< ဟေရှာယ 2 >
1 ၁ ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို ရည်ဆောင် ၍၊ အာမုတ် ၏သား ဟေရှာယ ခံ ရသော ဗျာဒိတ် တော်အချက် ဟူမူကား၊
၁ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟူမူကား၊
2 ၂ နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော်တည်သောတောင် သည် တောင် ကြီး တောင် ငယ် တို့၏ ထိပ်ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်း သောလူမျိုး တို့သည် ထိုတောင် သို့ စည်းဝေး ကြလိမ့်မည်။
၂နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
3 ၃ များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
၃များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။
4 ၄ ထာဝရဘုရားသည် လူမျိုး တို့တွင် တရား စီရင်၍ ၊ များပြား သောသူ တို့ကို ဆုံးမ တော်မူသဖြင့် သူ တို့ထား လက်နက်များကိုထွန်သွား ဖြစ်စေခြင်းငှာ ၎င်း ၊ လှံ များကို တံစဉ် ဖြစ်စေခြင်းငှါ ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကို တပြည် စစ် မ တိုက်၊ စစ် အတတ်ကိုလည်း နောက် တဖန်မ သင် ရကြ။
၄ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။
5 ၅ အိုယာကုပ် အမျိုးသား တို့၊ လာ ကြလော့။ ထာဝရဘုရား ၏အလင်း တော်၌ ကျင်လည် ကြကုန်အံ့။
၅အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။
6 ၆ အကယ် စင်စစ်ကိုယ်တော်သည် ယာကုပ် အမျိုးသား တည်းဟူသောကိုယ်တော် ၏လူ တို့ကို စွန့်ပစ် တော်မူပြီ။ အကြောင်း မူကား၊ သူတို့သည် အရှေ့ ပြည်အတတ် နှင့် ကြွယ်ဝ ၍၊ ဖိလိတ္တိ လူတို့ကဲ့သို့ အနာဂတ္တိ ဆရာ ဖြစ်ကြ၏။ တပါး အမျိုးသားနှင့် အပေါင်း အဘော်ပြုကြ၏။
၆အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။
7 ၇ သူ တို့ပြည် သည် ရွှေ ငွေ နှင့်ကြွယ်ဝ ၍ ၊ ဥစ္စာ ပစ္စည်း အတိုင်း မသိများ၏။ သူ တို့ပြည် သည် မြင်း နှင့် ကြွယ်ဝ ၍ ၊ မြင်းရထား အတိုင်း မသိများ၏။
၇သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။
8 ၈ သူ တို့ပြည် သည် ရုပ်တု ဆင်းတုနှင့်ကြွယ်ဝ ၍၊ မိမိ လက် နှင့်လုပ် သောအရာ၊ မိမိ လက်ချောင်း တို့နှင့် ဖန်ဆင်း သော အရာကို ပင် သူတို့သည် ဦးချ ကြသည် တကား။
၈သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား။
9 ၉ ထိုကြောင့် ၊ ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သောသူလည်း ရှုတ်ချ ခြင်းကိုခံ ရလိမ့်မည်။ သူ တို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ် တော်မ မူရာ။
၉ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
10 ၁၀ ထာဝရဘုရား သည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသောထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့်၊ ကျောက် ထဲသို့ ဝင် လော့။ မြေမှုန့် ၌ ပုန်း ၍နေလော့။
၁၀ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
11 ၁၁ ထို ကာလ ၌ လူ တို့၏မော် သော မျက်နှာ ကို နှိမ့် ရမည်။ လူ တို့၏မာနကိုလည်း ရှုတ်ချ ရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
၁၁ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။
12 ၁၂ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီး မြင့်သောအရာနှင့် မိုမောက် သောအရာရှိသမျှ တို့ ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချ ခြင်းရှိကြ လိမ့်မည်။
၁၂ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။
13 ၁၃ ကြီးမြင့် သော လေဗနုန် အာရဇ် ပင် ရှိသမျှ ကို၎င်း ၊ ဗာရှန် သပိတ် ပင်ရှိသမျှ ကို၎င်း၊
၁၃ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊
14 ၁၄ မြင့် သောတောင် ရှိသမျှ ကို၎င်း ၊ မိုမောက် သော တောင်ပို့ ရှိသမျှ ကို၎င်း၊
၁၄မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊
15 ၁၅ မြင့် သော ရဲတိုက် ရှိသမျှ ကို၎င်း ၊ ခိုင်ခံ့ သော မြို့ရိုး ရှိသမျှ ကို၎င်း ၊
၁၅မြင့်သော ရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊
16 ၁၆ တာရှု သင်္ဘော အပေါင်း တို့ကို၎င်း ၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံ တို့ကို၎င်းဆီးတားလိမ့်မည်။
၁၆တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။
17 ၁၇ ထိုကာလ၌ လူ တို့၏မာန ကို ရှုတ်ချ ၍ ၊ လူ တို့၏ စိတ် မြင့်သော သဘောကိုနှိမ့် ရမည်။ ထာဝရဘုရား တပါး တည်းသာ ချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
၁၇ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည်။
18 ၁၈ ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်း ကွယ်ပျောက် ကြ လိမ့်မည်။
၁၈ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည်။
19 ၁၉ ထာဝရဘုရားသည် မြေကြီး ကိုချောက် လှန့်အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် လူတို့သည် ကျောက် တွင်း ၊ မြေ တွင်း ထဲသို့ ဝင် ကြလိမ့်မည်။
၁၉ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
20 ၂၀ ထိုကာလ ၌ လူ တို့သည် မိမိ တို့ကိုးကွယ် ဘို့ မိမိတို့ လုပ် ဘူးသော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ် ထားကြလိမ့်မည်။
၂၀ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်။
21 ၂၁ ထာဝရဘုရားသည် မြေကြီး ကို ချောက်လှန့် အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရား ကို ကြောက် ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် ကျောက် တွင်း ၊ ချောက် ကြားထဲသို့ ပြေး ဝင်ကြလိမ့်မည်။
၂၁ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။
22 ၂၂ နှာခေါင်း နှင့်အသက် ရှူတတ်သော လူ သတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူ ကိုအဘယ် သို့ ပမာဏ ပြုစရာရှိသနည်း။
၂၂နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။