ မြို့ ကိုအမှိုက်ပုံ ၊ ခိုင်ခံ့ သောမြို့ ကို ဖြိုဖျက် ရာဖြစ် စေတော်မူပြီ။ တကျွန်း တနိုင်ငံသားတို့၏ နေရာဘုံ ဗိမာန် သည် မြို့ မဖြစ်၊ နောက် တဖန် မ တည်မဆောက် ရမည် အကြောင်းစီရင် တော်မူပြီ။
၂ကိုယ်တော်ရှင်သည်မြို့များကိုယိုယွင်းပျက်စီးလျက် နေစေတော်မူ၍၊ မြို့တံတိုင်းတို့ကိုလည်းဖြိုဖျက်တော်မူပါပြီ။ ကျွန်တော်မျိုးတို့ရန်သူများတည်ဆောက်ခဲ့သည့် နန်းတော်များသည် ထာဝစဉ်ကွယ်ပျောက်၍သွားလေပြီ။
3 ၃ ထိုကြောင့် ၊ အားကြီး သော လူမျိုး သည် ကိုယ်တော် ကို ချီးမွမ်း ကြပါလိမ့်မည်။ ကြောက်မက် ဘွယ်သော လူမျိုး တို့၏ နေရာမြို့ သည် ကိုယ်တော် ကို ကြောက်ရွံ့ ပါလိမ့်မည်။
၃တန်ခိုးကြီးမားသည့်လူမျိုးတို့သည်ကိုယ်တော် ရှင်ကို ထောမနာပြုကြပါလိမ့်မည်။ ရက်စက်ကြမ်းကြုတ်သူတို့နေထိုင်ရာ မြို့များတွင်လည်း ကိုယ်တော်အားကြောက်လန့်၍နေကြပါလိမ့်မည်။
4 ၄ ကိုယ်တော်သည် ဆင်းရဲ သောသူတို့ ခိုလှုံ ရာ၊ ငတ်မွတ် သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံ ရာဖြစ် တော်မူ၏။ ထရံ ကို တိုက်သော မိုဃ်းသက်မုန်တိုင်း ကဲ့သို့ ၊ ကြောက်မက် ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုဃ်းသက်မုန်တိုင်းလွတ်ရာ၊ နေ ရောင်ကွယ်ကာ ရာ ဖြစ် တော်မူ၏။
၄ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
5 ၅ သွေ့ ခြောက်သော အရပ်၌ နေအရှိန် ကိုကဲ့သို့ ၊ တကျွန်း တနိုင်ငံတို့၏ အသံ ဗလံကို ငြိမ်း စေတော်မူလိမ့်မည်။ ထူထပ်သော မိုဃ်း တိမ်အားဖြင့် နေ အရှိန် ပျောက်သကဲ့သို့၊ ကြောက်မက် ဘွယ်သောသူတို့၏ သီချင်း သံပျောက် ရပါလိမ့်မည်။
၅ခြောက်သွေ့ရာဒေသတွင်မိုးခေါင်မှုနှင့် လည်းကောင်း၊ တူပါ၏။ သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ရန်သူများ၏အသံကို တိတ်စေတော်မူပါပြီ။ မိုးတိမ်သည်ပူအိုက်သည့်နေကိုအေးမြလာစေ သကဲ့သို့၊ ကိုယ်တော်ရှင်သည်ရက်စက်ကြမ်းကြုတ်သူတို့၏ အော်ဟစ်သံကိုတိတ်စေတော်မူပါ၏။
6 ၆ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်း သောစပျစ်ရည်ပွဲ တည်းဟူသော၊ ဆူ သောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ် သော စပျစ်ရည် ဟောင်းကို လူ ခပ်သိမ်း တို့အဘို့ ဤ တောင် ပေါ် မှာ စီရင် တော်မူလိမ့်မည်။
၆အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇိအုန် တောင်တော်ပေါ်တွင်ကမ္ဘာပေါ်ရှိလူမျိုးတကာ တို့အတွက် အမွန်မြတ်ဆုံးစားဖွယ်ခဲဖွယ်များ နှင့်အကောင်းဆုံးစပျစ်ရည်များဖြင့် ညစာ စားပွဲကြီးကိုပြင်ဆင်တော်မူလိမ့်မည်။-
7 ၇ လူ ခပ်သိမ်း တို့ကို ဖုံး သော မျက်နှာဖုံး ကို၎င်း၊ ခပ်သိမ်း သော လူမျိုး တို့ကို ဖုံးလွှမ်း သော တင်းတိမ် ကို၎င်း၊ ဤ တောင် ပေါ် မှာ ပယ် တော်မူလိမ့်မည်။
၇ထိုအရပ်တွင်ကိုယ်တော်သည်အုံ့မှိုင်းလျက်ရှိ နေသည့်ဝမ်းနည်းဖွယ်မိုးတိမ်လွှာကို လူမျိုး တကာတို့အပေါ်မှဖယ်ရှားတော်မူလိမ့်မည်။-
8 ၈ သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ်တော် ၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။
၈ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။
9 ၉ ထို ကာလ ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော၊ ငါ တို့၏ဘုရား သခင်တည်း။ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။ ဤ အရှင်ကား၊ ငါတို့မြော်လင့် သော ထာဝရ ဘုရားတည်း။ ကယ်တင် တော်မူခြင်းကျေးဇူးကြောင့် ၊ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည်။
၉ဤအမှုအရာများဖြစ်ပျက်လာသောအခါ လူအပေါင်းတို့က``ကိုယ်တော်သည်ငါတို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်တကား။ ငါတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား သည်ဖြစ်၍ ကိုယ်တော်ကလည်းငါတို့အား ကယ်ဆယ်တော်မူလေပြီ။ ကိုယ်တော်ကား ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြ၏။ ကိုယ်တော်သည်ငါတို့ကိုကယ်တင်တော် မူပြီဖြစ်၍ယခုအခါ ငါတို့သည်ဝမ်း မြောက်ကြည်နူးရွှင်မြူးအားရကြပေ သည်'' ဟုဆိုကြလိမ့်မည်။
10 ၁၀ အကြောင်း မူကား၊ ထာဝရဘုရား ၏ လက် တော် သည် ဤ တောင် ပေါ် မှာ ငြိမ်း လိမ့်မည်။ ကောက်ရိုး သည် နောက်ချေး ရွှံ့ပွက်၌ နှိပ် နင်းခြင်းကိုခံရသကဲ့သို့ ၊ မောဘ ပြည်သည် မိမိ ၌ နှိပ် နင်းတော်မူခြင်းကိုခံရလိမ့်မည်။
၁၀ထာဝရဘုရားသည် ဇိအုန်တောင်ကိုကွယ် ကာစောင့်ရှောက်တော်မူလိမ့်မည်။ သို့ရာတွင် မောဘပြည်သူတို့မူကားနွားချေးနှင့်ရော နှောနေသောကောက်ရိုးကဲ့သို့နင်းချေခြင်း ကိုခံရကြလိမ့်မည်။-
11 ၁၁ ရေကူး သောသူသည် ရေကူး ခြင်းငှါ လက်ကို ဆန့် သကဲ့သို့ ၊ မောဘ ပြည်အလယ် ၌ လက် တော်ကို ဆန့် ၍ ၊ မောဘ ၏မာန နှင့် လက် သတ္တိ ကို ချ တော်မူလိမ့်မည်။
၁၁သူတို့သည်ရေကူးသူကဲ့သို့လက်များကို ဆန့်၍ကူးယက်ရန်ကြိုးစားပါသော်လည်း ထာဝရဘုရားသည်သူတို့၏မာန်မာန ကိုနှိမ့်ချသဖြင့်လက်များကိုလေးလံ ၍နေစေလိမ့်မည်။-
12 ၁၂ သင် တို့၏ မြို့ရိုး ပြအိုး အထွဋ် ကို ဖြို ၍၊ မြေ တိုင် အောင် နှိမ့် သဖြင့်၊ မြေမှုန့် ထဲမှာ ချ တော်မူလိမ့်မည်။
၁၂ဘုရားသခင်သည်မြင့်မားသည့်မောဘမြို့ ရိုး၊ ခံတပ်များကိုဖျက်ဆီးကာဖုတ်ထဲသို့ ပြိုကျစေတော်မူလိမ့်မည်။