< ဟေရှာယ 21 >

1 ရေ လွှမ်းမိုးသော တော နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တောင် လေမုန်တိုင်း တိုက်သကဲ့သို့ ကြောက်မက် ဘွယ်သော ပြည် ၊ တော ကြီးမှ လာ ၏။
Tamko kuhusu jangwa pembezoni mwa bahari. Kama dhuruba yenye upepo inayotokea kupita Negevi kuelekea jangwani, kutoka kwenye aridhi ya kutisha.
2 ကြောက်မက် ဘွယ်သော ရူပါရုံ ကို ငါ မြင် ရ၏။ လုယူ တတ်သောသူသည် လုယူ ၏။ ဖျက်ဆီး တတ်သောသူသည် ဖျက်ဆီး ၏။ ဧလံ ပြည်သားတို့၊ တက် သွားကြလော့။ မေဒိ ပြည်သားတို့၊ မြို့ကိုဝိုင်း ထားကြလော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွား ခြင်းရှိသမျှ ကို ငါငြိမ်း စေ၏။
Nimepewa maono ya kusikitisha: Wasaliti wamepanga hila, na waharibifu kuharibu. Nenda juu na uvamie, Elamu; zingira Media; Mimi nitasimamisha maumivu yao yote.
3 ထို့ကြောင့် ၊ ငါသည် ခါးနာလှ၏။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံ ရ၏။ နားမကြား နိုင် အောင် ပြင်းထန်စွာခံရ ၏။ မျက်စိမမြင် နိုင်အောင် မှိုင်တွေ လျက်ရှိ၏။
Hivyo basi simba wangu wamejawa na maumivu; ni kama mwanamke anayejifungua kwa uchungu yamenipata mimi; Nimeina chini kwa kile nilichokisikia; nimesumbuliwa kwa kile nilichokiona.
4 ငါ့ စိတ် နှလုံးသည် မူး လျက်ရှိ၏။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါ သည်ထိတ်လန့် လျက်ရှိ၏။ ငါ ပျော်မွေ့ သောညဉ့် ကိုဘေး နှင့် ပြည့်စုံ စေတော်မူ၏။
Moyo wangu unajinga, nimetitishika kwa hofu. Mapema jioni, mda wangu mzuri kwa siku, imeniletea hofu.
5 စားပွဲ ကိုပြင် ပြီ။ ကင်းစောင့် ကို ထား ပြီ။ စား သောက် လျက်နေကြ၏။ အိုမင်း များတို့၊ ထ ကြ၊ လွှား ကို ဆီ လောင်းကြ။
Wameandaa meza, wametawanya vitambaa, na wanakula na kunjwa; tokea, mkuu, pakeni ngao yenu kwa mafuta.
6 အကြောင်း မူကား၊ ဘုရား ရှင်က၊ သင်သွား ၍ ကင်းစောင့် ကိုထား လော့။ မြင် သည့်အတိုင်း ပြော စေလော့ ဟု ငါ့ အား မိန့် တော်မူ၏။
Hiili ndilo Bwana aliloniambia, ''Nenda, baada ya mlinzi; lazima atoe taarifa kwa kile atakacho kiona.
7 ကင်းစောင့်သည်လည်း၊ နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်း တပ် တတပ်၊ မြည်း တပ် တတပ်၊ ကုလားအုပ် တပ် တတပ်ကို မြင် ၍ ၊ သတိနှင့် စေ့စေ့ကြည့်ရှုနားထောင် ပြီးလျှင်၊
Kama ataona gari, jozi ya farasi, farasi juu ya punda na farasi juu ya ngamia, hivyo basi anatakiwa kuwa makini na kuwa macho.''
8 သခင် ၊ ကျွန်တော် သည် နေ့အချိန်၌ ကင်းမျှော်စင် ပေါ် မှာ အစဉ် ရပ် ၍၊ တညဉ့် လုံး၌လည်း ကင်း စောင့် လျက်နေပါ၏။
Mlinzi analia nje, ''Bwana, ninasimama juu ya mnara siku zote, kila siku, na kwa nguzo yangu nitasimama usiku wote.''
9 ယခု မှာ နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်း စီးသူရဲ တပ် ကို မြင် ပါသည်ဟု ခြင်္သေ့ ကဲ့သို့ကြွေးကြော် ၏။ သူ ကလည်း၊ ဗာဗုလုန် မြို့ပြိုလဲ ပြီ၊ ပြိုလဲ ပြီ၊ သူ ၏ဘုရား ရုပ်တု ဆင်းတုရှိသမျှ တို့သည် မြေ ပေါ် မှာ ကျိုးပဲ့ လျက် ရှိကြ ပါသည်ဟု ထပ်၍ဆို လေ၏။
Tazama gari linakuja na wakiwa wawili wawili. anaita, ''Babeli umeanguka, umeanguka, na sanamu za kuchonga za miungu yao zimevunjika chini.''
10 ၁၀ ငါ နင်း နယ်၍ ငါ့ တလင်း ပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ ဘုရား သခင် မိန့်တော်မူသည်ကို ငါကြား ရသည် အတိုင်း ၊ သင် တို့အား ငါဆင့်ဆို သတည်း။
Watu wangu niliwapururu na kuwapepeta, watoto niliyewatoa kwenye sakafu yangu mwenyeweNilichokisikia kutoka kwa Yahwe wa majeshi, Mungu wa Israeli, Nimekutangazia wewe.
11 ၁၁ ဒုမာ ပြည်နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ အိုကင်းစောင့် ၊ ညဉ့် အမှုကား အဘယ်သို့ နည်း။ အိုကင်းစောင့် ၊ ညဉ့် အမှုကား အဘယ်သို့ နည်းဟု စိရ တောင် ပေါ်က ငါ့ ကို ဟစ် ခေါ်လေ၏။
Tamko kuhusu Duma. Mtu mmoja amenita mimi kutoka Seiri, ''Mlinzi, ni kitu gani kilichobakizwa usiku?
12 ၁၂ ကင်းစောင့် ကလည်း၊ နံနက် သည်လာ ၏။ ညဉ့် လည်း လာ၏။ သင်တို့သည် မေးမြန်း လိုလျှင် မေးမြန်း ကြ။ ပြန် သွားကြ။ တဖန် လာကြဟု ဆို လေ၏။
Mlinzi akasema, ''Asubuhi itafika na vilevile usiku. Ikiwa unataka kuuliza basi uliza; na urudi tena.''
13 ၁၃ အာရပ် ပြည်နှင့် ဆိုင် သော ဗျာဒိတ် တော်ကား၊ ခရီးသွားသော ဒေဒန် လူစု တို့၊ သင်တို့သည် အာရပ် တော မှာ ညဉ့်ကို လွန် စေရကြမည်။
Tamko kuhusu Arabia. Katika jangwa la Arabia mmeutumia usiku, enyi misafara ya Dedanite.
14 ၁၄ တေမ ပြည် သား တို့၊ ရေ ငတ်သောသူ အဘို့ ရေ ကို ယူ ခဲ့ကြ၏။ ပြေး သောသူကို မုန့် နှင့် ဆီး ၍ ကြိုကြ၏။
Leteni maji kwa wenye kiu; wenyeji wa nchi ya Tema, waoneni watuhumiwa kwa mikate.
15 ၁၅ အကြောင်း မူကား၊ သူတို့သည် ထား ဘေး မှ ၎င်း၊ ထုတ် သောထား ၊ တင် သောလေး ၊ အလွန်ခက် သော စစ်မှုမှ ၎င်း ပြေး ကြ၏။
Maana wameukimbia upanga, kutoka upanga unaotolewa, kutoka kwenye upinde ulopinda, na kutokana na uzito wa vita.
16 ၁၆ ထာဝရ ဘုရားသည် ငါ့ အား မိန့် တော်မူသည် ကား ၊ အခစား သောသူရေတွက်သည်အတိုင်း ၊ တနှစ် တွင် ကေဒါ မြို့၏ ဘုန်း အသရေရှိသမျှ ကွယ်ပျောက် ၍၊
Maana hili ndilo Bwana alichosema na mimi, ''Ndani ya mwaka mmoja, kama mtu aliyeajiriwa kwa mwaka ataona, utukufu wa Kedari utakwisha.
17 ၁၇ ကျန် ကြွင်းသော ကေဒါ အမျိုးသား ၊ လေး စွဲသူရဲ တို့သည် အလွန် နည်း ကြလိမ့်မည်ဟု၊ ဣသရေလ အမျိုး ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
Ni baadhi ya ya wavuta upinde, mashujaa wa Kader watabakia,'' maana Bwana, Mungu wa Israeli, amesema.

< ဟေရှာယ 21 >