< ဟေရှာယ 18 >
1 ၁ အဲသယောပိ မြစ် များအနား မှာ အသံမြည်တတ် သော အတောင် ရှိ၍၊
Woe to the land with spreading wings, which is beyond the rivers of Cush,
2 ၂ ပင်လယ် လမ်းဖြင့် ၎င်း၊ ရေ ပေါ် ၌ဂမာ လှေ ဖြင့် ၎င်း ၊ သံတမန် တို့ကို လွှတ် တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ယခုတိုင်အောင်၊ ကြောက်မက် ဖွယ်ဖြစ်ထသော၊ ခွန်အား ကြီး၍ နှိမ်နင်း တတ်ထသော၊ မြစ် ကွဲပြား သော မြေ ၌နေသောလူမျိုး ထံသို့၊ လျင်မြန် သောတံမန် တို့၊ သွား ကြလော့။
That sendeth on the sea ambassadors, and in vessels of bulrushes messengers over the face of the waters. Go, ye swift messengers, to a nation pulled and torn, to a people terrible from their beginning and onward; a nation meted out and trodden down, whose land the rivers have spoiled!
3 ၃ လောကီ နိုင်ငံ၌ နေ သောမြေကြီး သား အပေါင်း တို့၊ တောင် ပေါ်မှာ အလံ ကို ထူ သောအခါ ကြည့် ရှုကြ လော့။ တံပိုး မှုတ် သောအခါ နားထောင် ကြလော့။
All ye inhabitants of the world, and dwellers on the earth, when the ensign is lifted up on the mountains, see ye; and when the cornet is blown, hear ye.
4 ၄ ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ နေ အရောင်ထဲမှာ ကြည်လင် သော အရှိန် ကဲ့သို့ ၎င်း၊ အသီးအနှံကို သိမ်း ယူရာ ပူ သောကာလ၌ နှင်း နှင့် ပြည့်စုံသော မိုဃ်းတိမ် ကဲ့သို့ ၎င်း၊ ငါသည်ကျိန်းဝပ် ၍ ငါ့ နေရာ အရပ်မှာ ကြည့် ရှုမည်။
For so hath said the Lord unto me, I will take my rest, and I will look down on my dwelling-place like a clear heat upon herbs, and like a cloud of dew in the heat of harvest.
5 ၅ စပျစ်သီး ကို သိမ်းယူ ရာ ကာလမတိုင်မှီ အငုံစေ့စုံ၍၊ အပွင့် လည်း လုံးသောအသီး ဖြစ် စဉ်အခါ၊ အညွန့် များကို တံစဉ် နှင့် ဖြတ်၍ ၊ အခက် အလက်များကို သုတ်သင် ပယ်ရှင်းတော်မူမည်။
For before the harvest, when the blossom is past, and the flower becometh a ripening grape, will he both cut off the tendrils with pruning-knives, and the sprigs will he remove and cut down.
6 ၆ သူတို့သည် တောင် ပေါ်မှာ နေတတ်သော ငှက် များ၊ တောသားရဲ များတို့၏ အဘို့ ဖြစ်၍၊ ငှက် တို့သည် နွေ ကာလ၌၎င်း၊ သားရဲ အပေါင်း တို့သည် ဆောင်း ကာလ၌၎င်း၊ သူ တို့အပေါ် မှာ နေကြလိမ့်မည်။
They shall be left together unto the birds of prey of the mountains, and to the beasts of the earth: and the birds of prey shall summer upon them, and all the beasts of the earth shall winter upon them.
7 ၇ ထို အခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ယခုတိုင်အောင်ကြောက်မက် ဘွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်း တတ်ထသော၊ မြစ် များ ကွဲပြား သော မြေ ၌နေသောလူမျိုး သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်တည် ရာဇိအုန် တောင် သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဘို့ လက်ဆောင် ပဏ္ဏာကို ဆောင် ခဲ့ကြလိမ့် သတည်း။
At that time shall be brought as a present unto the Lord of hosts a people pulled and torn, and a people terrible from their beginning and onward; a nation meted out and trodden under foot, whose land the rivers have spoiled, to the place of the name of the Lord of hosts, the mount Zion.