< ဟေရှာယ 16 >
1 ၁ မြေ ရှင် ထံသို့သိုးသငယ် ကိုပေး လိုက်ကြလော့။ သေလ မြို့မှ တော တရှောက်လုံး၊ ဇိအုန် သတို့သမီး ၏ တောင် သို့ ပေးလိုက်ကြလော့။
And they will send ... to the mountain of the daughter of Zion.
2 ၂ မိမိအသိုက် ကို စွန့်ပစ် ၍ လည် ရသောငှက် ကဲ့သို့ ၊ မောဘ သမီး တို့သည် အာနုန် မြစ်ကူး ရာကမ်းနားမှာ ရှိ ကြလိမ့်မည်။
For the daughters of Moab will be like wandering birds, like a place from which the young birds have gone in flight, at the ways across the Arnon.
3 ၃ အကြံ ပေး လော့။ တရား သဖြင့် စီရင် လော့။ မွန်းတည့် အလင်းထဲ ၌ ညဉ့် ကဲ့သို့ သင် ၏အရိပ် ကို ဖြစ် စေလော့။ နှင်ထုတ် သောသူတို့ကို ဝှက် ထားလော့။ ပြေး သောသူတို့ ကို မ ပြ နှင့်။
Give wise directions, make a decision; let your shade be as night in full day: keep safe those who are in flight; do not give up the wandering ones.
4 ၄ မောဘ ပြည်မှ နှင်ထုတ် သောသူတို့ သည် သင် နှင့်အတူ နေ ကြစေလော့။ ဖျက်ဆီး သောသူ၏ လက်မှ လွတ် စေခြင်းငှါ သူ တို့ကိုစောင့်မလော့။ သင့်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီး သောသူ ပြတ် လေ၏။ နှိပ် နင်းသောသူတို့ ကို မြေ ပေါ်က ပယ်ရှင်း လေပြီ။
Let those who have been forced out of Moab have a resting-place with you; be a cover to them from him who is making waste their land: till the cruel ones are cut off, and wasting has come to an end, and those who take pleasure in crushing the poor are gone from the land.
5 ၅ ရာဇ ပလ္လင်သည်လည်း ၊ ကရုဏာ ၌ တည် လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ သောသူသည် ဖြောင့်မတ် စွာ စစ်ကြော ၍ ၊ တရား မှုကို အလျင် အမြန်ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ် မင်း၏ တဲ တော်၌ တရား စီရင်တော်မူလိမ့်မည်။
Then a king's seat will be based on mercy, and one will be seated on it in the tent of David for ever; judging uprightly, and quick to do righteousness.
6 ၆ မောဘ ၏ မာန ကို ငါတို့သည်ကြား သိကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ ထောင်လွှား စော်ကား ခြင်း၊ ဒေါသ အမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါကြွား သော စကားကိုပြောတတ်၏။
We have had word of the pride of Moab, how great it is; how he is lifted up in pride and passion: his high words about himself are false.
7 ၇ ထို့ကြောင့်၊ မောဘ သည် မိမိအတွက် ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှ တို့သည် ညည်းတွား မြည်တမ်းကြလိမ့်မည်။ ကိရဟရက် မြို့ပျက် သည်အတွက် သင်တို့သည်ညည်းတွား ကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။
For this cause everyone in Moab will give cries of grief for Moab: crushed to the earth, they will be weeping for the men of Kir-hareseth.
8 ၈ ဟေရှဘုန် လယ်ပြင် တို့သည် သွေ့ခြောက် ကြ ၏။ စိဗမာ စပျစ် နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသား မင်း တို့သည် ချိုး ကြပြီ။ ထိုအညွန့် တို့သည် အထက်က ယာဇာ မြို့တိုင်အောင် ရောက် ၍၊ တော ၌လည် တတ်ကြ၏။ အလက် တို့သည် ရှည်လျား ၍၊ ပင်လယ် ကိုလွန် ကြ၏။
For the fields of Heshbon are waste, the vine of Sibmah is dead; the lords of nations were overcome by the produce of her vines; her vine-plants went as far as Jazer, and came even to the waste land; her branches were stretched out to the sea.
9 ၉ ထို့ကြောင့် ၊ ယာဇာ မြို့အတွက်မျက်ရည် ကျသကဲ့သို့ ၊ စိဗမာ စပျစ် နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန် မြို့နှင့် ဧလာလေ မြို့၊ ငါ သည် မျက်ရည် ကျလျက် သင့် ကိုရေလောင်း မည်။ အကြောင်း မူကား၊ သင် ၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။
For this cause my sorrow for the vine of Sibmah will be like the weeping for Jazer: my eyes are dropping water on you, O Heshbon and Elealeh! For they are sounding the war-cry over your summer fruits and the getting in of your grain;
10 ၁၀ ဝပြော သောလယ်ပြင်ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်း ပြတ် လေပြီ။ စပျစ် ဥယျာဉ်၌ သီချင်း မ ဆိုရကြ။ မ ကြွေးကြော် ရကြ။ စပျစ်သီး နယ်ရာကျင်း၌ စပျစ်သီးကိုနင်း သောသူလည်း မ နင်း ရ။ ကြွေးကြော် သော အသံ ကိုလည်းငါ ပြတ် စေပြီ။
And all joy is gone; no longer are they glad for the fertile field; and in the vine-gardens there are no songs or sounds of joy: the crushing of grapes has come to an end, and its glad cry has been stopped.
11 ၁၁ ထို့ကြောင့် ၊ ငါ့ ဝမ်း သည် မောဘ ပြည်အတွက် ၊ ငါ့ အအူ သည် ကိရဟရက် မြို့အတွက် ၊ စောင်း ကဲ့သို့ မြည် ရ လိမ့်မည်။
For this cause the cords of my heart are sounding for Moab, and I am full of sorrow for Kir-heres.
12 ၁၂ ထိုအခါ မောဘ သည် မိမိမြင့် သောအရပ်၌ မိမိကို ပင်ပန်း စေခြင်း၊ ပဌနာ ပြုအံ့သောငှါ မိမိ သန့်ရှင်း ရာ ဌာနသို့ ဝင် ခြင်းအရာသည် ထင်ရှား သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။
And when Moab goes up to the high place, and makes prayer in the house of his god, it will have no effect.
13 ၁၃ ထိုသို့ ထာဝရဘုရား သည် မောဘ ၏ အကြောင်း စကား ကို အထက်က မိန့် တော်မူ၏။
This is the word which the Lord said about Moab in the past.
14 ၁၄ ယခုတဖန် မိန့် တော်မူသည်ကား၊ အခစား သောသူရေတွက် သည်အတိုင်း၊ သုံး နှစ် လွန်မှ၊ မောဘ ပြည်၏ ဘုန်း အသရေသည် မိမိအလုံး အရင်းနှင့်တကွ ရှုတ်ချ ခြင်းသို့ ရောက်ရမည်။ ကျန် ကြွင်းသောသူတို့သည် အလွန်နည်း ၍၊ ခွန်အား ကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
But now the Lord has said, In three years, the years of a servant working for payment, the glory of Moab, all that great people, will be turned to shame, and the rest of Moab will be very small and without honour.