< ဟေရှာယ 24 >
1 ၁ ကြည့် ရှုလော့။ ထာဝရဘုရား သည် ပြည် တော်ကို လွတ်လပ်စေ၍ ပယ်ရှင်း မှောက်ထားသဖြင့် ၊ ပြည် သား တို့ ကို ကွဲပြား စေတော်မူ၏။
Look, Yahweh is about to empty the earth, to devastate it, mar its surface, and scatter its inhabitants.
2 ၂ ထိုအခါ ယဇ်ပုရောဟိတ် သည် ဆင်းရဲသား ကဲ့သို့ ၎င်း၊ သခင် သည် ကျွန် ကဲ့သို့ ၎င်း၊ သခင်မ သည် ကျွန်မ ကဲ့သို့ ၎င်း၊ ရောင်း သောသူသည် ဝယ် သောသူကဲ့သို့ ၎င်း၊ ကြွေးရှင် သည် ကြွေးတင် သောသူကဲ့သို့ ၎င်း၊ အတိုး စား သောသူသည် အတိုး ပေးသောသူကဲ့သို့ ၎င်း ဖြစ် ရ လိမ့်မည်။
It will come about that, as with the people, so with the priest; as with the servant, so with his master; as with the maid, so with her mistress; as with the buyer, so with the seller; as with the creditor, so with the debtor; as with the receiver of interest, so with the giver of interest.
3 ၃ တပြည် လုံး လွတ်လပ် ၍ ရှင်းရှင်းပျက်စီး ရ လိမ့်မည်ဟူ သောအရာ ကို ထာဝရဘုရား မိန့် တော်မူ၏။
The earth will be completely devastated and completely stripped; for Yahweh has spoken this word.
4 ၄ ပြည် တော်သည် ငြိုငြင် ညှိုးငယ် ခြင်းရှိ၏။ လောက သည် အားလျော့ ၍ ညှိုးငယ် ခြင်းရှိ၏။ ဘုန်းကြီး သော ပြည် သား တို့သည် အားလျော့ ကြ၏။
The earth dries up and withers, the world shrivels up and fades away, the prominent people of the earth waste away.
5 ၅ ပြည်သား တို့သည် တရား တော်ကို လွန်ကျူး ခြင်း၊ အမိန့် တော်ကို ပြောင်းလဲ ခြင်း၊ ထာဝရ သစ္စာ တော်ကို ဖျက် ခြင်းအကြောင်းကြောင့် ၊ ပြည် တော်သည် ညစ်ညှုး ခြင်းရှိ ၏။
The earth is polluted by its inhabitants because they have transgressed the laws, violated the statutes, and broken the everlasting covenant.
6 ၆ ထိုကြောင့် ၊ ကျိန်တော်မူသောအကျိန် သည် ပြည် တော်ကို လွှမ်းမိုး ပြီ။ ပြည်သား တို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ပြည်သား တို့သည် ပူလောင် ကြ သဖြင့်၊ ကျန်ကြွင်း သောသူ တို့သည် နည်း ကြ၏။
Therefore a curse devours the earth, and its inhabitants are found guilty. The inhabitants of the earth burn up, and few people are left.
7 ၇ သစ်သောစပျစ်ရည် သည် ငြိုငြင် လေ၏။ စပျစ်နွယ် ပင်သည်လည်း အားလျော့ လေ၏။ စိတ် ရွှင်လန်း သောသူအပေါင်း တို့သည် ညည်းတွား ကြ၏။
The new wine dries up, the vine withers, all the merry-hearted groan.
8 ၈ သာယာသောပတ်သာ အသံ ငြိမ်း ပြီ။ ဝမ်းမြောက် သောသူ၏ အသံ မရှိ။ သာယာ သောစောင်း သံ လည်း ငြိမ်း ပြီ။
The happy sound of the tambourines stops, and the revelry of those who rejoice; the joy of the lyre ceases.
9 ၉ သီချင်း ဆိုလျက် စပျစ်ရည် ကို မ သောက် ရကြ။ သေရည် သေရက်ကို သောက် သောသူတို့သည် ပစပ်ခါး ကြလိမ့်မည်။
They no longer drink wine and sing, and the beer is bitter to those who drink it.
10 ၁၀ လွတ်လပ် သောမြို့ သည် ပြို ပျက်လေပြီ။ အဘယ်သူ မျှ မဝင်စေခြင်းငှါ၊ အိမ် များကို ပိတ် ထားကြပြီ။
The city of chaos has been broken down; every house is closed up and empty.
11 ၁၁ စပျစ်ရည် ပြတ်သောကြောင့် လမ်း ခရီးတို့၌ မြည်တမ်း ခြင်းရှိ၏။ ဝမ်းမြောက် ခြင်းလည်း အကြွင်းမဲ့ကွယ် ပြီ။ တပြည် လုံး၌ သာယာ သောအသံ ငြိမ်း ပြီ။
There is a crying in the streets because of the wine; all joy is darkened, the gladness of the land has disappeared.
12 ၁၂ ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့ တံခါး ကိုလည်း ရိုက်ခတ် ၍ ဖြိုဖျက် ကြပြီ။
In the city is left a desolation, and the gate is broken into a ruin.
13 ၁၃ ထိုသို့ပြည် တော်အလယ် ၊ ပြည်သား တို့တွင် ဖြစ်ရသော်လည်းသံလွင် ပင်ကို လှုပ် ၍ အသီးကို ရသကဲ့သို့ ၎င်း၊ စပျစ်သီးကို သိမ်းယူ သောနောက်၊ အကြွင်းအကျန်ကို ကောက် ရသကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
For this is how it will be on the whole earth among the nations, as when an olive tree is beaten, as the gleanings when the grape harvest is done.
14 ၁၄ ထိုသူတို့ သည် ကြွေးကြော် ၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရား ကို ချီးမွမ်းသောအသံနှင့် ပင်လယ် တဘက်မှ မြည် ကြလိမ့်မည်။
They will lift up their voices and shout the majesty of Yahweh, and will joyfully shout from the sea.
15 ၁၅ သို့ဖြစ်၍ ၊ အရှေ့ မျက်နှာအရပ်တို့၌ ထာဝရဘုရား ကို၎င်း၊ ပင်လယ်တဘက်တကျွန်း တနိုင်ငံအရပ်တို့၌ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမ တော်ကို၎င်းချီးမွမ်း ကြလော့။
Therefore in the east glorify Yahweh, and in the isles of the sea give glory to the name of Yahweh, the God of Israel.
16 ၁၆ သန့်ရှင်း တော်မူသောသူသည် ဘုန်းကြီး တော်မူစေသတည်းဟု မြေကြီး စွန်း မှ သီချင်း ဆိုသံကို ငါတို့သည် ကြား ရ၏။ ငါမူကား ၊ အလွန်ဆင်းရဲ ၏။ အလွန်ဆင်းရဲ ၏။ အမင်္ဂလာ ရှိ၏။ လုယက် သောသူတို့သည် လုယက် လျက် နေကြ၏။ လုယက် သောသူတို့သည် ကြမ်းတမ်းစွာ လုယက် ကြ၏။
From the farthest part of the earth we have heard songs, “Glory to the righteous one!” But I said, “I have wasted away, I have wasted away, woe is me! The treacherous have dealt treacherously; yes, the treacherous have dealt very treacherously.”
17 ၁၇ အိုပြည် သား ၊ သင် သည် ကြောက်လန့် ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက်လေပြီ။
Terror, the pit, and the snare are upon you, inhabitants of the earth.
18 ၁၈ ကြောက်လန့် ဘွယ်သော အရာ မှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ၌ ကျော့မိ လိမ့်မည်။ ကောင်းကင် ပြွန် ဝပွင့် လျက်ရှိ၍ ၊ မြေကြီး အမြစ် လည်း လှုပ်ရှား လေ၏။
He who flees from the sound of terror will fall into the pit, and he who comes up out of the middle of the pit will be caught in the snare. The windows of the heavens will be opened, and the foundations of the earth will shake.
19 ၁၉ ပြည် တော်သည် တပြည်လုံး ပြုတ် လေပြီ။ ပြည် တော်သည် အကုန်အစင်ပြို ပျက်လေပြီ။ ပြည် တော်သည် အလွန်တုပ်လှုပ် လျက် ရှိလေ၏။
The earth will be completely broken, the earth ripped apart; the earth will be violently shaken.
20 ၂၀ ပြည် တော်သည် ယစ်မူး သောသူကဲ့သို့ တလူး လည်လည်ရှိ၏။ ပုခက် ကဲ့သို့ လှုပ်ရှား ၏။ မိမိ အပြစ် သည် မိမိ အပေါ် မှာ လေး သဖြင့် ၊ ပြည်တော်သည် လဲ လိမ့်မည်။ နောက်တဖန် မ ထ ရ။
The earth will stagger like a drunken man and it will sway back and forth like a hut. Its sin will be heavy on it and it will fall and never rise again.
21 ၂၁ ထို ကာလ ၌ ထာဝရဘုရား သည်၊ မြင့် သောအရပ်၌ မြင့် သောအလုံး အရင်းကို ၎င်း ၊ မြေ ပေါ် မှာမြေကြီး ရှင် ဘုရင်တို့ကို ၎င်းကြည့်ရှုစစ်ကြော တော်မူလိမ့်မည်။
On that day Yahweh will punish the host of the heaven in the heavens, and the kings of the earth on the earth.
22 ၂၂ သူတို့သည် တွင်း ထဲ မှာ တစု တည်းစုဝေး ၍ ချည်နှောင် ခြင်း၊ ထောင် ထဲ မှာ ချုပ် ထားခြင်းကိုခံ လျက် နေရ ကြလိမ့်မည်။ များ စွာသော နေ့ရက် ကာလလွန်ပြီးမှ ၊ စစ်ကြော ခြင်းကိုခံ ရကြလိမ့်မည်။
They will be gathered together, prisoners in a pit, and will be shut up in a prison; and after many days they will be punished.
23 ၂၃ လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။
Then the moon will be ashamed, and the sun disgraced, for Yahweh of hosts will reign on Mount Zion and in Jerusalem, and before his elders in glory.