< ဟေရှာယ 24 >

1 ကြည့် ရှုလော့။ ထာဝရဘုရား သည် ပြည် တော်ကို လွတ်လပ်စေ၍ ပယ်ရှင်း မှောက်ထားသဖြင့် ၊ ပြည် သား တို့ ကို ကွဲပြား စေတော်မူ၏။
Behold, Jehovah emptieth and draineth the land; Yea, he turneth it upside down, and scattereth its inhabitants.
2 ထိုအခါ ယဇ်ပုရောဟိတ် သည် ဆင်းရဲသား ကဲ့သို့ ၎င်း၊ သခင် သည် ကျွန် ကဲ့သို့ ၎င်း၊ သခင်မ သည် ကျွန်မ ကဲ့သို့ ၎င်း၊ ရောင်း သောသူသည် ဝယ် သောသူကဲ့သို့ ၎င်း၊ ကြွေးရှင် သည် ကြွေးတင် သောသူကဲ့သို့ ၎င်း၊ အတိုး စား သောသူသည် အတိုး ပေးသောသူကဲ့သို့ ၎င်း ဖြစ် ရ လိမ့်မည်။
As with the people, so is it with the priest; As with the servant, so with the master; As with the maid, so with the mistress; As with the buyer, so with the seller; As with the borrower, so with the lender; As with the usurer, so with the giver of usury.
3 တပြည် လုံး လွတ်လပ် ၍ ရှင်းရှင်းပျက်စီး ရ လိမ့်မည်ဟူ သောအရာ ကို ထာဝရဘုရား မိန့် တော်မူ၏။
The land is utterly emptied and utterly plundered; For Jehovah hath spoken this word.
4 ပြည် တော်သည် ငြိုငြင် ညှိုးငယ် ခြင်းရှိ၏။ လောက သည် အားလျော့ ၍ ညှိုးငယ် ခြင်းရှိ၏။ ဘုန်းကြီး သော ပြည် သား တို့သည် အားလျော့ ကြ၏။
The land mourneth, and withereth; The world languisheth, and withereth; The nobles of the people of the land do languish.
5 ပြည်သား တို့သည် တရား တော်ကို လွန်ကျူး ခြင်း၊ အမိန့် တော်ကို ပြောင်းလဲ ခြင်း၊ ထာဝရ သစ္စာ တော်ကို ဖျက် ခြင်းအကြောင်းကြောင့် ၊ ပြည် တော်သည် ညစ်ညှုး ခြင်းရှိ ၏။
The land was polluted under its inhabitants, Because they transgressed the law, they violated the statutes, They broke the everlasting covenant.
6 ထိုကြောင့် ၊ ကျိန်တော်မူသောအကျိန် သည် ပြည် တော်ကို လွှမ်းမိုး ပြီ။ ပြည်သား တို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ပြည်သား တို့သည် ပူလောင် ကြ သဖြင့်၊ ကျန်ကြွင်း သောသူ တို့သည် နည်း ကြ၏။
Therefore a curse devoured the land; Its inhabitants suffered for their guilt; Therefore are the inhabitants of the land consumed with heat, And few of the men are left.
7 သစ်သောစပျစ်ရည် သည် ငြိုငြင် လေ၏။ စပျစ်နွယ် ပင်သည်လည်း အားလျော့ လေ၏။ စိတ် ရွှင်လန်း သောသူအပေါင်း တို့သည် ညည်းတွား ကြ၏။
The new wine mourneth; The vine languisheth; All that were of a joyful heart do sigh;
8 သာယာသောပတ်သာ အသံ ငြိမ်း ပြီ။ ဝမ်းမြောက် သောသူ၏ အသံ မရှိ။ သာယာ သောစောင်း သံ လည်း ငြိမ်း ပြီ။
The mirth of tabrets ceaseth; The noise of them that rejoice is at an end; The joy of the harp ceaseth.
9 သီချင်း ဆိုလျက် စပျစ်ရည် ကို မ သောက် ရကြ။ သေရည် သေရက်ကို သောက် သောသူတို့သည် ပစပ်ခါး ကြလိမ့်မည်။
No more do they drink wine with the song; Strong drink is bitter to them that use it.
10 ၁၀ လွတ်လပ် သောမြို့ သည် ပြို ပျက်လေပြီ။ အဘယ်သူ မျှ မဝင်စေခြင်းငှါ၊ အိမ် များကို ပိတ် ထားကြပြီ။
The city of desolation is broken down; Every house is closed, so that none can enter.
11 ၁၁ စပျစ်ရည် ပြတ်သောကြောင့် လမ်း ခရီးတို့၌ မြည်တမ်း ခြင်းရှိ၏။ ဝမ်းမြောက် ခြင်းလည်း အကြွင်းမဲ့ကွယ် ပြီ။ တပြည် လုံး၌ သာယာ သောအသံ ငြိမ်း ပြီ။
There is a cry for wine in the streets; All gladness is departed; The mirth of the land is gone;
12 ၁၂ ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့ တံခါး ကိုလည်း ရိုက်ခတ် ၍ ဖြိုဖျက် ကြပြီ။
Desolation is left in the city, And the gate is smitten into ruins.
13 ၁၃ ထိုသို့ပြည် တော်အလယ် ၊ ပြည်သား တို့တွင် ဖြစ်ရသော်လည်းသံလွင် ပင်ကို လှုပ် ၍ အသီးကို ရသကဲ့သို့ ၎င်း၊ စပျစ်သီးကို သိမ်းယူ သောနောက်၊ အကြွင်းအကျန်ကို ကောက် ရသကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
Yea, thus shall it be in the land, in the midst of the people, As when the olive-tree has been shaken; As the gleaning, when the vintage is ended.
14 ၁၄ ထိုသူတို့ သည် ကြွေးကြော် ၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရား ကို ချီးမွမ်းသောအသံနှင့် ပင်လယ် တဘက်မှ မြည် ကြလိမ့်မည်။
These shall lift up their voice, and sing; Yea, for the majesty of Jehovah they shall shout from the sea.
15 ၁၅ သို့ဖြစ်၍ ၊ အရှေ့ မျက်နှာအရပ်တို့၌ ထာဝရဘုရား ကို၎င်း၊ ပင်လယ်တဘက်တကျွန်း တနိုင်ငံအရပ်တို့၌ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမ တော်ကို၎င်းချီးမွမ်း ကြလော့။
Wherefore praise ye Jehovah in the East, The name of Jehovah, the God of Israel, in the isles of the sea!
16 ၁၆ သန့်ရှင်း တော်မူသောသူသည် ဘုန်းကြီး တော်မူစေသတည်းဟု မြေကြီး စွန်း မှ သီချင်း ဆိုသံကို ငါတို့သည် ကြား ရ၏။ ငါမူကား ၊ အလွန်ဆင်းရဲ ၏။ အလွန်ဆင်းရဲ ၏။ အမင်္ဂလာ ရှိ၏။ လုယက် သောသူတို့သည် လုယက် လျက် နေကြ၏။ လုယက် သောသူတို့သည် ကြမ်းတမ်းစွာ လုယက် ကြ၏။
From the end of the earth we hear songs: “Glory to the righteous!” But I cry, Alas, my wretchedness, my wretchedness! woe is me! The plunderers plunder; the plunderers seize the spoil.
17 ၁၇ အိုပြည် သား ၊ သင် သည် ကြောက်လန့် ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက်လေပြီ။
The terror, the pit, and the snare Are upon thee, O inhabitant of the land!
18 ၁၈ ကြောက်လန့် ဘွယ်သော အရာ မှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ၌ ကျော့မိ လိမ့်မည်။ ကောင်းကင် ပြွန် ဝပွင့် လျက်ရှိ၍ ၊ မြေကြီး အမြစ် လည်း လှုပ်ရှား လေ၏။
Whoso fleeth from the terror shall fall into the pit, And whoso escapeth from the pit, He shall be taken in the snare; For the floodgates of heaven are opened, And the foundations of the earth tremble.
19 ၁၉ ပြည် တော်သည် တပြည်လုံး ပြုတ် လေပြီ။ ပြည် တော်သည် အကုန်အစင်ပြို ပျက်လေပြီ။ ပြည် တော်သည် အလွန်တုပ်လှုပ် လျက် ရှိလေ၏။
The earth is utterly broken down; The earth is shattered in pieces; The earth is violently moved from her place.
20 ၂၀ ပြည် တော်သည် ယစ်မူး သောသူကဲ့သို့ တလူး လည်လည်ရှိ၏။ ပုခက် ကဲ့သို့ လှုပ်ရှား ၏။ မိမိ အပြစ် သည် မိမိ အပေါ် မှာ လေး သဖြင့် ၊ ပြည်တော်သည် လဲ လိမ့်မည်။ နောက်တဖန် မ ထ ရ။
The earth reeleth like a drunkard, It moveth to and fro like a hammock; For her iniquity lieth heavy upon her, And she shall fall and rise no more.
21 ၂၁ ထို ကာလ ၌ ထာဝရဘုရား သည်၊ မြင့် သောအရပ်၌ မြင့် သောအလုံး အရင်းကို ၎င်း ၊ မြေ ပေါ် မှာမြေကြီး ရှင် ဘုရင်တို့ကို ၎င်းကြည့်ရှုစစ်ကြော တော်မူလိမ့်မည်။
In that day will Jehovah punish the host of the high ones that are on high, And the kings of the earth upon the earth.
22 ၂၂ သူတို့သည် တွင်း ထဲ မှာ တစု တည်းစုဝေး ၍ ချည်နှောင် ခြင်း၊ ထောင် ထဲ မှာ ချုပ် ထားခြင်းကိုခံ လျက် နေရ ကြလိမ့်မည်။ များ စွာသော နေ့ရက် ကာလလွန်ပြီးမှ ၊ စစ်ကြော ခြင်းကိုခံ ရကြလိမ့်မည်။
They shall be thrown together bound into the pit, And shall be shut up in the prison, But after many days shall they be visited.
23 ၂၃ လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။
The moon shall be confounded and the sun ashamed, When Jehovah of hosts shall reign in mount Zion and Jerusalem, And his glory shall be before his ancients.

< ဟေရှာယ 24 >