< ဟေရှာယ 14 >
1 ၁ အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို သနား ၍ ဣသရေလ အမျိုးကို တဖန် ရွေးကောက် သဖြင့် ၊ သူ တို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူ တို့နှင့် ပေါင်းဘော် ၍ ယာကုပ် အမျိုး ၌ ဆည်းကပ် ကြ လိမ့်မည်။
For Yahweh will have compassion on Jacob, and will yet choose Israel, and set them in their own land. The foreigner will join himself with them, and they will unite with the house of Jacob.
2 ၂ တပါးအမျိုးသား တို့သည် သူ တို့ကို နေရင်း အရပ် သို့ ပို့ဆောင် ကြလိမ့်မည်။ ဣသရေလ အမျိုးသား တို့ သည် တပါးအမျိုးသား တို့ကို ထာဝရဘုရား ၏ ပြည် တော်တွင် ၊ ကျွန် နှင့် ကျွန်မ အရာ၌ ထား၍ စေစားကြ လိမ့်မည်။ အထက်က သိမ်း သွားဘူးသောသူတို့ ကို တဖန် သိမ်း ယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲ ဘူးသောသူတို့ ကိုလည်း အုပ်စိုး ကြလိမ့်မည်။
The peoples will take them, and bring them to their place. The house of Israel will possess them in Yahweh’s land for servants and for handmaids. They will take as captives those whose captives they were; and they shall rule over their oppressors.
3 ၃ ထိုအခါ ထာဝရဘုရား သည် သင့် ကို ငြိုငြင် ခြင်း၊ စိုးရိမ် ခြင်း၊ သူတပါး စေစား၍ ဆင်းရဲ စွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော်မူလျှင်၊
It will happen in the day that Yahweh will give you rest from your sorrow, from your trouble, and from the hard service in which you were made to serve,
4 ၄ သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။
that you will take up this parable against the king of Babylon, and say, “How the oppressor has ceased! The golden city has ceased!”
5 ၅ လူ သတ္တဝါတို့ကို အမျက် ထွက်၍ ၊ အစဉ်မပြတ်ရိုက် ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာန စိတ်နှင့် အုပ်စိုး၍၊ အစဉ် မပြတ်ညှဉ်းဆဲ ခြင်းကို ပြုသောအဓမ္မ လူတို့၏တောင်ဝေး ကို၎င်း၊
Yahweh has broken the staff of the wicked, the scepter of the rulers,
6 ၆ ထိုသို့အစိုးရ သောသူတို့ ၏ ရာဇ လှံတံကို၎င်း၊ ထာဝရဘုရား ချိုး တော်မူပြီ။
who struck the peoples in wrath with a continual stroke, who ruled the nations in anger, with a persecution that no one restrained.
7 ၇ မြေ တပြင်လုံး သည် ငြိမ်ဝပ် ချမ်းသာ ခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်း ဆိုသံနှင့် ကြွေးကြော် ကြ၏။
The whole earth is at rest, and is quiet. They break out in song.
8 ၈ ထင်းရှုး ပင်နှင့် လေဗနုန် အာရဇ် ပင်တို့က၊ သင်တို့သည် လဲ ပြီးသည်နောက်၊ ငါ တို့ကို ခုတ်လှဲ သောသူသည်မ တက် မလာရဟု သင့် ကို ရည်ဆောင်၍ ဝမ်းမြောက် ကြ၏။
Yes, the cypress trees rejoice with you, with the cedars of Lebanon, saying, “Since you are humbled, no lumberjack has come up against us.”
9 ၉ သင် သည် ရောက် လာသောအခါ၊ အောက် အရပ် မရဏာ နိုင်ငံသည် ကြိုဆို အံ့သောငှါ လှုပ် လေ၏။ သင်္ချိုင်း သားများနှင့် လောကီ မင်း များအပေါင်း တို့ကို သင့် အတွက် ကြောင့် နှိုးဆော် လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်း တို့ကို ရာဇပလ္လင် တို့မှ ထ စေ၏။ (Sheol )
Sheol from beneath has moved for you to meet you at your coming. It stirs up the departed spirits for you, even all the rulers of the earth. It has raised up from their thrones all the kings of the nations. (Sheol )
10 ၁၀ ထိုသူ အပေါင်း တို့က၊ သင် သည်လည်း ငါ တို့ကဲ့သို့ အားနည်း ပါသည်တကား။ ငါ နှင့် တူ ပါသည် တကား။
They all will answer and ask you, “Have you also become as weak as we are? Have you become like us?”
11 ၁၁ သင် ၏ ဘုန်း အသရေနှင့် သင် ၏ တုရိယာ မျိုး အသံ ဗလံတို့ကို မရဏ နိုင်ငံတွင် ရှုတ်ချ လေပြီတကား။ သင့် အောက် ၌ ပိုး ကောင်များကို ခင်း လျက် ၊ သင့် အပေါ်၌ တီ ကောင်များကို ခြုံ လျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက် ၍ ပြော ဆိုကြလိမ့်မည်။ (Sheol )
Your pomp is brought down to Sheol, with the sound of your stringed instruments. Maggots are spread out under you, and worms cover you. (Sheol )
12 ၁၂ အိုနံနက် သား ၊ မိုဃ်းသောက် ကြယ်၊ သင်သည် ကောင်းကင် က ကျ လေပြီတကား။ အပြည် ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေ တိုင်အောင် ခုတ်လှဲ ခြင်းကို ခံရလေပြီတကား။
How you have fallen from heaven, shining one, son of the dawn! How you are cut down to the ground, who laid the nations low!
13 ၁၃ သင် ကလည်း ၊ ကောင်းကင် ပေါ် သို့ ငါ တက် မည်။ ဘုရား သခင်၏ ကြယ် တို့အပေါ် မှာ ငါ့ ပလ္လင် ကို ငါချီးမြှောက် မည်။ မြောက် မျက်နှာဘက်၊ ဗျာဒိတ်တော် တောင် ပေါ် မှာ ငါထိုင် မည်။
You said in your heart, “I will ascend into heaven! I will exalt my throne above the stars of God! I will sit on the mountain of assembly, in the far north!
14 ၁၄ မိုဃ်းတိမ် ထိပ် ပေါ် သို့ ငါတက် မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ငါနေ မည်ဟုစိတ် အကြံရှိ လေပြီ။
I will ascend above the heights of the clouds! I will make myself like the Most High!”
15 ၁၅ သို့ သော်လည်း၊ သင်သည်မရဏာ နိုင်ငံ၊ သင်္ချိုင်း တွင်း ထဲသို့ နှိမ့်ချ ခြင်းကို ခံရလေပြီ။ (Sheol )
Yet you shall be brought down to Sheol, to the depths of the pit. (Sheol )
16 ၁၆ သင့် ကိုမြင် သောသူတို့သည် စေ့စေ့ကြည့်ရှု ၍ ဆင်ခြင် ပြီးလျှင်၊ မြေကြီး ကို တုန်လှုပ် စေ၍၊ တိုင်း နိုင်ငံများ ကို လှုပ် ချောက်သောသူကား ဤသူလော။
Those who see you will stare at you. They will ponder you, saying, “Is this the man who made the earth to tremble, who shook kingdoms,
17 ၁၇ လောကီ နိုင်ငံကို တော ကဲ့သို့ ဖြစ်စေ၍၊ မြို့ များကို ဖျက်ဆီး သောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မ လွှတ် သောသူကား ဤသူလော။
who made the world like a wilderness, and overthrew its cities, who didn’t release his prisoners to their home?”
18 ၁၈ အပြည်ပြည် သောရှင်ဘုရင် အပေါင်း တို့သည် အသီးအသီး မိမိ တို့စေတီ ၌ ဘုန်း အသရေနှင့် အိပ် ကြ၏။
All the kings of the nations sleep in glory, everyone in his own house.
19 ၁၉ သင့် ကိုမူကား ၊ ရွံရှာ ဘွယ်သော သစ်ခက် ကဲ့သို့ သင်္ချိုင်း ထဲ ကထုတ်ပစ် ရ၏။ ကွပ်မျက် သောသူ၊ ထား ဖြင့်ထိုး သောသူ၊ သင်္ချိုင်းတွင်း ၌ ကျောက်စု ထဲသို့ ချ သောသူများနှင့် ဖုံးအုပ် လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင် ဖြစ်လေ၏။
But you are cast away from your tomb like an abominable branch, clothed with the slain who are thrust through with the sword, who go down to the stones of the pit; like a dead body trodden under foot.
20 ၂၀ သူတပါးတို့နှင့်ရောနှော ၍ သင်္ဂြိုလ် ခြင်းကိုမ ခံရ။ အကြောင်း မူကား၊ မိမိ ပြည် ကို ဖျက်ဆီး ပြီ။ မိမိ အမျိုးသား ချင်းတို့ကိုသတ် လေပြီ။ အဓမ္မ ပြုသောသူတို့ ၏အနွယ် သည် ဂုဏ် အသရေအလျှင်းမ ရှိရဟု ပြောဆိုကြလိမ့်မည်။
You will not join them in burial, because you have destroyed your land. You have killed your people. The offspring of evildoers will not be named forever.
21 ၂၁ သူ ၏ သား မြေးတို့သည်မ ထ ၊ မြေကြီး ကိုမပိုင် ၊ မြေ တပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည် အကြောင်း၊ သူ တို့အဘို့ ဘိုးဘေး တို့၏ အပြစ် ကြောင့် ကွပ်မျက် ခြင်းကို ပြင် ကြလော့။
Prepare for slaughter of his children because of the iniquity of their fathers, that they not rise up and possess the earth, and fill the surface of the world with cities.
22 ၂၂ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည်သူ တို့တဘက် ၌ ထ ၍ ဗာဗုလုန် မြို့၏နာမ နှင့် အကြွင်း အကျန်ကို၎င်း ၊ သား မြေးတို့ကို၎င်းပယ် ဖြတ်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
“I will rise up against them,” says Yahweh of Armies, “and cut off from Babylon name and remnant, and son and son’s son,” says Yahweh.
23 ၂၃ တဖန်လည်း၊ ငါသည် ထိုမြို့ ကို ဖြူ ကောင်များနေရာ ၊ ရေ လွှမ်းမိုး ရာအရပ်ဖြစ် စေမည်။ ဖျက်ဆီး ခြင်း၏ တန်မြက်စည်း ဖြင့် လှည်း မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
“I will also make it a possession for the porcupine, and pools of water. I will sweep it with the broom of destruction,” says Yahweh of Armies.
24 ၂၄ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကျိန်ဆို ၍ မိန့် တော်မူသည်ကား၊
Yahweh of Armies has sworn, saying, “Surely, as I have thought, so shall it happen; and as I have purposed, so shall it stand:
25 ၂၅ ငါ ၏ မြေ ပေါ် မှာ အာရှုရိ မင်းကို ငါနှိပ်စက် မည်။ ငါ ၏ တောင် ရိုးပေါ် မှာ ခြေဖြင့် ကျော်နင်း မည်ဟု ငါကြံစည် သည် အတိုင်း ဖြစ် ၍၊ ငါစီရင် ချက်လည်း တည် ရ လိမ့်မည်။ ထိုအခါ သူ ၏ ထမ်းဘိုး ကို သူ တပါးအပေါ် က ရွှေ့ ၍၊ သူ တို့ပခုံး ပေါ် မှာ တင်သောဝန် ကိုချ ရသော အခွင့်ရှိ လိမ့်မည်။
that I will break the Assyrian in my land, and tread him under foot on my mountains. Then his yoke will leave them, and his burden leave their shoulders.
26 ၂၆ မြေ တပြင်လုံး တွင် ထိုသို့ကြံစည် တော်မူ၏။ ခပ်သိမ်း သော ပြည် တို့အပေါ် မှာ ထို သို့လက် တော်ကို ဆန့် လျက်ရှိ၏။
This is the plan that is determined for the whole earth. This is the hand that is stretched out over all the nations.
27 ၂၇ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အကြံ တော်ကို အဘယ်သူ ဖျက် လိမ့်မည်နည်း။ ဆန့် တော်မူ သောလက် တော်ကို အဘယ်သူ လှန် လိမ့်မည်နည်း။
For Yahweh of Armies has planned, and who can stop it? His hand is stretched out, and who can turn it back?”
28 ၂၈ အာခတ် မင်းကြီး အနိစ္စ ရောက်သောနှစ် တွင် ခံရ သောဗျာဒိတ် တော် ဟူမူကား၊
This burden was in the year that King Ahaz died.
29 ၂၉ အိုဖိလိတ္တိ ပြည်လုံး ၊ သင့် ကိုရိုက် သောကြိမ်လုံး ကျိုး သည်ကို ထောက်၍၊ ဝမ်း မ မြောက်နှင့်။ ထိုမြွေအမျိုး ထဲကမြွေ ဆိုးပေါက်လိမ့်မည်။ သူ ၏အနွှယ် သည်လည်း ပျံ တတ် သော မီးမြွေ ဖြစ်လိမ့်မည်။
Don’t rejoice, O Philistia, all of you, because the rod that struck you is broken; for out of the serpent’s root an adder will emerge, and his fruit will be a fiery flying serpent.
30 ၃၀ အတိုင်းထက်အလွန် ဆင်းရဲ သောသူတို့သည် စား ရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ် ရကြလိမ့်မည်။ ငါသည်သင် ၏အမြစ် ကို သွေ့ ခြောက်ခြင်းအားဖြင့် သတ် ၍ ၊ သင် ၏ အကြွင်း ကိုလည်း မြွေဆိုးသည်ကွပ်မျက် လိမ့်မည်။
The firstborn of the poor will eat, and the needy will lie down in safety; and I will kill your root with famine, and your remnant will be killed.
31 ၃၁ အိုတံခါး ၊ ညည်းတွား လော့။ အိုမြို့ ၊ ငိုကြွေး မြည်တမ်း လော့။ အိုဖိလိတ္တိ ပြည်လုံး ၊ သင်သည်မှိုင်တွေ လျက်ရှိ ၏။ မြောက် မျက်နှာမှ မီးခိုး ထွက် လာ၏။ ထိုအလုံးအရင်း ၌ တယောက် တခြားစီနေသောသူမ ရှိ။
Howl, gate! Cry, city! You are melted away, Philistia, all of you; for smoke comes out of the north, and there is no straggler in his ranks.
32 ၃၂ တပြည် တနိုင်ငံမှ ရောက်လာသောသံတမန် တို့ အား အဘယ်သို့ ပြန်ပြော ရမည်နည်းဟူမူကား ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် တော်မူသည် ဖြစ်၍ ၊ ကိုယ်တော် ၏ ဆင်းရဲသား တို့သည် ထိုမြို့ ၌ ကိုးစား ကြ၏။
What will they answer the messengers of the nation? That Yahweh has founded Zion, and in her the afflicted of his people will take refuge.