< ဟေရှာယ 18 >

1 အဲသယောပိ မြစ် များအနား မှာ အသံမြည်တတ် သော အတောင် ရှိ၍၊
Woe to the land of the rustling of wings, which is along the rivers of Cush;
2 ပင်လယ် လမ်းဖြင့် ၎င်း၊ ရေ ပေါ် ၌ဂမာ လှေ ဖြင့် ၎င်း ၊ သံတမန် တို့ကို လွှတ် တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ယခုတိုင်အောင်၊ ကြောက်မက် ဖွယ်ဖြစ်ထသော၊ ခွန်အား ကြီး၍ နှိမ်နင်း တတ်ထသော၊ မြစ် ကွဲပြား သော မြေ ၌နေသောလူမျိုး ထံသို့၊ လျင်မြန် သောတံမန် တို့၊ သွား ကြလော့။
who send ambassadors by the sea, in vessels of papyrus on the waters. Go, you swift messengers, to a nation tall and smooth, to a people feared far and near, a nation strong and trampling down, whose land the rivers divide.
3 လောကီ နိုင်ငံ၌ နေ သောမြေကြီး သား အပေါင်း တို့၊ တောင် ပေါ်မှာ အလံ ကို ထူ သောအခါ ကြည့် ရှုကြ လော့။ တံပိုး မှုတ် သောအခါ နားထောင် ကြလော့။
All you inhabitants of the world and you who live on the earth, when a signal is lifted up on the mountains, look; and when the trumpet is blown, listen.
4 ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ နေ အရောင်ထဲမှာ ကြည်လင် သော အရှိန် ကဲ့သို့ ၎င်း၊ အသီးအနှံကို သိမ်း ယူရာ ပူ သောကာလ၌ နှင်း နှင့် ပြည့်စုံသော မိုဃ်းတိမ် ကဲ့သို့ ၎င်း၊ ငါသည်ကျိန်းဝပ် ၍ ငါ့ နေရာ အရပ်မှာ ကြည့် ရှုမည်။
This is what Yahweh said to me, “I will quietly observe from my home, like the simmering heat in sunshine, like a cloud of mist in the heat of harvest.
5 စပျစ်သီး ကို သိမ်းယူ ရာ ကာလမတိုင်မှီ အငုံစေ့စုံ၍၊ အပွင့် လည်း လုံးသောအသီး ဖြစ် စဉ်အခါ၊ အညွန့် များကို တံစဉ် နှင့် ဖြတ်၍ ၊ အခက် အလက်များကို သုတ်သင် ပယ်ရှင်းတော်မူမည်။
Before the harvest, when the blossoming is over, and the flower is ripening into a grape, he will cut off the sprigs with pruning hooks, and he will cut down and take away the spreading branches.
6 သူတို့သည် တောင် ပေါ်မှာ နေတတ်သော ငှက် များ၊ တောသားရဲ များတို့၏ အဘို့ ဖြစ်၍၊ ငှက် တို့သည် နွေ ကာလ၌၎င်း၊ သားရဲ အပေါင်း တို့သည် ဆောင်း ကာလ၌၎င်း၊ သူ တို့အပေါ် မှာ နေကြလိမ့်မည်။
They will be left together for the birds of the mountains and for the animals of the earth. The birds will summer on them, and all the animals of the earth will winter on them.”
7 ထို အခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ယခုတိုင်အောင်ကြောက်မက် ဘွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်း တတ်ထသော၊ မြစ် များ ကွဲပြား သော မြေ ၌နေသောလူမျိုး သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်တည် ရာဇိအုန် တောင် သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဘို့ လက်ဆောင် ပဏ္ဏာကို ဆောင် ခဲ့ကြလိမ့် သတည်း။
At that time tribute will be brought to Yahweh of hosts from a people tall and smooth, from a people feared far and near, a nation strong and trampling down, whose land the rivers divide, to the place of the name of Yahweh of hosts, to Mount Zion.

< ဟေရှာယ 18 >