< ဟေရှာယ 23 >
1 ၁ တုရု မြို့နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ မြို့သည် အိမ် မ ရှိ၊ တည်းခို စရာ မရှိ သည် တိုင်အောင်ရှင်းရှင်းပျက်စီး လေပြီ။ ခိတ္တိမ် ပြည် မှ သိတင်းကြား ရ၏။
THE WORD CONCERNING TYRE. Howl, you ships of Carthage; for she has perished, and [men] no longer arrive from the land of the Citians: she is led captive.
2 ၂ ပင်လယ် ကူး တတ်သော ဇိဒုန် ကုန်သည် တို့သည် စည်ပင် စေသော၊ ပင်လယ် ကမ်းနားမှာ နေ သောသူတို့၊ မှိုင်တွေ ကြလော့။
To whom are the dwellers in the island become like, the merchants of Phoenice, passing over the sea
3 ၃ များ သောရေ ကို အမှီပြုသော ရှိဟောရ မျိုးစေ့ ၊ မြစ် ၏ အသီးအနှံ ကို ထိုမြို့ သည် အခွန် ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေး ဖြစ် လေပြီ။
in great waters, a generation of merchants? as when the harvest is gathered in, [so are] these traders with the nations.
4 ၄ အိုဇိဒုန် မြို့၊ ရှက် ကြောက်ခြင်းရှိလော့။ အကြောင်း မူကား၊ ပင်လယ် တည်းဟူသောပင်လယ် မြို့ကြီး က၊ ငါသည် ကိုယ်ဝန် မ ဆောင်၊ သား မ ဘွား၊ လူပျို နှင့် အပျိုမ တို့ကို မ မွေးမြူ ရဟု ပြော ဆို၏။
Be ashamed, O Sidon: the sea has said, yes, the strength of the sea has said, I have not travailed, nor brought forth, nor have I brought up young men, nor reared virgins.
5 ၅ အဲဂုတ္တု ပြည်သားတို့သည် တုရု မြို့သိတင်း ကို ကြားသောအခါ ၊ ထိုသိတင်း ကြောင့် အလွန်စိတ်ပူပန် ခြင်းသို့ ရောက်ကြလိမ့်မည်။
Moreover when it shall be heard in Egypt, sorrow shall seize them for Tyre.
6 ၆ တာရှု မြို့သို့ ကူး ကြလော့။ ပင်လယ် နားမှာ နေ သောသူတို့၊ ညည်းတွား မြည်တမ်းကြလော့။
Depart you to Carthage; howl, you that dwell in this island.
7 ၇ ဤ မြို့သည် ရှေး ကာလ ၌ တည်သဖြင့် သင် တို့ရွှင်လန်း သောမြို့လော။ ဝေး သော အရပ်၌ တည်းခို ခြင်းငှါ ၊ မိမိ ခြေ တို့သည် မိမိ ကိုဆောင် သွားကြ၏။
Was not this your pride from the beginning, before she was given up?
8 ၈ တုရု မြို့သည် ရာဇသရဖူကို ပေး တတ်သော မြို့ ဖြစ်လျက်၊ သူ ၏ကုန်သည် တို့သည် မင်းသား ၊ ဖောက်ကား ရောင်း ဝယ်သောသူတို့ သည် မြေကြီး မှုးမတ် ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူ သည် ဤ အကြံကို ကြံစည်သနည်း။
Who has devised this counsel against Tyre? Is she inferior? or has she no strength? her merchants were the glorious princes of the earth.
9 ၉ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ရှိသမျှ သော ဘုန်း အသရေ၏ မာန ကို အရှက်ခွဲ ခြင်းငှါ ၎င်း၊ မြေကြီး မှုးမတ် အပေါင်း တို့ကို ရှုတ်ချ ခြင်းငှါ ၎င်း ထိုသို့ကြံစည် တော်မူ၏။
The Lord of hosts has purposed to bring down all the pride of the glorious ones, and to disgrace every glorious thing on the earth.
10 ၁၀ အိုတာရှု မြို့၏သ္မီး ၊ ကမ်းရိုး ပျက် လေပြီ။ မြစ် ကဲ့သို့ ကိုယ် ပြည် ကို နှံ့ပြား လော့။
Till your land; for ships no more come out of Carthage.
11 ၁၁ ရန်သူ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍၊ တိုင်း နိုင်ငံတို့ကို လှုပ်ရှား လေ၏။ ခါနာန် ပြည်၌ ခိုင်ခံ့ သော အရပ်တို့ကို ဖျက်ဆီး စေခြင်းငှါ ၊ ထာဝရဘုရား အမိန့် တော်ရှိ၏။
And your hand prevails no more by sea, which troubled kings: the Lord of hosts has given a command concerning Chanaan, to destroy the strength thereof.
12 ၁၂ ညှဉ်းဆဲ ခြင်းကို ခံရသောကညာ ၊ ဇိဒုန် မြို့၏သ္မီး ၊ သင်သည် နောက်တဖန် ရွှင်လန်း ခြင်း မ ရှိရ။ ထ လော့။ ခိတ္တိမ် ပြည်သို့ ကူး သွားလော့။ ထို အရပ်၌လည်း ငြိမ်သက် ခြင်း မ ရှိရဟု မိန့် တော်မူ၏။
And [men] shall say, You shall no longer at all continue to insult and injure the daughter of Sidon: and if you depart to the Citians, neither there shall you have rest.
13 ၁၃ အထက်က မ ရှိ သော ခါလဒဲ အမျိုးသား တို့နေသော ပြည် ကို ကြည့်ရှု လော့။ ထိုပြည်ကို အာရှုရိ မင်းသည် တောတွင်းသား တို့ နေ စရာဘို့ တည်ထောင် ၏။ ထိုပြည် သားတို့သည် ပြအိုး တို့ကို တည်ဆောက်၍၊ တုရုအိမ် တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီး ကြ၏။
And [if you depart] to the land of the Chaldeans, this also is laid waste by the Assyrians, for her wall is fallen.
14 ၁၄ တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ သင် တို့၏ မြို့ ကြီးသည် ပျက် ကုန်ပြီ။
Howl, you ships of Carthage: for your strong hold is destroyed.
15 ၁၅ ထို ကာလ ၌ တုရု မြို့ကို၊ မင်း ဆက်တ ဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ် ပတ်လုံး၊ အဘယ်သူမျှမ အောက်မေ့ ရ။ အနှစ် ခုနစ်ဆယ် လွန် သောအခါ ၊ ပြည်တန်ဆာ မိန်းမအားသီချင်း ဆိုသကဲ့သို့ ၊ တုရု မြို့အား သီချင်း ဆိုလိမ့်မည်။
And it shall come to pass in that day, [that] Tyre shall be left seventy years, as the time of a king, as the time of a man: and it shall come to pass after seventy years, [that] Tyre shall be as the song of a harlot.
16 ၁၆ အဘယ်သူမျှမ အောက်မေ့သော ပြည်တန်ဆာ မိန်းမ၊ စောင်း ကိုကိုင် ၍ မြို့ တွင်လှည့်လည် လော့။ သူတပါးတို့သည် သင့်ကို သတိရ စေခြင်းငှါ ၊ သာယာ သော အသံနှင့် တီး ၍၊ သီချင်း ကို များစွာဆို လော့။
Take a harp, go about, O city, you harlot that have been forgotten; play well on the harp, sing many [songs], that you may be remembered.
17 ၁၇ အနှစ် ခုနစ်ဆယ် လွန် သောအခါ ၊ ထာဝရဘုရား သည် တုရု မြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူ သည်လည်း တဖန်အမြတ် ရသောဘာသာသို့ လိုက်ပြန် ၍ ၊ မြေကြီး မျက်နှာ ပေါ် မှာ ရှိသမျှ သော လောကီ နိုင်ငံ တို့ နှင့် မတရားသော မေထုန် ကိုပြုလိမ့်မည်။
And it shall come to pass after the seventy years, [that] God will visit Tyre, and she shall be again restored to her primitive state, and she shall be a mart for all the kingdoms of the world on the face of the earth.
18 ၁၈ သို့ရာတွင် ၊ သူ ၏ ကုန်သွယ် ခြင်း၊ အမြတ် ရခြင်း အရာတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း လိမ့်မည်။ ဆည်းဖူး သိုထားခြင်းကို မ ပြုရ။ ကုန်သွယ် သော ဥစ္စာ သည် ထာဝရဘုရား ရှေ့ တော်၌ နေ သောသူတို့အဘို့ ဖြစ်၍သူတို့သည် ဝ စွာစား ၍ ခိုင် သောအဝတ် ကို ဝတ် ကြလိမ့်မည်။
And her trade and her gain shall be holiness to the Lord: it shall not be gathered for them, but for those that dwell before the Lord, [even] all her trade, to eat and drink and be filled, and for a covenant [and] a memorial before the Lord.