< ဟေရှာယ 19 >
1 ၁ အဲဂုတ္တု ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ ကြည့်ရှု လော့။ ထာဝရဘုရား သည် လျင်မြန် သော မိုဃ်းတိမ် ကို စီး ၍ အဲဂုတ္တု ပြည်သို့ ကြွ တော်မူ၏။ ရှေ့ တော်၌ အဲဂုတ္တု ပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား ၍ ၊ အဲဂုတ္တု ပြည်၏ နှလုံး သည် သူ ၏အထဲ မှာ အရည် ကျိုလျက် ရှိလိမ့်မည်။
The burden of Egypt. Behold, the LORD rides upon a swift cloud, and shall come into Egypt: and the idols of Egypt shall be moved at his presence, and the heart of Egypt shall melt in the midst of it.
2 ၂ အဲဂုတ္တု ပြည်သားတို့သည် အချင်းချင်းတ ယောက်နှင့် တယောက် ရန်ပြု စေခြင်းငှါ ငါနှိုးဆော် သဖြင့် ၊ သူတို့သည် ညီအစ်ကို ချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊ တမြို့ နှင့် တမြို့ ၊ တနိုင်ငံ နှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။
And I will set the Egyptians against the Egyptians: and they shall fight every one against his brother, and every one against his neighbour; city against city, and kingdom against kingdom.
3 ၃ အဲဂုတ္တု ပြည်၏ စိတ် သည် သူ ၏အထဲ မှာ ပျက် လိမ့်မည်။ သူ ၏အကြံ ကိုလည်း ငါဖျက် မည်။ သူတို့သည် ရုပ်တု တို့၌၎င်း ၊ ပြုစား သောသူတို့၌ ၎င်း ၊ နတ်ဝင်နှင့် စုန်း တို့၌၎င်း ဆည်းကပ် ကြလိမ့်မည်။
And the spirit of Egypt shall fail in the midst thereof; and I will destroy the counsel thereof: and they shall seek to the idols, and to the charmers, and to them that have familiar spirits, and to the wizards.
4 ၄ အဲဂုတ္တု ပြည်သားတို့ကို ကြမ်းကြုတ် သော သခင် တို့ လက် သို့ ငါအပ် သဖြင့် ၊ ပြင်းထန် သော ရှင်ဘုရင် တပါးသည် အုပ်စိုး လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူ၏။
And the Egyptians will I give over into the hand of a cruel lord; and a fierce king shall rule over them, says the Lord, the LORD of hosts.
5 ၅ ထိုအခါပင်လယ် ရေ ပြတ် လိမ့်မည်။ မြစ် ရေ လည်း လျော့ ၍ ခန်းခြောက် လိမ့်မည်။
And the waters shall fail from the sea, and the river shall be wasted and dried up.
6 ၆ ချောင်း ရေများလည်း ပုပ် ကြလိမ့်မည်။ အဲဂုတ္တု မြစ် လက်ကြားတို့လည်း ရေ ပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင် နှင့် ကိုင်း ပင်တို့သည် ညှိုးနွမ်း ကြလိမ့်မည်။
And they shall turn the rivers far away; and the brooks of defence shall be emptied and dried up: the reeds and flags shall wither.
7 ၇ မြစ် လက်ကြားနားနှင့် ချောင်း ဝ နား မှာ ပေါက် သော မြက်ပင် အစရှိသော၊ မြစ် နားမှာ စိုက် သမျှ တို့သည် ညှိုးနွမ်း ပျက်စီး ပ ပျောက်ကြလိမ့်မည်။
The paper reeds by the brooks, by the mouth of the brooks, and every thing sown by the brooks, shall wither, be driven away, and be no more.
8 ၈ တံငါ တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ၌ ငါးမျှား ကို ချ သမျှ သောသူတို့သည် မြည်တမ်း ၍ ရေ ပေါ် မှာ ပိုက်ကွန် ကို ဖြန့် တတ်သောသူတို့ သည် စိတ်ပျက် ကြလိမ့်မည်။
The fishers also shall mourn, and all they that cast angle into the brooks shall lament, and they that spread nets upon the waters shall languish.
9 ၉ ပိုက်ဆန် လုပ် သောသူနှင့် ဈာ မျိုးကို ရက် သောသူတို့ သည်လည်း အကျိုးနည်း ရှိကြလိမ့်မည်။
Moreover they that work in fine flax, and they that weave networks, shall be confounded.
10 ၁၀ အမှီ တကဲတို့သည် ပျက် ၍၊ အခ စား သောသူအပေါင်း တို့သည် ညှိုးငယ် သောစိတ် ရှိကြလိမ့်မည်။
And they shall be broken in the purposes thereof, all that make sluices and ponds for fish.
11 ၁၁ အကယ်စင်စစ်ဇောန မင်း တို့သည် အရူး ဖြစ် ကြ၏။ ဖာရော ဘုရင်၏ တိုင်ပင် မှူးမတ် တို့သည် မိုက် သောအကြံ ကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိ အမျိုး ၊ ရှေး ဘုရင် တို့ အနွှယ် ဖြစ်ပါသည်ဟု ဖာရော ဘုရင်အား အဘယ်ကြောင့် လျှောက် ကြသနည်း။
Surely the princes of Zoan are fools, the counsel of the wise counsellors of Pharaoh is become brutish: how say all of you unto Pharaoh, I am the son of the wise, the son of ancient kings?
12 ၁၂ သူ တို့သည် အဘယ်မှာ ရှိကြသနည်း။ သင် ၏ ပညာရှိ တို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် တဘက် ၌ အဘယ်သို့ ကြံစည် တော်မူသည်ကို ယခု ပြော ကြပါစေ။ ဘော်ပြ ကြပါစေ။
Where are they? where are your wise men? and let them tell you now, and let them know what the LORD of hosts has purposed upon Egypt.
13 ၁၃ ဇောန မင်း တို့သည် အရူး ဖြစ်ကြပြီ။ နောဗ မင်း တို့သည် မှားယွင်း ကြပြီ။ အဲဂုတ္တု ပြည်၏ အမျိုး အနွယ်များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်း စေ ကြပြီ။
The princes of Zoan are become fools, the princes of Noph are deceived; they have also seduced Egypt, even they that are the stay of the tribes thereof.
14 ၁၄ ထာဝရဘုရား သည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူး သော သဘော ကို ပြင်ဆင် တော်မူသဖြင့် ၊ ယစ်မူး သောသူသည် မိမိ အန်ဖတ် ၌ လဲ သကဲ့သို့ ၊ အဲဂုတ္တု ပြည် သားတို့သည် ပြု လေသမျှ တို့၌ မှားယွင်း ကြပြီ။
The LORD has mingled a perverse spirit in the midst thereof: and they have caused Egypt to go astray in every work thereof, as a drunken man staggers in his vomit.
15 ၁၅ အဲဂုတ္တု ပြည်၏ ဦးခေါင်း ဖြစ်စေ ၊ အမြီး ဖြစ်စေ၊ စွန်ပလွံ လက်ဖြစ်စေ ၊ ကိုင်း ပင်ဖြစ်စေ၊ ပြီးစီး နိုင်သော အမှု အလျှင်းမ ရှိရ။
Neither shall there be any work for Egypt, which the head or tail, branch or rush, may do.
16 ၁၆ ထို ကာလ ၌ အဲဂုတ္တု လူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သူ တို့အပေါ် မှာ လက် တော်ကို လှုပ်ရှား တော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ် ကြလိမ့်မည်။
In that day shall Egypt be like unto women: and it shall be afraid and fear because of the shaking of the hand of the LORD of hosts, which he shakes over it.
17 ၁၇ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အဲဂုတ္တု ပြည် တဘက် ၌ ကြံစည် တော်မူသောအကြံ အစည်ကြောင့် ၊ ယုဒ ပြည် သည်လည်း အဲဂုတ္တု ပြည်၌ ကြောက်မက် ဘွယ်ဖြစ်လိမ့်မည်။ ယုဒ ပြည်ဟူ၍ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ ကြလိမ့်မည်။
And the land of Judah shall be a terror unto Egypt, every one that makes mention thereof shall be afraid in himself, because of the counsel of the LORD of hosts, which he has determined against it.
18 ၁၈ ထို ကာလ ၌ အဲဂုတ္တု ပြည် တွင် ၊ မြို့ ငါး မြို့တို့သည် ခါနာန် ဘာသာ စကားကို ပြော ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ သစ္စာ တော်ကိုခံ ကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တ မြို့ကို သူရိယာ မြို့ ဟူ၍ခေါ်ဝေါ် ကြ လိမ့်မည်။
In that day shall five cities in the land of Egypt speak the language of Canaan, and swear to the LORD of hosts; one shall be called, The city of destruction.
19 ၁၉ ထို ကာလ ၌ အဲဂုတ္တု ပြည် အလယ် တွင် ၊ ထာဝရဘုရား ကို ပူဇော်ရာယဇ် ပလ္လင် ရှိ လိမ့်မည်။ ပြည် စွန်း နား တွင် လည်း ထာဝရဘုရား အဘို့ မှတ်တိုင် ရှိလိမ့်မည်။
In that day shall there be an altar to the LORD in the midst of the land of Egypt, and a pillar at the border thereof to the LORD.
20 ၂၀ ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ် လက္ခဏာဖြစ် လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ သက်သေ လည်း ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲ ခြင်းကို ခံရသောကြောင့် ၊ ထာဝရဘုရား ကို အော်ဟစ် ကြသည်ရှိ သော်၊ ကယ်တင် သောအရှင်၊ အမှုစောင့် သခင်ကို သူ တို့ရှိရာသို့ စေ လွှတ် တော်မူ၍ ၊ ထိုသခင်သည် ကယ်တင် တော်မူ၏။
And it shall be for a sign and for a witness unto the LORD of hosts in the land of Egypt: for they shall cry unto the LORD because of the oppressors, and he shall send them a saviour, and a great one, and he shall deliver them.
21 ၂၁ အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍၊ ထို ကာလ ၌ အဲဂုတ္တု လူတို့သည် ထာဝရဘုရား ကို သိ သောကြောင့်၊ ပူဇော် သက္ကာအလှု ဒါနကို ဆက်ကပ်၍ ဝတ်ပြု ကြလိမ့်မည်။ ထာဝရဘုရား ရှေ့ တော်၌ သစ္စာ ဂတိထား ၍ ၊ ထားသည့်အတိုင်း ပြု ကြလိမ့်မည်။
And the LORD shall be known to Egypt, and the Egyptians shall know the LORD in that day, and shall do sacrifice and oblation; yea, they shall vow a vow unto the LORD, and perform it.
22 ၂၂ ထာဝရဘုရား သည်လည်း အဲဂုတ္တု ပြည်ကို ဒဏ်ခတ် ၍ ၊ ခတ် ပြီးသော ဒဏ်ရာကို ပျောက် စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ကြ သည့်ကာလ၊ သူ တို့တောင်းပန်ခြင်းကို နားထောင် ၍ ဒဏ်ရာကို ပျောက် စေတော်မူမည်။
And the LORD shall strike Egypt: he shall strike and heal it: and they shall return even to the LORD, and he shall be implored of them, and shall heal them.
23 ၂၃ ထို ကာလ ၌ အဲဂုတ္တု ပြည်မှ သည် အာရှုရိ ပြည် တိုင်အောင် ၊ လမ်း တွင် လိမ့်မည်။ အာရှုရိ လူသည် အဲဂုတ္တု ပြည်သို့ ၎င်း၊ အဲဂုတ္တု လူသည်၊ အာရှုရိ ပြည်သို့ ၎င်း သွားလာ ၍ အဲဂုတ္တု လူနှင့် အာရှုရိ လူတို့သည် တညီတညွတ်တည်း ဝတ်ပြု ကြလိမ့်မည်။
In that day shall there be a highway out of Egypt to Assyria, and the Assyrian shall come into Egypt, and the Egyptian into Assyria, and the Egyptians shall serve with the Assyrians.
24 ၂၄ ထို ကာလ ၌ ဣသရေလ အမျိုးသည် အဲဂုတ္တု အမျိုးနှင့် ၎င်း ၊ အာရှုရိ အမျိုးနှင့် ၎င်း ပေါင်း၍၊ တတိယ အမျိုးတည်းဟူသောမြေကြီး အလယ် ၌ မင်္ဂလာ ပြုသော အမျိုး ဖြစ် လိမ့်မည်။
In that day shall Israel be the third with Egypt and with Assyria, even a blessing in the midst of the land:
25 ၂၅ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကလည်း၊ ငါ ၏ လူ အဲဂုတ္တု အမျိုး၊ ငါ ပြုပြင် သော အာရှုရိ အမျိုး၊ ငါ ၏ အမွေ ဥစ္စာဖြစ်သော ဣသရေလ အမျိုးသည် မင်္ဂလာ ရှိစေသတည်းဟု ကောင်းကြီး ပေး တော်မူလိမ့်မည်။
Whom the LORD of hosts shall bless, saying, Blessed be Egypt my people, and Assyria the work of my hands, and Israel mine inheritance.