< ဟေရှာယ 10 >
1 ၁ ငတ်မွတ်သောသူတို့ ကို တရားရှုံးစေခြင်းငှါ၎င်း၊
Woe to them that make wicked laws: and when they write, write injustice:
2 ၂ ငါ ၏လူမျိုး တွင် ဆင်းရဲ သားတို့၏ အခွင့် အရာကို ရုပ်သိမ်း ခြင်းငှါ ၎င်း၊ မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ၍၊ မိဘ မရှိသောသူတို့၏ ဥစ္စာကိုလုယူ ခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင် သောသူ၊ ကျပ်တည်း စွာသော မှတ်ချက် ကို မှတ်သား သော စာရေးတို့သည် အမင်္ဂလာ ရှိကြ၏။
To oppress the poor in judgment, and do violence to the cause of the humble of my people: that widows might be their prey, and that they might rob the fatherless.
3 ၃ ငါကြည့်ရှုစီရင် သည်ကာလ ၊ အဝေး က ရောက်လတံ့ သော ဖျက်ဆီး ခြင်းဖြစ်သည်ကာလ၌ ၊ သင်တို့သည် ချမ်းသာ ရအံသောငှါ ၊ အဘယ် သူထံ သို့ ပြေး ကြလိမ့်မည်နည်း။ သင် တို့စည်းစိမ် ဥစ္စာကို အဘယ်မှာ သို ထား ကြ လိမ့်မည်နည်း။
What will you do in the day of visitation, and of the calamity which cometh from afar? to whom will ye flee for help? and where will ye leave your glory?
4 ၄ ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသောသူတို့ အောက် မှာ ဦးချ ရကြလိမ့်မည်။ အသေသတ် ခြင်းကို ခံရသောသူတို့ အောက် မှာ လဲ ရကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည်မ ငြိမ်း ၊ လက် တော်သည်ဆန့် လျက်ရှိသေး၏။
That you be not bowed down under the bond, and fall with the slain? In all these things his anger is not turned away, but his hand is stretched out still.
5 ၅ အာရှုရိ လူသည်အမင်္ဂလာ ရှိ၏။ ငါ့ အမျက် ၏ လှံတံ ဖြစ်၏။ သူ ကိုင် သောတောင်ဝေး သည် ငါ ဒဏ် ပေး စရာဘို့ ဖြစ်၏။
Woe to the Assyrian, he is the rod and the staff of my anger, and my indignation is in their hands.
6 ၆ အဓမ္မ လူမျိုး ရှိရာသို့ သူ့ ကိုငါစေလွှတ် မည်။ ငါ့ အမျက် ခံရာ လူစု ကို လုယူ ဖျက်ဆီး ၍၊ လမ်း ၌ ရွှံ့ ကိုကဲ့သို့ ကျော် နင်းစေခြင်းငှါ ၊ သူ့ ကိုငါမှာ ထားမည်။
I will send him to a deceitful nation, and I will give him a charge against the people of my wrath, to take away the spoils, and to lay hold on the prey, and to tread them down like the mire of the streets.
7 ၇ သို့ သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး ၍ ၊ များစွာသောလူမျိုး တို့ကို ဖယ်ရှင်း ခြင်းငှါ အလိုရှိ၏။
But he shall not take it so, and his heart shall not think so: but his heart shall be set to destroy, and to cut off nations not a few.
8 ၈ သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ ၏ မှုးမတ် တို့သည် မင်းကြီး ဖြစ်ကြသည်မဟုတ် လော။
For he shall say:
9 ၉ ကာလနော မြို့သည် ခါခေမိတ် မြို့ကဲ့သို့ ၎င်း၊ ဟာမတ် မြို့သည် အာပဒ် မြို့ကဲ့သို့ ၎င်း၊ ရှမာရိ မြို့သည် ဒမာသက် မြို့ကဲ့သို့ ၎င်း ဖြစ်သည် မဟုတ် လော။
Are not my princes as so many kings? is not Calano as Charcamis: and Emath as Arphad? is not Samaria as Damascus?
10 ၁၀ ရှမာရိ ရုပ်တုနှင့် ယေရုရှလင် ရုပ်တုထက် သာ၍မြတ် သော ရုပ်တု ဆင်းတု ကို ကိုးကွယ်သော တိုင်း နိုင်ငံများကို ငါ လု ယူသကဲ့သို့ ၎င်း၊
As my hand hath found the kingdoms of the idol, so also their idols of Jerusalem, and of Samaria.
11 ၁၁ ရှမာရိ မြို့နှင့် သူ ၏ ရုပ်တု တို့ကို ငါပြု သကဲ့သို့ ၎င်း၊ ယေရုရှလင် မြို့နှင့် သူ ၏ ရုပ်တု တို့ကို ငါပြု မည် မဟုတ် လော ဟုဆို တတ်၏။
Shall I not, as I have done to Samaria and her idols, so do to Jerusalem and her idols?
12 ၁၂ သို့သော်လည်း၊ ထာဝရ ဘုရားသည် ဇိအုန် တောင် နှင့် ယေရုရှလင် မြို့၌ အမှုတော် ကို လက်စသတ် တော်မူပြီးမှ ၊ အာရှုရိ ရှင်ဘုရင် ၏ မာန ထောင်လွှားခြင်း၊ မော် သော မျက်နှာ နှင့် စော်ကား ခြင်းကို ငါကြည့်ရှု၍ စီရင် မည်။
And it shall come to pass, that when the Lord shall have performed all his works in mount Sion, and in Jerusalem, I will visit the fruit of the proud heart of the king of Assyria, and the glory of the haughtiness of his eyes.
13 ၁၃ ထိုမင်းက၊ ငါသည် ကိုယ် လက်ရုံး သတ္တိ နှင့် ကိုယ် ဉာဏ် အားဖြင့် ငါတတ် နိုင်၏။ ပညာ သတ္တိနှင့် ငါပြည့်စုံ၏။ လူမျိုး နေရာ အပိုင်းအခြားတို့ကို ငါရွှေ့ ပြီ။ သူ တို့၏ ဘဏ္ဍာ ကို လုယူ ပြီ။ ဘုရင် တို့ကို သူရဲ ကဲ့သို့ နှိမ့်ချ ပြီ။
For he hath said: By the strength of my own hand I have done it, and by my own wisdom I have understood: and I have removed the bounds of the people, and have taken the spoils of the princes, and as a mighty man hath pulled down them that sat on high.
14 ၁၄ ငါ့ လက် သည် ငှက်သိုက် ကို တွေ့သကဲ့သို့ ၊ လူ တို့၏ဥစ္စာ ပစ္စည်းကို တွေ့ ပြီ။ စွန့်ပစ် သောငှက်ဥ တို့ကို သိမ်းယူ သကဲ့သို့ ၊ မြေကြီး တန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ။ အဘယ်သူမျှအတောင် ကိုမ လှုပ် ၊ နှုတ် သီးကိုမဖွင့် ၊ မမြည် မတွန်ဟုဆို သည် ဖြစ်၍၊
And my hand hath found the strength of the people as a nest; and as eggs are gathered, that are left, so have I gathered all the earth: and there was none that moved the wing, or opened the mouth, or made the least noise.
15 ၁၅ ကြိမ်လုံး သည် ကိုင် သောသူကိုလှုပ် သကဲ့သို့ ၎င်း၊ တောင်ဝေး သည် မိမိသခင်ကိုချီ ကြွသကဲ့သို့ ၎င်း၊ ပုဆိန် သည် ခုတ် သောသူကို စော်ကား ရမည်လော။ လွှ သည် တိုက် သောသူကို ရန်ပြု၍ ထောင်လွှား ရမည်လော။
Shall the axe boast itself against him that cutteth with it? or shall the saw exalt itself against him by whom it is drawn? as if a rod should lift itself up against him that lifteth it up, and a staff exalt itself, which is but wood.
16 ၁၆ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ထိုမင်း ၏ ဆူဝ သောသူတို့၌ ပိန် ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ ၏ ဘုန်း အောက် ၌ လည်း မီး လောင် သကဲ့သို့ လောင်စေခြင်းငှါ ရှို့ တော်မူ မည်။
Therefore the sovereign Lord, the Lord of hosts, shall send leanness among his fat ones: and under his glory shall be kindled a burning, as it were the burning of a fire.
17 ၁၇ ဣသရေလ အမျိုး၏အလင်း သည် မီး ဖြစ် တော်မူ မည်။ သန့်ရှင်း သော ဘုရားသည် မီးလျှံ ဖြစ်တော်မူမည်။ တနေ့ ခြင်းတွင် ၊ ထိုမင်း ၏ ဆူး ပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်း စေတော်မူမည်။
And the light of Israel shall be as a fire, and the Holy One thereof as a flame: and his thorns and his briers shall be set on fire, and shall be devoured in one day.
18 ၁၈ တော ၏ဘုန်း ကို၎င်း၊ အသီးအနှံထွက်သောလယ် ၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ် ခန္ဓာနံ ဝိညာဉ်နှင့်တကွ ကုန် စေတော်မူသဖြင့်၊ ထိုမင်းသည် နာ သောသူကဲ့သို့ အားလျော့ လိမ့်မည်။
And the glory of his forest, and of his beautiful hill, shall be consumed from the soul even to the flesh, and he shall run away through fear.
19 ၁၉ ကြွင်း သော တောပင် တို့ကို သူငယ် သည် စာရင်း ယူနိုင်အောင်၊ အနည်းငယ် မျှသာ ဖြစ် လိမ့်မည်။
And they that remain of the trees of his forest shall be so few, that they shall easily be numbered, and a child shall write them down.
20 ၂၀ ထိုအခါမှစ၍၊ ဘေးလွတ် လျက် ကြွင်း သော ဣသရေလ အမျိုးနှင့် ယာကုပ် အမျိုးသား တို့သည်၊ မိမိ တို့ ကို ညှဉ်းဆဲ သောသူ၌ နောက် တဖန်မ ကိုးစား ဘဲ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သောအရှင် ထာဝရဘုရား ၌ အမှန်ကိုးစား ကြလိမ့်မည်။
And it shall come to pass in that day, that the remnant of Israel, and they that shall escape of the house of Jacob, shall lean no more upon him that striketh them: but they shall lean upon the Lord the Holy One of Israel, in truth.
21 ၂၁ ကြွင်း သောသူတည်းဟူသော၊ ယာကုပ် အမျိုး၌ ကြွင်း သောသူတို့သည် တန်ခိုးကြီး တော်မူသောဘုရား သခင့်ထံသို့ ပြန် လာကြလိမ့်မည်။
The remnant shall be converted, the remnant, I say, of Jacob, to the mighty God.
22 ၂၂ အိုဣသရေလ အမျိုး ၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှ များသော်လည်း ၊ ကြွင်း သောသူတို့ သာလျှင် ပြန် လာကြလိမ့်မည်။ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် တရား သဖြင့် လွှမ်းမိုး ရ လိမ့်မည်။
For if thy people, O Israel, shall be as the sand of the sea, a remnant of them shall be converted, the consumption abridged shall overflow with justice.
23 ၂၃ ကောင်းကင်ဗိုလ်ခြေ ရှင် ထာဝရဘုရား သည် မြေ တပြင်လုံး အလယ် ၌ စီရင် ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြု တော်မူလိမ့်မည်။
For the Lord God of hosts shall make a consumption, and an abridgment in the midst of all the land.
24 ၂၄ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် မြို့၌နေ သောငါ ၏လူမျိုး ၊ အာရှုရိ မင်းကြောင့် မ ကြောက် နှင့်။ သူ၏ ကြိမ်လုံး နှင့် သင့် ကိုရိုက် မည်။ အဲဂုတ္တု မင်း ပြု သည်နည်းတူ သူ ၏လှံတံ ကို သင် ၏အပေါ် မှာမိုး လိမ့်မည်။
Therefore, thus saith the Lord the God of hosts: O my people that dwellest in Sion, be not afraid of the Assyrian: he shall strike thee with his rod, and he shall lift up his staff over thee in the way of Egypt.
25 ၂၅ သို့သော်လည်း၊ ခဏ ကြာပြီးမှ သူ တို့သည်ပျက်စီး ခြင်းသို့ရောက်သောအားဖြင့် ၊ ငါ့အမျက် သည်ငြိမ်း ၍၊ ငါ့ စိတ်လည်းပြေလိမ့်မည်။
For yet a little and a very little while, and my indignation shall cease, and my wrath shall be upon their wickedness.
26 ၂၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ဩရဘ ကျောက် နား မှာ မိဒျန် အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့ ၎င်း၊ ပင်လယ် ကိုလှံတံ တော်နှင့် မိုး သကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊ အဲဂုတ္ထု လက်ထက်၌ကဲ့သို့ တဖန် လှံတံ တော်ကို ချီ တော်မူမည်။
And the Lord of hosts shall raise up a scourge against him, according to the slaughter of Madian in the rock of Oreb, and his rod over the sea, and he shall lift it up in the way of Egypt.
27 ၂၇ ထို ကာလ ၌ သူ ၏ဝန် ကို သင် ၏ပခုံး ပေါ် က ၎င်း၊ သူ ၏ထမ်းဘိုး ကိုသင် ၏လည်ပင်း ပေါ် က ၎င်း ချ ရ၏။ ဆူဝ ခြင်းကျေးဇူးကြောင့် ထမ်းဘိုး ပျက်စီး ရ၏။
And it shall come to pass in that day, that his burden shall be taken away from off thy shoulder, and his yoke from off thy neck, and the yoke shall putrify at the presence of the oil.
28 ၂၈ အာရပ် မြို့သို့ ရောက် လေပြီ။ မိဂရုန် မြို့တိုင်အောင် လွန် သွားပြီ။ မိတ်မတ် မြို့၌ လှည်း များကို ချ ထားပြီ။
He shall come into Aiath, he shall pass into Magron: at Machmas he shall lay up his carriages.
29 ၂၉ တောင်ကြားကို လွန် ကြပြီ။ ဂေဗ မြို့၌ စားခန်း ချ ကြပြီ။ ရာမ မြို့သည် ကြောက်လန့် လျက်ရှိ၏။ ရှောလု နေရာဂိဗာ မြို့သည် ပြေး ၏။
They have passed in haste, Gaba is our lodging: Rama was astonished, Gabaath of Saul fled away.
30 ၃၀ အိုဂလ္လိမ် မြို့သမီး ၊ ကြွေးကြော် လော့။ အိုလဲရှ မြို့၊ နားထောင် လော့။ အာနသုတ် မြို့သည် အမင်္ဂလာ ရှိ၏။
Lift up thy voice, O daughter of Gallim, attend, O Laisa, poor Anathoth.
31 ၃၁ မာဒမေန မြို့သည် ပြောင်း သွားပြီ။ ဂေဗိပ် မြို့သား တို့သည် လွတ်အောင်ပြေး ကြ၏။
Medemena is removed: ye inhabitants of Gabim, take courage.
32 ၃၂ နောဘ မြို့၌ တရက်နေပြီးမှ၊ ဇိအုန် သတို့သမီး ၏ တောင် တည်းဟူသောယေရှုရှလင် တောင် ကိုရွယ်၍၊ မိမိ လက် ကို လှုပ် လိမ့်မည်။
It is yet day enough, to remain in Nobe: he shall shake his hand against the mountain of the daughter of Sion, the hill of Jerusalem.
33 ၃၃ ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား သည် ကြောက်မက် ဘွယ်သော အခြင်းအရာနှင့် သစ်ပင်အထွဋ်ကို ပယ်ရှင်း တော်မူမည်။ အရပ် မြင့် သော အခက် တို့ကို ခုတ်လှဲ ၍ ၊ ကြီးမား သော အခက်တို့ကို နှိမ့်ချ တော်မူမည်။
Behold the sovereign Lord of hosts shall break the earthen vessel with terror, and the tall of stature shall be cut down, and the lofty shall be humbled.
34 ၃၄ တော အုပ်ကို ပုဆိန် နှင့် ခုတ် ပယ်တော်မူ၍ ၊ လေဗနုန် တောသည် တန်ခိုး ကြီးသောသူ ၏လက်အားဖြင့်လဲ လျက်နေလိမ့်သတည်း။
And the thickets of the forest shall be cut down with iron, and Libanus with its high ones shall fall.