< ဟေရှာယ 23 >

1 တုရု မြို့နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ မြို့သည် အိမ် မ ရှိ၊ တည်းခို စရာ မရှိ သည် တိုင်အောင်ရှင်းရှင်းပျက်စီး လေပြီ။ ခိတ္တိမ် ပြည် မှ သိတင်းကြား ရ၏။
Peso de Tiro. Uivai, navios de Tharsis, porque já assolada está até nela casa nenhuma mais ficar e nela ninguém mais entrar: desde a terra de Chittim lhes foi isto revelado.
2 ပင်လယ် ကူး တတ်သော ဇိဒုန် ကုန်သည် တို့သည် စည်ပင် စေသော၊ ပင်လယ် ကမ်းနားမှာ နေ သောသူတို့၊ မှိုင်တွေ ကြလော့။
Calai-vos, moradores da ilha, vós a quem encheram os mercadores de Sidon, navegando pelo mar.
3 များ သောရေ ကို အမှီပြုသော ရှိဟောရ မျိုးစေ့ ၊ မြစ် ၏ အသီးအနှံ ကို ထိုမြို့ သည် အခွန် ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေး ဖြစ် လေပြီ။
E a sua provisão era a semente de Sichor, que vinha com as muitas águas da sega do rio, e era a feira das nações.
4 အိုဇိဒုန် မြို့၊ ရှက် ကြောက်ခြင်းရှိလော့။ အကြောင်း မူကား၊ ပင်လယ် တည်းဟူသောပင်လယ် မြို့ကြီး က၊ ငါသည် ကိုယ်ဝန် မ ဆောင်၊ သား မ ဘွား၊ လူပျို နှင့် အပျိုမ တို့ကို မ မွေးမြူ ရဟု ပြော ဆို၏။
Envergonha-te, ó Sidon, porque já o mar, a fortaleza do mar, fala, dizendo: Eu não tive dores de parto, nem pari, nem ainda criei mancebos, nem eduquei donzelas.
5 အဲဂုတ္တု ပြည်သားတို့သည် တုရု မြို့သိတင်း ကို ကြားသောအခါ ၊ ထိုသိတင်း ကြောင့် အလွန်စိတ်ပူပန် ခြင်းသို့ ရောက်ကြလိမ့်မည်။
Como com as novas do Egito, assim haverá dores quando se ouvirem as de Tiro.
6 တာရှု မြို့သို့ ကူး ကြလော့။ ပင်လယ် နားမှာ နေ သောသူတို့၊ ညည်းတွား မြည်တမ်းကြလော့။
Passai a Tharsis: uivai, moradores da ilha.
7 ဤ မြို့သည် ရှေး ကာလ ၌ တည်သဖြင့် သင် တို့ရွှင်လန်း သောမြို့လော။ ဝေး သော အရပ်၌ တည်းခို ခြင်းငှါ ၊ မိမိ ခြေ တို့သည် မိမိ ကိုဆောင် သွားကြ၏။
É esta porventura a vossa cidade que andava pulando de alegria? cuja antiguidade é dos dias antigos? pois leva-la-ão os seus próprios pés para longe andarem a peregrinar.
8 တုရု မြို့သည် ရာဇသရဖူကို ပေး တတ်သော မြို့ ဖြစ်လျက်၊ သူ ၏ကုန်သည် တို့သည် မင်းသား ၊ ဖောက်ကား ရောင်း ဝယ်သောသူတို့ သည် မြေကြီး မှုးမတ် ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူ သည် ဤ အကြံကို ကြံစည်သနည်း။
Quem formou este desígnio contra Tiro, a coroadora? cujos mercadores são príncipes e cujos negociantes os mais nobres da terra?
9 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ရှိသမျှ သော ဘုန်း အသရေ၏ မာန ကို အရှက်ခွဲ ခြင်းငှါ ၎င်း၊ မြေကြီး မှုးမတ် အပေါင်း တို့ကို ရှုတ်ချ ခြင်းငှါ ၎င်း ထိုသို့ကြံစည် တော်မူ၏။
O Senhor dos exércitos formou este desígnio para profanar a soberba de todo o ornamento, e envilecer os mais nobres da terra.
10 ၁၀ အိုတာရှု မြို့၏သ္မီး ၊ ကမ်းရိုး ပျက် လေပြီ။ မြစ် ကဲ့သို့ ကိုယ် ပြည် ကို နှံ့ပြား လော့။
Passa-te como rio pela tua terra, ó filha de Tharsis, pois já não há precinta.
11 ၁၁ ရန်သူ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍၊ တိုင်း နိုင်ငံတို့ကို လှုပ်ရှား လေ၏။ ခါနာန် ပြည်၌ ခိုင်ခံ့ သော အရပ်တို့ကို ဖျက်ဆီး စေခြင်းငှါ ၊ ထာဝရဘုရား အမိန့် တော်ရှိ၏။
A sua mão estendeu sobre o mar, e turbou os reinos: o Senhor deu mandado contra Canaan, que se destruíssem as suas fortalezas.
12 ၁၂ ညှဉ်းဆဲ ခြင်းကို ခံရသောကညာ ၊ ဇိဒုန် မြို့၏သ္မီး ၊ သင်သည် နောက်တဖန် ရွှင်လန်း ခြင်း မ ရှိရ။ ထ လော့။ ခိတ္တိမ် ပြည်သို့ ကူး သွားလော့။ ထို အရပ်၌လည်း ငြိမ်သက် ခြင်း မ ရှိရဟု မိန့် တော်မူ၏။
E disse: Nunca mais pularás de alegria, ó oprimida donzela, filha de Sidon: levanta-te, passa a Chittim, e ainda ali não terás descanço.
13 ၁၃ အထက်က မ ရှိ သော ခါလဒဲ အမျိုးသား တို့နေသော ပြည် ကို ကြည့်ရှု လော့။ ထိုပြည်ကို အာရှုရိ မင်းသည် တောတွင်းသား တို့ နေ စရာဘို့ တည်ထောင် ၏။ ထိုပြည် သားတို့သည် ပြအိုး တို့ကို တည်ဆောက်၍၊ တုရုအိမ် တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီး ကြ၏။
Vede a terra dos caldeus, ainda este povo não era povo; a Assyria o fundou para os que moravam no deserto: levantaram as suas fortalezas, e edificaram os seus paços; porém a arruinou de todo.
14 ၁၄ တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ သင် တို့၏ မြို့ ကြီးသည် ပျက် ကုန်ပြီ။
Uivai, navios de Tharsis, porque já é destruída a vossa força.
15 ၁၅ ထို ကာလ ၌ တုရု မြို့ကို၊ မင်း ဆက်တ ဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ် ပတ်လုံး၊ အဘယ်သူမျှမ အောက်မေ့ ရ။ အနှစ် ခုနစ်ဆယ် လွန် သောအခါ ၊ ပြည်တန်ဆာ မိန်းမအားသီချင်း ဆိုသကဲ့သို့ ၊ တုရု မြို့အား သီချင်း ဆိုလိမ့်မည်။
E será naquele dia que Tiro será posta em esquecimento por setenta anos, como os dias dum rei: porém no fim de setenta anos haverá em Tiro cantigas, como a cantiga de uma prostituta.
16 ၁၆ အဘယ်သူမျှမ အောက်မေ့သော ပြည်တန်ဆာ မိန်းမ၊ စောင်း ကိုကိုင် ၍ မြို့ တွင်လှည့်လည် လော့။ သူတပါးတို့သည် သင့်ကို သတိရ စေခြင်းငှါ ၊ သာယာ သော အသံနှင့် တီး ၍၊ သီချင်း ကို များစွာဆို လော့။
Toma a harpa, rodeia a cidade, ó prostituta entregue ao esquecimento; toca bem, canta e repete a aria, para que haja memória de ti.
17 ၁၇ အနှစ် ခုနစ်ဆယ် လွန် သောအခါ ၊ ထာဝရဘုရား သည် တုရု မြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူ သည်လည်း တဖန်အမြတ် ရသောဘာသာသို့ လိုက်ပြန် ၍ ၊ မြေကြီး မျက်နှာ ပေါ် မှာ ရှိသမျှ သော လောကီ နိုင်ငံ တို့ နှင့် မတရားသော မေထုန် ကိုပြုလိမ့်မည်။
Porque será no fim de setenta anos que o Senhor visitará a Tiro, e se tornará à sua ganância de prostituta, e fornicará com todos os reinos da terra que há sobre a face da terra.
18 ၁၈ သို့ရာတွင် ၊ သူ ၏ ကုန်သွယ် ခြင်း၊ အမြတ် ရခြင်း အရာတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း လိမ့်မည်။ ဆည်းဖူး သိုထားခြင်းကို မ ပြုရ။ ကုန်သွယ် သော ဥစ္စာ သည် ထာဝရဘုရား ရှေ့ တော်၌ နေ သောသူတို့အဘို့ ဖြစ်၍သူတို့သည် ဝ စွာစား ၍ ခိုင် သောအဝတ် ကို ဝတ် ကြလိမ့်မည်။
E o seu comércio e a sua ganância de prostituta será consagrado ao Senhor; não se entesourará, nem se fechará; mas o seu comércio será para os que habitam perante o Senhor, para que comam até se saciarem, e tenham vestimenta durável.

< ဟေရှာယ 23 >