< ဟေရှာယ 20 >

1 အာရှုရိ ရှင်ဘုရင် သာဂုန် စေလွှတ် သော ဗိုလ် မင်းတာတန်သည် အာဇုတ် မြို့သို့ စစ် ချီ၍ ၊ ထိုမြို့ ကို လုပ်ကြံ သော နှစ် တွင်၊
In the year that Tartan came unto Ashdod, ( when Sargon the king of Assyria sent him, ) and fought against Ashdod, and took it;
2 ထာဝရဘုရား က၊ သင်သည်သွား ၍ ခါးစည်း သော လျှော်တေ အဝတ်နှင့် ခြေနင်း ကိုချွတ် လော့ဟု၊ အာမုတ် သား ဟေရှာယ ကို မိန့် တော်မူသည်အတိုင်း၊ သူသည် ပြု ၍ အဝတ် ကို မဝတ်၊ ခြေနင်း ကိုမစီးဘဲ သွား လာလျက်နေ၏။
At the same time spake Yhwh by Isaiah the son of Amoz, saying, Go and loose the sackcloth from off thy loins, and put off thy shoe from thy foot. And he did so, walking naked and barefoot.
3 ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ဟေရှာယ သည် အဲဂုတ္တု ပြည်နှင့် ကုရှ ပြည်၌ ပုပ္ပ နိမိတ်၊ အံ့ဘွယ် သော အရာကိုပြခြင်းငှါ၊ သုံး နှစ် ပတ်လုံးအဝတ် ကိုမဝတ်၊ ခြေနင်း ကိုမစီးဘဲ သွား လာသကဲ့သို့၊
And Yhwh said, Like as my servant Isaiah hath walked naked and barefoot three years for a sign and wonder upon Egypt and upon Ethiopia;
4 ထိုနည်းတူ ၊ အဲဂုတ္တု လူများကို အရှက် ခွဲခြင်း အလိုငှါ၊ အာရှုရိ ရှင် ဘုရင်သည် အဲဂုတ္တု လူနှင့် ကုရှ လူအကြီး အငယ် တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါး ကိုမျှ မ ဖုံးစေဘဲ၊ ဘမ်းဆီး ချုပ်ထားသိမ်း သွား လိမ့်မည်။
So shall the king of Assyria lead away the Egyptians prisoners, and the Ethiopians captives, young and old, naked and barefoot, even with their buttocks uncovered, to the shame of Egypt.
5 အာဇုတ်မြို့သားတို့သည် ကြောက် ကြလိမ့်မည်။ သူ တို့ ကိုးစား သော ကုရှ ပြည်ကို၎င်း ၊ ဝါကြွား သော အဲဂုတ္တု ပြည်ကို၎င်းရှက် ကြလိမ့်မည်။
And they shall be afraid and ashamed of Ethiopia their expectation, and of Egypt their glory.
6 ထို ကမ်း နားမှာ နေ သောသူများကလည်း ၊ ကြည့် ပါ၊ အာရှုရိ ရှင်ဘုရင် ၏ လက်မှ လွတ် ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ၊ ပြေး ၍ခိုလှုံ ရာအရာသည် ထိုသို့ဖြစ်ပါသည် တကား။ ငါ တို့သည် အဘယ် သို့လွတ် နိုင်ပါ မည်နည်းဟု ထို အခါ ဆို ကြလိမ့်မည်။
And the inhabitant of this isle shall say in that day, Behold, such is our expectation, whither we flee for help to be delivered from the king of Assyria: and how shall we escape?

< ဟေရှာယ 20 >