< ဟေရှာယ 12 >

1 ထို ကာလ ၌ သင် မြွက်ဆို ရမည်ကား၊ အိုထာဝရ ဘုရား ၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ကို အမျက်ထွက် တော်မူသော်လည်း ၊ တဖန် အမျက် တော်ငြိမ်း ၍ ၊ အကျွန်ုပ် ကို နှစ်သိမ့် စေတော်မူ၏။
Et tu diras en ce jour-là: Je te loue, Yahweh, car tu étais irrité, mais ta colère s’est détournée et tu me consoles.
2 ဘုရား သခင်သည် ငါ့ ကို ကယ်တင် သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့် သောစိတ် မ ရှိဘဲ ရဲရင့် မည်။ ထာဝရဘုရား သည် ငါ ချီးမွမ်း ရာ၊ ငါသီချင်း ဆိုရာ၊ ငါ့ ကို ကယ်တင် တော်မူသောအရှင်ဖြစ် တော်မူ၏။
Voici le Dieu de ma délivrance; j’ai confiance et je ne crains pas; car ma force et ma louange c’est Yahweh, Yahweh; il a été pour moi le salut. —
3 သင် တို့သည် ဝမ်းမြောက် သောစိတ် နှင့် ကယ်တင် ခြင်းစမ်းရေတွင်း တို့၌ ရေ ခပ် ရကြလိမ့်မည်။
Vous puiserez des eaux avec joie aux sources du salut,
4 ထို ကာလ ၌ လည်း ထာဝရဘုရား ၏ ဂုဏ်တော် ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့တွင် ဘော်ပြ လော့။ နာမ တော်သည် မြင့်မြတ် သောကြောင့် ချီးမွမ်း ကြလော့။
et vous direz en ce jour-là: Louez Yahweh, invoquez son nom, publiez parmi les peuples ses grandes œuvres, proclamez que son nom est élevé.
5 ထာဝရဘုရား ကိုထောမနာသီချင်းဆို ကြလော့။ထူးဆန်း သောအမှုကိုပြု တော်မူပြီ။အမှု တော်သည်မြေ တပြင် လုံး၌ ထင်ရှား ပါစေ။
Chantez Yahweh, car il a fait des choses magnifiques; qu’on le sache dans toute la terre!
6 အိုဇိအုန် သတို့သမီး၊ ကြွေးကြော် လော့။ဝမ်းမြောက်သဖြင့်အော်ဟစ် လော့။ အကြောင်း မူကား၊ဣသရေလ အမျိုး၏သန့်ရှင်း သောဘုရားသည်သင် ၏အလယ် ၌ ဘုန်းကြီး တော်မူ၏ဟုမြွက် ဆိုရလိမ့်မည်။
Pousse des cris, tressaille d’allégresse, habitante de Sion, car le Saint d’Israël est grand au milieu de toi!

< ဟေရှာယ 12 >