< ဟေရှာယ 15 >

1 မောဘ ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘ ပြည်အာရ မြို့သည် ပျက်စီး ၏။ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘပြည် ကိရ မြို့သည် ပျက်စီး ၏။
ဤ​ဗျာ​ဒိတ်​တော်​သည်​မော​ဘ​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ အာ​ရ​မြို့​နှင့်၊ ကိ​ရ​မြို့​တို့​သည်​တစ်​ညဥ့်​ချင်း ၌​ပျက်​ပြုန်း​၍​သွား​ရကြ​လေ​သည်။ မော​ဘ ပြည်​သည်​လည်း​ဆိတ်​ငြိမ်​လျက်​နေ​၏။-
2 ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန် မြို့၌ မြင့် သောအရပ်သို့ တက် ၍ ငိုကြွေး ကြ၏။ မောဘ ပြည်သူတို့ သည် နေဗော မြို့၊ မေဒဘ မြို့ပေါ် မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူ တို့ခေါင်း ပေါ် မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ် ကိုလည်း ရိတ် ပယ် ပြီ။
ဒိ​ဘုန်​မြို့​သား​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​သို့ သွား​ရောက်​ငို​ကြွေး​ရန်​တောင်​ပေါ်​သို့ တက်​ကြ​၏။ မော​ဘ​ပြည်​သူ​တို့​သည်​လည်း နေ​ဗော​မြို့​နှင့်​မေ​ဒ​ဘ​မြို့​အ​တွက်​ဝမ်း​နည်း သ​ဖြင့်​အော်​ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သူ​တို့ သည်​ဝမ်း​နည်း​ခြင်း​အ​ထိမ်း​အ​မှတ်​ဖြင့် ဆံ​ပင်​နှင့် မုတ်​ဆိတ်​များ​ကို​ရိတ်​ပစ်​ကြ​လေ သည်။-
3 လမ်း ခရီးတို့တွင် လျှော်တေ အဝတ်ကို ဝတ် ကြ ၍၊ အိမ်မိုး ပေါ် ၌၎င်း၊ လမ်းမ ၌ ၎င်း ရှိသမျှ သောသူတို့ သည် ညည်းတွား မြည်တမ်း၍၊ အလွန် မျက်ရည် ကျ ကြ၏။
လမ်း​များ​ပေါ်​ရှိ​လူ​တို့​သည်​လျှော်​တေ​ကို ဝတ်​ထား​ကြ​၏။ မြေ​ကွက်​လပ်​များ​နှင့်​အိမ် ခေါင်​မိုး​များ​အ​ပေါ်​၌​လည်း​ဝမ်း​နည်း ကြေ​ကွဲ​မှု​ကို​ပြ​၍​ငို​ကြွေး​ကြ​၏။-
4 ဟေရှဘုန် မြို့နှင့် ဧလာလေ မြို့တို့လည်း ငိုကြွေး ၍၊ ငိုသံ သည် ယာဟတ် မြို့တိုင်အောင် ကြား ရ၏။ မောဘ သူရဲ တို့သည်လည်း၊ တုန်လှုပ် သောစိတ် နှလုံးနှင့် ငိုကြွေး ကြ၏။
ဟေ​ရှ​ဘုန်​နှင့်​ဧ​လာ​လေ​မြို့​သူ​မြို့​သား​တို့ သည်​အော်​ဟစ်​ငို​ကြွေး​ကြ​ရာ သူ​တို့​ငို​ကြွေး သံ​ကို​ယာ​ဟတ်​မြို့​တိုင်​အောင်​ကြား​ရ​သ​ဖြင့် မော​ဘ​စစ်​သူ​ရဲ​များ​ပင်​လျှင်​တုန်​လှုပ်​ချောက် ချား​ကာ​ကြောက်​စိတ်​ဝင်​၍​လာ​ကုန်​၏။-
5 ငါ့ နှလုံး သည်လည်း၊ မောဘ အဘို့ ငိုကြွေး ၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသောနွားမ ကဲ့သို့ဇောရ မြို့တိုင်အောင် လည် ကြ၏။ လုဟိတ် တောင်ပေါ်သို့ မျက်ရည် ကျလျက် တက် ကြ၏။ ဟောရနိမ့် မြို့သို့ သွား သော လမ်း ၌ လည်း ဆုံးရှုံး ခြင်းအသံ ကို လွှင့် ကြ၏။
ငါ​သည်​မော​ဘ​ပြည်​အ​တွက်​ငို​ကျွေး​၏။ ပြည် သူ​တို့​သည်​ဇော​ရ​မြို့​ဧ​ဂ​လတ်​ရှ​လိ​ရှိ​ယ အ​ထိ​ထွက်​ပြေး​ကြ​၏။ အ​ချို့​သော​သူ​တို့ သည်​မျက်​ရည်​ကျ​လျက် လု​ဟိတ်​တောင်​လမ်း အ​တိုင်း​တက်​သွား​ကြ​၏။ အ​ချို့​တို့​က​မူ ဝမ်း​နည်း​အော်​ဟစ်​ငို​ကြွေး​ကာ ဟော​ရ​နိမ် မြို့​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-
6 အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည် ဆိတ်ညံ ၍၊ မြက်ပင် များ သွေ့ ခြောက်ခဲ့ပြီ။ ပျိုး ပင်များ လည်း သေ ခဲ့ပြီ။ စိမ်း သောအပင် တပင်မျှမ ရှိ။
နိ​မ​ရိမ်​ချောင်း​သည်​ခန်း​ခြောက်​လျက် ချောင်း​နံ ဘေး​ရှိ​မြက်​တို့​သည်​လည်း​ခြောက်​သွေ့​ခဲ့​ပြီ ဖြစ်​၍​စိမ်း​စို​နေ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​မ​ရှိ​တော့​ပေ။-
7 ထို့ကြောင့် ၊ သူတို့သည် မိမိတို့ဆည်းဖူး သော ဥစ္စာ ၊ သိုထားသောဘဏ္ဍာ များကို မိုဃ်းမခ ပင် ချိုင့် သို့ ယူ သွားကြလိမ့်မည်။
လူ​တို့​သည်​မိ​မိ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ယူ​၍ မိုး​မ​ခ​ပင်​ချိုင့်​ဝှမ်း​ကို​ဖြတ်​ကျော်​ထွက် ပြေး​ရန်​ကြိုး​စား​ကြ​၏။-
8 ငိုကြွေး သောအသံသည် မောဘ ပြည် ကို နှံ့ပြား လေ၏။ ညဉ်းတွား မြည်တမ်း သော အသံသည် ဧဂလိမ် မြို့ တိုင်အောင် ၎င်း ၊ ဗေရဧလိမ် မြို့ တိုင်အောင်၎င်း ရောက်လေ၏။
မော​ဘ​ပြည်၊ နယ်​စပ်​အ​နှံ့​အ​ပြား​တွင်​ငို ကြွေး​မြည်​တမ်း​သံ​ကို​ကြား​ရကြ​၏။ ထို အ​သံ​ကို​ဧ​ဂ​လိမ်​မြို့​နှင့်​ဗေ​ရ​ဧ​လိမ်​မြို့ မှ​ပင်​ကြား​ရ​ကြ​လေ​သည်။-
9 အကြောင်း မူကား၊ မုဒိန် မြို့ရေ တို့သည် အသွေး နှင့်ပြည့် ကြ၏။ ဒိဇုန် မြို့အပေါ် မှာ အခြား သော ဘေးများ ကို၎င်း၊ လွတ်အောင်ပြေး သော မောဘ ပြည်သားနှင့် ကျန် ကြွင်းသော ပြည် သားအပေါ် မှာ ခြင်္သေ့ တို့ကို၎င်း ငါရောက် စေမည်။
ဒိ​ဘုန်​မြို့​၌​မြစ်​ရေ​သည်​သွေး​များ​ဖြင့်​နီ မြန်း​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​မြို့​မှ​လူ​တို့​သည်​ပို​မို​ဆိုး​ရွား​သည့်​ဘေး အန္တ​ရာယ်​ကို​စီ​မံ​ထား​တော်​မူ​လေ​ပြီ။ မော​ဘ ပြည်​တွင်​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ​သည် ထို​အ​ရပ်​တွင်​ရက်​စက်​ကြမ်း​ကြုတ်​စွာ အ​သတ်​အ​ဖြတ်​ခံ​ရ​ကြ​လိမ့်​မည်။

< ဟေရှာယ 15 >