< ဟေရှာယ 11 >
1 ၁ ယေရှဲ အမျိုးအငုတ် ၌ အတက် ပေါက် လိမ့်မည်။ သူ ၏အမြစ် တို့တွင် အညွန့် သည် အသီးသီး လိမ့်မည်။
Jesi kung dawk hoi a dawn a cawn han. A tangpha dawk e a cakang ni a paw a paw han.
2 ၂ ထာဝရဘုရား ၏ ဝိညာဉ် တော်တည်းဟူသောဉာဏ် ပညာ ကို ပေးသောဝိညာဉ် ၊ ကြံစည် တတ်စွမ်း နိုင် သော သတ္တိ ကိုပေးသောဝိညာဉ် ၊ ထာဝရဘုရား ကိုသိ ၍ ကြောက်ရွံ့ သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူ အပေါ် မှာ ကျိန်းဝပ် တော်မူလိမ့်မည်။
BAWIPA e Muitha, lungangnae Muitha, thaipanueknae Muitha, kâponae Muitha, thaonae Muitha, panuenae Muitha, hoi BAWIPA takinae Muitha teh ahni dawk ao han.
3 ၃ ထိုသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း၌ မွေ့လျော် သည်ဖြစ်၍ ၊ မိမိ မျက်စိ မြင် သည်အတိုင်း တရား မ စီရင်၊ မိမိ နား ကြား သည်အတိုင်း မ ဆုံးဖြတ် ဘဲ၊
Ahni teh BAWIPA a taki dawkvah, a mit hoi a hmu e patetlah lawkceng hoeh, a hnâ hoi a thai e patetlah lawk tâtueng hoeh.
4 ၄ ဆင်းရဲ သားတို့၏ အမှုကိုတရား တော် အတိုင်း စီရင် ၍ ၊ နှိမ့်ချ သော မြေကြီး သားတို့ဘက် ၌ နေလျက်၊ ဖြောင့်မတ် စွာ ဆုံးဖြတ် လိမ့်မည်။ မြေကြီး ကိုနှုတ်ကပတ် တော်လှံတံ နှင့် ဒဏ်ခတ် ၍ ၊ ဆိုး သောသူကို နှုတ်ခမ်း ထွက်သက် နှင့် ကွပ်မျက် လိမ့်မည်။
Mathoenaw hah lannae hoi lawk a ceng teh, talai taminaw koelah, panguepnae lahoi lawk a tâtueng pouh. Talai hah a lawk bongpai hoi a hem teh, tamikathoutnaw hah a kâha hoi a thei.
5 ၅ တရား နှင့် သစ္စာ သည် သူ ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။
Lannae hoi yuemkamcunae teh a keng dawk kâyeng e taisawm lah ao.
6 ၆ တောခွေး သည် သိုးသငယ် နှင့်အတူ နေ လိမ့်မည်။ ကျားသစ် သည် ဆိတ်သငယ် နှင့်အတူ အိပ် လိမ့်မည်။ နွားသငယ် ၊ ခြင်္သေ့ သငယ်၊ ဆူ အောင်ကျွေးသော အကောင်တို့သည် အတူ သွားလာကြ၍ ၊ လူသူငယ် သည် သူ တို့ကို ပို့ဆောင် လိမ့်မည်။
Asui teh tuca hoi rei ao han. Kaisi teh hmaeca hoi rei a yan han. Maitoca, sendek, hoi ka thâw e saringnaw hoi reirei a ceio awh han. Camocanaw ni hotnaw hah a hrawi awh han.
7 ၇ နွားမ နှင့် ဝံ မသည် အတူကျက်စား ၍၊ သူ တို့ သား ငယ်များသည် အတူ အိပ် ကြလိမ့်မည်။ ခြင်္သေ့ သည် လည်း နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။
Maitomanu hoi tavom teh reirei hrampa awh vaiteh, a canaw teh reirei a yan awh han. Sendek hai maito patetlah hram a ca han.
8 ၈ နို့စို့ သူငယ်သည်လည်း မြွေဆိုး တွင်း ပေါ် မှာ ကစား လိမ့်မည်။ နို့ကွာသော သူငယ် သည်လည်း ၊ မြွေ ဟောက်တွင်း ဝ၌ မိမိ လက် ကိုသွင်း လိမ့်မည်။
Sanu ka net e camo ni hai hrunthoe khu koe a pai han. Sanu kamphei e camo nihai, hrunthok khu dawk a tapu han.
9 ၉ ငါ ၏ သန့်ရှင်း သောတောင် တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ် ရေသည် မိမိနေရာကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
Kaie kathounge mon dawk, kârektapnae, kâraphoenae awm mahoeh. Bangkongtetpawiteh, tuipui ni amae hmuen hah a ramuk e patetlah talai van teh, BAWIPA panuenae hoi akawi han.
10 ၁၀ ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။
Hate hnin dawkvah, Jesi e tangpha teh cawn vaiteh, taminaw hanelah mitnoutnae lah ao han. Hote mitnoutnae koe Jentelnaw teh a kâhnai awh han. A onae hmuen hai a lentoe han.
11 ၁၁ ထို ကာလ ၌ ထာဝရဘုရား သည် လက် တော်ကို ဆန့်၍၊ ကျန် ကြွင်းသော ကိုယ်တော် ၏ လူ တို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တု ပြည်၊ ပါသရု ပြည်၊ ကုရှ ပြည်၊ ဧလံ ပြည်၊ ရှိနာ ပြည်၊ ဟာမတ် ပြည်၊ ပင်လယ် တဘက်၌ရှိသောပြည် များတို့မှ ကယ် ယူခြင်းငှါ တဖန် ပြု တော်မူလိမ့်မည်။
Hate hnin dawkvah, a kut dâw vaiteh, Assiria ram, Izip ram, Pathros ram, Kush ram, Elam ram, Shinar ram, Hamath ram, tuipui namran lah kaawm e ramnaw koehoi, a taminaw kacawiraenaw hah bout a thokhai.
12 ၁၂ တပါးအမျိုးသား တို့အဘို့ အလံ ကိုထူ တော်မူသဖြင့် ၊ နှင်ထုတ် သောဣသရေလ အမျိုးသားနှင့် ၊ အရပ်ရပ် ကွဲပြား သောယုဒ အမျိုးသားတို့ကို မြေကြီး လေး မျက်နှာ တို့မှ ခေါ်၍ စုဝေး စေတော်မူလိမ့်မည်။
Jentelnaw hanelah mitnoutnae a ung pouh dawkvah, a pâlei e Isarelnaw hoi kho tangkuem kampek e Judahnaw hah, talai takin pali touh koehoi kaw vaiteh, a pâkhueng han.
13 ၁၃ ဧဖရိမ် အမျိုးသည် ငြူစူ သောစိတ်ငြိမ်း လိမ့်မည်။ ရန်ပြု တတ်သော ယုဒ အမျိုးသားတို့သည်လည်း ၊ ရန်ပြေ ကြလိမ့်မည်။ ဧဖရိမ် အမျိုးသည် ယုဒ အမျိုးကို မ ငြူစူ ရ။ ယုဒ အမျိုးလည်း ဧဖရိမ် အမျိုးကို ရန် မ ပြုရ။
Ephraim teh utnae lung a roum han. Ouk ka taran e Judahnaw hai taran ngainae lung a roum awh han. Ephraim ni Judahnaw hah ut awh mahoeh toe. Judahnaw ni Ephraim hah taran awh mahoeh toe.
14 ၁၄ သူတို့သည် အနောက် ဘက်၌ ဖိလိတ္တိ လူများကို လိုက် ၍ တိုက်ကြလိမ့်မည်။ အရှေ့ ပြည်သား တို့၏ ဥစ္စာကို အတူ လုယူ ကြလိမ့်မည်။ ဧဒုံ အမျိုးနှင့် မောဘ အမျိုး ကိုလည်း လုပ်ကြံ ကြလိမ့်မည်။ အမ္မုန် အမျိုးသား တို့ သည်သူ တို့၏အုပ်စိုးခြင်းကိုခံ ရကြလိမ့်မည်။
Ahnimouh ni kanîloum lah, Filistinnaw hah a tuk awh han. Kanîtholae ramnaw e hnopainaw hah reirei a lawp awh han. Edomnaw hoi Moabnaw hai a thei awh han. Ammonnaw ni ahnimae lawk hah a ngai pouh awh han.
15 ၁၅ ထာဝရဘုရား သည်လည်း ၊ အဲဂုတ္တု ပင်လယ် ၏ လျှာ ကိုဖျောက်ဖျက် တော်မူမည်။ ပြင်း စွာသောလေ တော် နှင့်တကွ လက် တော်ကိုမြစ် ပေါ် မှာလှုပ် ၍ ၊ ချောင်း ခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ် တော်မူသဖြင့် ၊ လူတို့သည် ခြေနင်း စီးလျက် ကျော် သွားကြလိမ့်မည်။
BAWIPA ni Izip tuipui e lai hah khoeroe a raphoe pouh han. Kabetpoung e kahlî hoi a kut hah palangnaw van kahek vaiteh, palang sari touh a lawng nahanlah hem vaiteh, taminaw ni khokkhawm khawm vaiteh a raka awh han.
16 ၁၆ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် သွားသောအခါ၌ ဖြစ်သကဲ့သို့ ၊ အာရှုရိ ပြည်မှ ကျန် ကြွင်းသော ကိုယ်တော် ၏လူ တို့သွားရာလမ်း ကြီးဖြစ် ရလိမ့်မည်။
Isarelnaw Izip ram hoi a tâco awh navah kaawm e patetlah Assiria ram hoi kacawie a taminaw ceinae lamthung lah a coung han.