< ဟေရှာယ 15 >
1 ၁ မောဘ ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘ ပြည်အာရ မြို့သည် ပျက်စီး ၏။ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘပြည် ကိရ မြို့သည် ပျက်စီး ၏။
The doom of Moab. Truly in a night is 'Ar of Moab plundered, it is laid waste; truly in a night is Kir of Moab plundered, it is laid waste.
2 ၂ ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန် မြို့၌ မြင့် သောအရပ်သို့ တက် ၍ ငိုကြွေး ကြ၏။ မောဘ ပြည်သူတို့ သည် နေဗော မြို့၊ မေဒဘ မြို့ပေါ် မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူ တို့ခေါင်း ပေါ် မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ် ကိုလည်း ရိတ် ပယ် ပြီ။
It goeth up to the [idol-]house, and Dibon [goeth] up to the high-places to weep, on Nebo and on Medeba shall Moab wail: on all its heads there is baldness, and every beard is hewn off.
3 ၃ လမ်း ခရီးတို့တွင် လျှော်တေ အဝတ်ကို ဝတ် ကြ ၍၊ အိမ်မိုး ပေါ် ၌၎င်း၊ လမ်းမ ၌ ၎င်း ရှိသမျှ သောသူတို့ သည် ညည်းတွား မြည်တမ်း၍၊ အလွန် မျက်ရည် ကျ ကြ၏။
In its streets they are girded with sack-cloth, on its roofs, and in its public places every one shall wail, groan with weeping.
4 ၄ ဟေရှဘုန် မြို့နှင့် ဧလာလေ မြို့တို့လည်း ငိုကြွေး ၍၊ ငိုသံ သည် ယာဟတ် မြို့တိုင်အောင် ကြား ရ၏။ မောဘ သူရဲ တို့သည်လည်း၊ တုန်လှုပ် သောစိတ် နှလုံးနှင့် ငိုကြွေး ကြ၏။
And loud crieth Cheshbon with El'aleh; as far as Yahaz is heard their voice: therefore the armed men of Moab shall howl; its soul is grieved for itself.
5 ၅ ငါ့ နှလုံး သည်လည်း၊ မောဘ အဘို့ ငိုကြွေး ၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသောနွားမ ကဲ့သို့ဇောရ မြို့တိုင်အောင် လည် ကြ၏။ လုဟိတ် တောင်ပေါ်သို့ မျက်ရည် ကျလျက် တက် ကြ၏။ ဟောရနိမ့် မြို့သို့ သွား သော လမ်း ၌ လည်း ဆုံးရှုံး ခြင်းအသံ ကို လွှင့် ကြ၏။
My heart will cry for Moab, whose fugitives are as far as Zo'ar, [and] the third 'Eglarth; for the ascent of Luchith—with weeping is it ascended; for on the way to Choronayim they let resound the cry of defeat [in battle].
6 ၆ အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည် ဆိတ်ညံ ၍၊ မြက်ပင် များ သွေ့ ခြောက်ခဲ့ပြီ။ ပျိုး ပင်များ လည်း သေ ခဲ့ပြီ။ စိမ်း သောအပင် တပင်မျှမ ရှိ။
For the waters of Nimrim shall be desolate; for dry is the grass, gone are the herbs, and green things are no more.
7 ၇ ထို့ကြောင့် ၊ သူတို့သည် မိမိတို့ဆည်းဖူး သော ဥစ္စာ ၊ သိုထားသောဘဏ္ဍာ များကို မိုဃ်းမခ ပင် ချိုင့် သို့ ယူ သွားကြလိမ့်မည်။
Therefore the rest of their acquisitions and what they possess shall they carry away over the brook of the willows.
8 ၈ ငိုကြွေး သောအသံသည် မောဘ ပြည် ကို နှံ့ပြား လေ၏။ ညဉ်းတွား မြည်တမ်း သော အသံသည် ဧဂလိမ် မြို့ တိုင်အောင် ၎င်း ၊ ဗေရဧလိမ် မြို့ တိုင်အောင်၎င်း ရောက်လေ၏။
For the cry hath encompassed the boundary of Moab; up to Eglayim [is heard] its wail, and at Beer-elim [is heard] its wail.
9 ၉ အကြောင်း မူကား၊ မုဒိန် မြို့ရေ တို့သည် အသွေး နှင့်ပြည့် ကြ၏။ ဒိဇုန် မြို့အပေါ် မှာ အခြား သော ဘေးများ ကို၎င်း၊ လွတ်အောင်ပြေး သော မောဘ ပြည်သားနှင့် ကျန် ကြွင်းသော ပြည် သားအပေါ် မှာ ခြင်္သေ့ တို့ကို၎င်း ငါရောက် စေမည်။
For the waters of Dimon are filled with blood; for I will bring over Dimon armed bands; over the escaped of Moab [cometh] a lion, and over the remnant of the land.