< ဟေရှာယ 2 >

1 ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို ရည်ဆောင် ၍၊ အာမုတ် ၏သား ဟေရှာယ ခံ ရသော ဗျာဒိတ် တော်အချက် ဟူမူကား၊
Ko te kupu i kitea e Ihaia tama a Amoho mo Hura raua ko Hiurharama.
2 နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော်တည်သောတောင် သည် တောင် ကြီး တောင် ငယ် တို့၏ ထိပ်ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်း သောလူမျိုး တို့သည် ထိုတောင် သို့ စည်းဝေး ကြလိမ့်မည်။
Na tenei ake, kei nga ra whakamutunga, ka whakapumautia te maunga i to Ihowa whare ki te tihi o nga maunga, ka whakanekehia ake ano ki runga i nga pukepuke; a ka rere nga iwi katoa ki reira.
3 များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
Ka haere hoki nga iwi maha, ka mea, Haere mai, tatou ka haere ki runga ki te maunga o Ihowa, ki te whare o te Atua o Hakopa: ka whakaakona tatou e ia ki ana ara; ka haere hoki tatou i ana huarahi; no te mea ka puta mai te ture i Hiona, me te kupu a Ihowa i Hiruharama.
4 ထာဝရဘုရားသည် လူမျိုး တို့တွင် တရား စီရင်၍ ၊ များပြား သောသူ တို့ကို ဆုံးမ တော်မူသဖြင့် သူ တို့ထား လက်နက်များကိုထွန်သွား ဖြစ်စေခြင်းငှာ ၎င်း ၊ လှံ များကို တံစဉ် ဖြစ်စေခြင်းငှါ ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကို တပြည် စစ် မ တိုက်၊ စစ် အတတ်ကိုလည်း နောက် တဖန်မ သင် ရကြ။
Ka whakarite hoki ia i nga whakawa a nga iwi, ka riria ano e ia nga iwi maha: na ka patupatua e ratou a ratou hoari hei hea parau, a ratou tao hei mea tapahi manga; e kore tetahi iwi e hapai hoari ki tetahi iwi, mutu pu ta ratou ako ki te whawhai.
5 အိုယာကုပ် အမျိုးသား တို့၊ လာ ကြလော့။ ထာဝရဘုရား ၏အလင်း တော်၌ ကျင်လည် ကြကုန်အံ့။
E te whare o Hakopa, haere mai, tena tatou ka haere i to Ihowa marama.
6 အကယ် စင်စစ်ကိုယ်တော်သည် ယာကုပ် အမျိုးသား တည်းဟူသောကိုယ်တော် ၏လူ တို့ကို စွန့်ပစ် တော်မူပြီ။ အကြောင်း မူကား၊ သူတို့သည် အရှေ့ ပြည်အတတ် နှင့် ကြွယ်ဝ ၍၊ ဖိလိတ္တိ လူတို့ကဲ့သို့ အနာဂတ္တိ ဆရာ ဖြစ်ကြ၏။ တပါး အမျိုးသားနှင့် အပေါင်း အဘော်ပြုကြ၏။
Kua whakarerea nei e koe tau iwi, te whare o Hakopa, no te mea kei te ki ratou i nga tikanga mai no te rawhiti, a he tohunga maori ratou, he pera me nga Pirihitini, e papaki ringa ana hoki ratou me nga tamariki a rau o iwi.
7 သူ တို့ပြည် သည် ရွှေ ငွေ နှင့်ကြွယ်ဝ ၍ ၊ ဥစ္စာ ပစ္စည်း အတိုင်း မသိများ၏။ သူ တို့ပြည် သည် မြင်း နှင့် ကြွယ်ဝ ၍ ၊ မြင်းရထား အတိုင်း မသိများ၏။
Ki tonu hoki to ratou whenua i te hiriwa, i te koura, a kahore he mutunga o o ratou taonga: kapi tonu hoki to ratou whenua i te hoiho, a kahore he mutunga o a ratou hariata.
8 သူ တို့ပြည် သည် ရုပ်တု ဆင်းတုနှင့်ကြွယ်ဝ ၍၊ မိမိ လက် နှင့်လုပ် သောအရာ၊ မိမိ လက်ချောင်း တို့နှင့် ဖန်ဆင်း သော အရာကို ပင် သူတို့သည် ဦးချ ကြသည် တကား။
Ko to ratou whenua ki tonu i te whakapakoko; e koropiko ana ratou ki te mahi a o ratou ringa, ki ta o ratou maihao i hanga ai.
9 ထိုကြောင့် ၊ ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သောသူလည်း ရှုတ်ချ ခြင်းကိုခံ ရလိမ့်မည်။ သူ တို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ် တော်မ မူရာ။
A e whakapikoa ana te tangata ware, e whakaititia ana te tangata nui; mo reira kaua ratou e tohungia.
10 ၁၀ ထာဝရဘုရား သည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသောထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့်၊ ကျောက် ထဲသို့ ဝင် လော့။ မြေမှုန့် ၌ ပုန်း ၍နေလော့။
E tomo ki roto ki te kamaka, e huna ki roto ki te puehu, i te wehi ki a Ihowa, i te kororia o tona nui.
11 ၁၁ ထို ကာလ ၌ လူ တို့၏မော် သော မျက်နှာ ကို နှိမ့် ရမည်။ လူ တို့၏မာနကိုလည်း ရှုတ်ချ ရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
Ka whakaititia nga kanohi whakapehapeha o te tangata, ka whakapikoa iho ano hoki te whakakae o nga tangata, a ko Ihowa anake e whakanuia i taua ra.
12 ၁၂ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီး မြင့်သောအရာနှင့် မိုမောက် သောအရာရှိသမျှ တို့ ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချ ခြင်းရှိကြ လိမ့်မည်။
No te mea ka tae iho he ra no Ihowa o nga mano ki te hunga whakapehapeha, ki te hunga whakakae katoa, ki te hunga katoa kua neke ake; a ka whakaititia iho:
13 ၁၃ ကြီးမြင့် သော လေဗနုန် အာရဇ် ပင် ရှိသမျှ ကို၎င်း ၊ ဗာရှန် သပိတ် ပင်ရှိသမျှ ကို၎င်း၊
Ki nga hita katoa ano o Repanona kua tiketike, kua neke ake, ki nga oki katoa ano o Pahana;
14 ၁၄ မြင့် သောတောင် ရှိသမျှ ကို၎င်း ၊ မိုမောက် သော တောင်ပို့ ရှိသမျှ ကို၎င်း၊
Ki nga maunga tiketike katoa, ki nga pukepuke katoa kua purero ki runga:
15 ၁၅ မြင့် သော ရဲတိုက် ရှိသမျှ ကို၎င်း ၊ ခိုင်ခံ့ သော မြို့ရိုး ရှိသမျှ ကို၎င်း ၊
Ki nga pourewa tiketike katoa, ki nga taiepa kaha katoa ano hoki,
16 ၁၆ တာရှု သင်္ဘော အပေါင်း တို့ကို၎င်း ၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံ တို့ကို၎င်းဆီးတားလိမ့်မည်။
Ki nga kaipuke katoa o Tarahihi, ki nga whakaahua katoa e minaminatia ana.
17 ၁၇ ထိုကာလ၌ လူ တို့၏မာန ကို ရှုတ်ချ ၍ ၊ လူ တို့၏ စိတ် မြင့်သော သဘောကိုနှိမ့် ရမည်။ ထာဝရဘုရား တပါး တည်းသာ ချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
A e whakapikoa iho to te tangata whakapehapeha, e whakaititia iho ana ano hoki te whakakake o nga tangata, ko Ihowa anake e whakanuia i taua ra.
18 ၁၈ ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်း ကွယ်ပျောက် ကြ လိမ့်မည်။
A ka ngaro whakarere nga whakapakoko,
19 ၁၉ ထာဝရဘုရားသည် မြေကြီး ကိုချောက် လှန့်အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် လူတို့သည် ကျောက် တွင်း ၊ မြေ တွင်း ထဲသို့ ဝင် ကြလိမ့်မည်။
A ka haere nga tangata ki nga ana o nga kamaka, ki nga rua o te whenua, i te wehi ki a Ihowa, i te kororia o tona nui, ina whakatika ia ki te rure kaha i te whenua.
20 ၂၀ ထိုကာလ ၌ လူ တို့သည် မိမိ တို့ကိုးကွယ် ဘို့ မိမိတို့ လုပ် ဘူးသော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ် ထားကြလိမ့်မည်။
A taua ra ka akiritia atu e te tangata ana whakapakoko hiriwa me ana whakapakoko koura i hanga e ratou hei koropikotanga mana, ki nga kiore, ki nga pekapeka;
21 ၂၁ ထာဝရဘုရားသည် မြေကြီး ကို ချောက်လှန့် အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရား ကို ကြောက် ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် ကျောက် တွင်း ၊ ချောက် ကြားထဲသို့ ပြေး ဝင်ကြလိမ့်မည်။
Haere ai ki nga ana o nga kohatu, ki nga kapiti o nga kamaka, i te wehi ki a Ihowa, i te kororia o tona nui, ina whakatika ia ki te rurerure i te whenua.
22 ၂၂ နှာခေါင်း နှင့်အသက် ရှူတတ်သော လူ သတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူ ကိုအဘယ် သို့ ပမာဏ ပြုစရာရှိသနည်း။
Kati ta koutou mea ki te tangata kei ona pongaponga nei tona manawa; kia pehea hoki te whakaaro ki a ia?

< ဟေရှာယ 2 >