< ဟေရှာယ 13 >
1 ၁ ဗာဗုလုန် မြို့ကို ရည်ဆောင်၍ အာမုတ် ၏သား ဟေရှာယ ခံရ သော ဗျာဒိတ် တော်အချက်ဟူမူကား၊
La charge de Babylone, qu'Esaïe fils d'Amots a vue.
2 ၂ ရှင်းလင်း သော တောင် ပေါ် မှာအလံ ကို ထူ ကြ။ ကျယ်သောအသံနှင့် အော်ဟစ် ကြ။ လက် ကိုလှုပ် ကြ။ သူတို့သည် မင်း တို့နေရာတံခါး များကို ဝင် ကြစေ။
Elevez l'enseigne sur la haute montagne, élevez la voix vers eux, remuez la main, et qu'on entre dans les portes des magnifiques.
3 ၃ ငါ သန့်ရှင်း စေသောသူတို့ ကို ငါ မှာ ထားပြီ။ ငါ ပေးသောဘုန်း အာနုဘော်ကြောင့် ဝမ်းမြောက် သောသူ၊ ငါ ၏သူရဲ တို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါ် ပြီ။
C'est moi qui ai donné charge à ceux qui me sont dévoués, et j'ai appelé pour [exécuter] ma colère mes hommes forts, qui s'égayent à cause de ma grandeur.
4 ၄ ကြီး စွာသော အလုံးအရင်း၏ အသံ ကဲ့သို့ တောင် တို့အပေါ် မှာ လူ များ၏ အသံ ဗလံ၊ စုဝေး သော တိုင်း သူပြည်သားများတို့၏ အုတ်အုတ် ကျက်ကျက်သော အသံ ဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် စစ်တိုက် ခြင်းငှါ၊ အလုံး အရင်းကိုစီရင် ခင်းကျင်းတော်မူ၏။
Il y a sur les montagnes un bruit d'une multitude, tel qu'est celui d'un grand peuple, un bruit d'un son éclatant des Royaumes des nations assemblées; l'Eternel des armées fait la revue de l'armée pour le combat.
5 ၅ ထာဝရဘုရား နှင့် အတူတကွ အမျက် တော် လက်နက် တို့သည် တပြည် လုံး ကို ဖျက်ဆီး ခြင်းငှါ ၊ ဝေး သောပြည် ၊ ကောင်းကင် စွန်း မှ လာ ကြ၏။
L'Eternel et les instruments de son indignation viennent d'un pays éloigné, du bout des cieux, pour détruire tout le pays.
6 ၆ ထာဝရဘုရား ၏နေ့ ရက်သည်နီး သောကြောင့်၊ ငိုကြွေး မြည်တမ်းကြလော့။အနန္တ တန်ခိုးရှင်စီရင်တော်မူသောဘေး အန္တရာယ်ကဲ့သို့ လာ လိမ့်မည်။
Hurlez; car la journée de l'Eternel est proche, elle viendra comme un dégât [fait] par le Tout-Puissant.
7 ၇ ထိုကြောင့် ၊ ရှိသမျှ သော လက် တို့သည် ကျ ကြ လိမ့်မည်။ လူ အပေါင်း တို့သည် စိတ် ပျက် ၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။
C'est pourquoi toutes les mains deviendront lâches, et tout cœur d'homme se fondra.
8 ၈ နာ ခြင်းဝေဒနာ အမျိုးမျိုးကိုခံရ ကြလိမ့်မည်။ သားဘွား သော မိန်းမကဲ့သို့ ဝေဒနာ ကို ခံရလျက်၊ တယောက် ကိုတယောက်ကြည့်ရှု ၍မှိုင်တွေသဖြင့်၊ သူ တို့ မျက်နှာ သည် မီးလျှံ အဆင်း ရှိလိမ့်မည်။
Ils seront épouvantés, les détresses et les douleurs les saisiront, ils seront en travail comme celle qui enfante, chacun s'étonnera [regardant] vers son prochain, leurs visages seront comme des visages enflammés.
9 ၉ ထိုပြည် ကို ဖျက်ဆီး ၍ ၊ အပြစ် ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင် ဖယ်ရှင်းခြင်းငှါ ၊ ထာဝရဘုရား ၏ ကြမ်းကြုတ် သောနေ့ ရက်သည် ပြင်းထန် သော ဒေါသ အမျက်ထွက်လျက်လာ လိမ့်မည်။
Voici, la journée de l'Eternel vient, elle est cruelle, elle n'est que fureur et ardeur de colère, pour réduire le pays en désolation, et il en exterminera les pécheurs.
10 ၁၀ မိုဃ်းကောင်းကင် ကြယ် နက္ခတ် တို့သည် အလင်း ကိုမ ပေး။ နေ သည်လည်း ထွက် သောအခါ မိုက် လျက်၊ လ သည်လည်း မထွန်း မ လင်းဘဲလျက်ရှိလိမ့်မည်။
Même les étoiles des cieux et leurs astres ne feront point luire leur clarté; le Soleil s'obscurcira quand il se lèvera, et la Lune ne fera point resplendir sa lueur.
11 ၁၁ ထိုလောကီ နိုင်ငံ၏ အပြစ် ကို၎င်း ၊ မတရား သောသူတို့ ၏ ဒုစရိုက် များကို၎င်းငါစစ်ကြော မည်။ မာန ကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ ကြမ်းကြုတ် သောသူတို့၏ စော်ကား ခြင်းကို ငါနှိမ့်ချ မည်။
Je punirai le monde habitable à cause de sa malice, et les méchants à cause de leur iniquité; je ferai cesser l'arrogance de ceux qui se portent fièrement, et j'abaisserai la hauteur de ceux qui se font redouter.
12 ၁၂ လူ သည် ရွှေ စင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသား သည် ဩဖိရ ရွှေ ကျောက်ထက် အဘိုးထိုက်မည်အကြောင်းငါ ပြုမည်။
Je ferai qu'un homme sera plus précieux que le fin or; et une personne, plus que l'or d'Ophir.
13 ၁၃ သို့ဖြစ်၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏ ဒေါသ အမျက်တော်ပြင်း စွာထွက်သော နေ့ ရက် ၌ ၊ မိုဃ်းကောင်းကင် ကို ငါလှုပ်ရှား မည်။ မြေကြီး လည်း မိမိ နေရာ မှ ရွေ့ ရလိမ့်မည်။
C'est pourquoi je ferai crouler les cieux, et la terre sera ébranlée de sa place, à cause de la fureur de l'Eternel des armées, et à cause du jour de l'ardeur de sa colère.
14 ၁၄ ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ် မ၊ ထိန်းသိမ်း သူမ ရှိသော သိုး များကဲ့သို့ ဖြစ် ၍၊ အသီးအသီး မိမိ အမျိုးသား ချင်းတို့ကို မျက်နှာ ပြု၍ ၊ အသီးအသီး မိမိ ပြည် သို့ ပြေး ကြလိမ့်မည်။
Et [chacun] sera comme un chevreuil qui est chassé, et comme une brebis que personne ne retire; chacun tournera visage vers son peuple, et chacun s'enfuira vers son pays.
15 ၁၅ တွေ့ မိသမျှ သောသူတို့ ကို လှံနှင့်ထိုး ရ၏။ စုဝေး လျက်ရှိသောသူအပေါင်း တို့လည်း ထား ဖြင့် ဆုံး ကြ လိမ့်မည်။
Quiconque sera trouvé, sera transpercé; et quiconque s'y sera joint, tombera par l'épée.
16 ၁၆ သူ တို့သားသမီး များကို သူ တို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့် ဖွပ်လိမ့်မည်။ သူ တို့ အိမ် များကို လုယက် ၍ ၊ သူ တို့ မယား များကို အဓမ္မ ပြုကြလိမ့်မည်။
Et leurs petits enfants seront écrasés devant leurs yeux, leurs maisons seront pillées, et leurs femmes violées.
17 ၁၇ ကြည့်ရှု လော့။ ငွေ ကို ပမာဏ မ ပြု၊ ရွှေ ကိုအလို မ ရှိသော မေဒိ လူများကို သူ တို့ တဘက် ၌ ငါ နှိုးဆော် မည်။
Voici, je vais susciter contre eux les Mèdes, qui ne feront aucune estime de l'argent, et qui ne s'arrêteront point à l'or.
18 ၁၈ သူတို့သည် လူပျို တို့ကို လေး နှင့်ရိုက်ခတ် ကြ လိမ့်မည်။ ကလေး တို့ကို မ သနား ကြ။ သူ တို့မျက်စိ သည် သူငယ် တို့ကို မ နှမြော ရ။
Leurs arcs écraseront les jeunes gens, et ils n'auront point de pitié du fruit du ventre, leur œil n'épargnera point les enfants.
19 ၁၉ တိုင်း နိုင်ငံတို့၏ အထွဋ် ၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်း အသရေဖြစ်သော ဗာဗုလုန် မြို့သည် ဘုရား သခင်ဖျက်ဆီး တော်မူသောသောဒုံ မြို့နှင့် ဂေါမောရ မြို့ကဲ့သို့ ဖြစ် လိမ့်မည်။
Ainsi Babylone, la noblesse des Royaumes, l'excellence de l'orgueil des Chaldéens, sera comme quand Dieu renversa Sodome et Gomorrhe.
20 ၂၀ ထိုမြို့၌ ကာလအစဉ်၊ လူမျိုး အဆက်ဆက်အဘယ်သူမျှမ နေ ရ။ ထို မြို့၌ အာရပ် လူသည် တဲကိုမျှ မ ဆောက် ရ။ သိုးထိန်း တို့သည် သိုးခြံကိုမျှ မ လုပ် ရကြ။
Elle ne sera point habitée à jamais, elle ne sera point habitée de génération en génération, même les Arabes n'y dresseront point leurs tentes, ni les bergers n'y mettront point leurs parcs.
21 ၂၁ တောသားရဲ တို့သည် ထို မြို့၌ အိပ် ကြလိမ့်မည်။ အိမ် တို့သည် မြည်တတ်သော တိရစ္ဆာန် များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ် ငှက်တို့လည်း နေရာ ကျ၍ ၊ မျောက် တို့လည်း ကခုန် ကြလိမ့်မည်။
Mais les bêtes sauvages des déserts y auront leurs repaires; et leurs maisons seront remplies de fouines, les chats-huants y habiteront, et les chouettes y sauteront.
22 ၂၂ တောခွေး တို့သည်လည်း ၊ ဘုံ ဗိမာန်များ၌ ၎င်း၊ မြေခွေး တို့သည်လည်း ၊ ကြက်သရေတိုက်များ၌၎င်း၊ အူ ကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလ နီး လှပြီ။ ထိုမြို့ ၏ အသက်တာ မ ရှည် ရ။
Et [les bêtes sauvages des] Iles s'entre-répondront les unes aux autres dans ses palais désolés, et les dragons dans ses châteaux de plaisance; son temps est même prêt à venir, et ses jours ne seront point prolongés.