< ဟေရှာယ 1 >
1 ၁ ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့ လက်ထက် ၌ ၊ အာမုတ် ၏သား ဟေရှာယ သည် ယေရုရှလင် မြို့မှစ၍ ၊ ယုဒ ပြည်နှင့်ဆိုင် သော ဗျာဒိတ် တော်ကိုခံရ သည်မှာ၊
၁ဤကျမ်းစောင်တွင် ယုဒဘုရင်များဖြစ်သောသြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းနှင့်ဟေဇကိမင်းတို့၏လက်ထက်၌ ယုဒပြည်နှင့်ယေရုရှလင်မြို့အဘယ်သို့ဖြစ်ပျက်မည်ကို အာမုတ်၏သားဟေရှာယအားထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်များပါရှိ၏။
2 ၂ ထာဝရဘုရား မိန့် တော်မူသည်ဖြစ်၍ ၊ အို ကောင်းကင် ၊ ကြား လော့။ အိုမြေကြီး ၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါ ကျွေးမွေးပြုစုသော သားသမီး တို့သည် ငါ့ ကို ပုန်ကန် ကြပြီ။
၂ထာဝရဘုရားက``အို ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်တို့ ငါထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ ငါကျွေးမွေးပြုစုထားသည့်သားသမီးများသည်ငါ့အားပုန်ကန်ကြလေပြီ။-
3 ၃ နွား သော်လည်းမိမိ အရှင် ကိုသိ ၏။ မြည်း သော်လည်း မိမိ သခင် ၏ မြည်းဇောင်း ကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမ သိ ကြ။ ငါ ၏လူမျိုး မူကား၊ မ ဆင်ခြင် တတ်ပါတကား။
၃ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
4 ၄ ဆိုးယုတ် သောအမျိုး ၊ ဒုစရိုက် ဝန်ကို ထမ်းရွက် သော လူစု ၊ မတရား သဖြင့်ပြုသောအနွှယ် ၊ ဖောက်ပြန် သော သားသမီး ပါတကား။ ထာဝရဘုရား ကို စွန့် ကြပြီ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို မရိုမသေပြု၍ ပယ် ကြပြီ။ ကျော ခိုင်း၍ ခွာသွား ကြပြီ။
၄``အချင်းအပြစ်ကူးသည့်လူမျိုး၊ ဖောက်ပြန်တတ်သူဒုစရိုက်သမားတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်အပြစ်ဝန်ထုပ်ပိလျက်နေကြပါသည်တကား။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်ဘုရားသခင်ကိုပစ်ပယ်လျက် ကိုယ်တော်ကိုကျောခိုင်းကြလေပြီ။-
5 ၅ သူတို့ကိုအဘယ်သို့ ဒဏ် ပေးရဦးမည်နည်း။ အဘယ်သို့ထပ်၍ဆုံးမရဦးမည်နည်း။ ဦးခေါင်း သည် အနာ သက်သက်ရှိ၏။ နှလုံး သည်လည်း ခွန်အား အလျှင်း မရှိ။
၅သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။-
6 ၆ ခြေ ဘဝါး မှသည် ဦးခေါင်း တိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှ သောအနာ ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာ သက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မ နယ်ရ။ အဝတ်နှင့်မ စည်း ရ။ ဘယောင်းဆီ နှင့် မ ပြော့ စေရသေး။
၆ခြေဖဝါးမှဦးခေါင်းတိုင်အောင် သင်တို့ကိုယ်တစ်ခုလုံးသည်အနာနှင့်ကင်းသည်ဟူ၍မရှိ။ ပွန်းပဲ့ကွဲရှနာများ၊ ဒဏ်ရာသစ်ဒဏ်ရာဟောင်းများနှင့်ပြည့်လျက်နေပေသည်။ ထိုဒဏ်ရာများကိုဆေးကြောကာ၊ အဝတ်ဖြင့်မပတ်မစည်းရကြသေး။ ဆေးလည်းမထည့်ရကြသေး။
7 ၇ သင် တို့ပြည် သည် လူဆိတ်ညံ လျက်ရှိ၏။ သင် တို့မြို့ များကို မီးလောင် ပြီ။ သင် တို့မြေ ကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင် တို့မျက်မှောက် ၌ စား ကြ၏။ ရန်သူ ဖျက် ပြီးသကဲ့သို့ ၊ လူဆိတ်ညံ လျက်ရှိ၏။
၇သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-
8 ၈ ဇိအုန် သတို့သမီး သည်လည်း ၊ စပျစ် ဥယျာဉ်၌ တဲ ကဲ့သို့ ၎င်း၊ သခွါး တောင်ယာ၌ လင့်စင် ကဲ့သို့ ၎င်း၊ ရန်သူဝိုင်း သောမြို့ ကဲ့သို့ ၎င်း ကျန်ရစ် လေ၏။
၈အဝိုင်းခံလျက်နေရသည့်ယေရုရှလင်မြို့တစ်မြို့သာလျှင်ကျန်တော့၏။ ထိုမြို့ကားမိမိအတွက်ခုခံကာကွယ်နိုင်စွမ်းမရှိသည့်စပျစ်ဥယျာဉ်အစောင့်တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာတဲကဲ့သို့လည်းကောင်းဖြစ်၍နေ၏။
9 ၉ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် ငါ တို့ ၌ အနည်းငယ် မျှ ကြွင်း စေတော်မ မူလျှင်၊ ငါတို့သည် သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ဂေါမောရ မြို့နှင့် တူ ကြပြီ။
၉အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
10 ၁၀ သောဒုံ မြို့ကို အစိုးရသောမင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြား ကြလော့။ ဂေါမောရ မြို့သား တို့၊ ငါ တို့ဘုရား သခင်၏ တရား တော်ကို နားထောင် ကြလော့။
၁၀အို ယေရုရှလင်မြို့၊ သင့်ကိုအုပ်စိုးသောမင်းများနှင့် သင်၏မြို့သူမြို့သားတို့သည်သောဒုံမြို့နှင့်ဂေါမောရမြို့မှလူတို့နှင့်တူကြ၏။ သင့်အားထာဝရဘုရားမိန့်တော်မူသောစကားတော်ကိုနားထောင်လော့။ ငါတို့၏ဘုရားသခင်သွန်သင်တော်မူသောအရာကိုအာရုံပြုလော့။-
11 ၁၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။
၁၁ကိုယ်တော်က`သင်တို့ဆက်ကာဆက်ကာပူဇော်လျက်ရှိသည့်ယဇ်တို့ကိုငါအလိုရှိတော်မူသည်'' ဟုထင်မှတ်ကြပါသလော။ သင်တို့မီးရှို့ပူဇော်သည့်သိုးများနှင့်ဆူဖြိုးသောတိရစ္ဆာန်တို့၏ဆီဥများကိုငါငြီးငွေ့တော်မူပြီ။ သိုးနွားဆိတ်တို့၏သွေးများကိုလည်းငါမနှစ်သက်တော့ပေ။-
12 ၁၂ သင်တို့သည် ငါ ရှေ့ မှာ မျက်နှာပြ ခြင်းငှါ လာ ကြ သောအခါ ၊ ငါ့ တန်တိုင်း တော်ကို ကျော်နင်း သောသင် တို့၌ ထိုသို့ သော ဝတ်ကို အဘယ်သူ တောင်း သနည်း။
၁၂သင်တို့ငါ့ထံသို့ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောအခါ ထိုအရာများကိုယူဆောင်လာရကြမည်ဟုသင်တို့အားအဘယ်သူစေခိုင်းပါသနည်း။ အဘယ်သူသည်သင်တို့အားငါ၏ဗိမာန်တော်တွင် ဤသို့ရှုပ်ယှက်ခတ်သွားလာစေပါသနည်း။-
13 ၁၃ အချည်းနှီး သော ပူဇော် သက္ကာကို နောက်တဖန် မ ဆောင် ခဲ့ကြနှင့်။ သင်တို့မီးရှို့သောနံ့သာ ပေါင်းကို ငါ ရွံရှာ ၏။ လဆန်း နေ့၊ ဥပုသ် နေ့၊ ပရိသတ်စည်းဝေး သောနေ့ ကိုလည်း ရွံရှာ၏။ အဓမ္မ အမှုနှင့်ရောနှောသော ဓမ္မစည်းဝေး ခြင်းတို့ကို သည်းမ ခံ နိုင်။
၁၃သင်တို့၏အသုံးမကျသောပူဇော်သကာများကို နောက်တစ်ဖန်ငါအလိုမရှိ။ သင်တို့ပူဇော်သည့်နံ့သာပေါင်း၏ရနံ့ကိုငါရွံမုန်း၏။ သင်တို့၏လဆန်းပွဲနေ့များ၊ ဥပုသ်နေ့များနှင့်ဘာသာရေးပွဲနေ့များကိုငါစက်ဆုပ်၏။ သင်တို့၏အပြစ်များကြောင့်ထိုအရာများသည်ဖောက်ပြန်ပျက်စီးနေသည်။-
14 ၁၄ ငါ့ ဝိညာဉ် သည် သင် တို့လဆန်း နေ့များနှင့် ၊ သင် တို့ပွဲ များကို မုန်း ၏။ ငါ့ ကို နှောက်ရှက် စရာဖြစ် ၏။ သည်းခံ ခြင်းအားဖြင့်ငါပင်ပန်း ၏။
၁၄သင်တို့၏လဆန်းပွဲနေ့များနှင့်မြင့်မြတ်သန့်ရှင်းသောနေ့များကိုငါမုန်း၏။ ထိုပွဲသဘင်များသည်ငါမထမ်းလိုတော့သည့်ဝန်ထုပ်ဖြစ်ပေသည်။
15 ၁၅ သင် တို့သည်လက်ဝါး တို့ကို ဖြန့် ကြသောအခါ ၊ ငါသည်မျက်စိ ကိုလွှဲ မည်။ များ စွာသော ပဌနာ ကို ပြုကြသောအခါ ၊ ငါ သည်နား မ ထောင်။ သင် တို့လက် တို့ သည် အသွေး နှင့် ပြည့် ကြ၏။
၁၅``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
16 ၁၆ ကိုယ်ကိုကိုယ်ဆေးကြော ကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ် စေကြလော့။ သင် တို့ဒုစရိုက် များကို ငါ့ မျက်မှောက် မှ ပယ်ရှား ကြလော့။ မကောင်း သောအကျင့် ကို ဖြတ် ကြလော့။
၁၆သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
17 ၁၇ ကောင်း သောအကျင့်ကို ကျင့်အံ့သောငှါသင် ကြလော့။ တရား သဖြင့် ပြုခြင်းငှါ ရှာကြံ ကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘ မရှိသောသူတို့ အဘို့ တရား သဖြင့် စီရင်ကြလော့။ မုဆိုးမ တို့၏အမှုကို စောင့် ကြလော့။
၁၇သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။
18 ၁၈ ထာဝရဘုရား မိန့် တော်မူသည်ကား၊ လာ ကြ။ တရားစီရင် ကြကုန်အံ့။ သင် တို့အပြစ် သည် နီ သော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့် ကဲ့သို့ ဖြူ လိမ့်မည်။ ကတ္တီပါ နီနှင့်အမျှ နီ သော်လည်း ၊ သိုးမွေး ကဲ့သို့ ဖြစ် လိမ့်မည်။
၁၈ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
19 ၁၉ သင်တို့သည် ကြည်ညို နားထောင် လျှင် ၊ မြေ အသီးအနှံ ကို စားရ ကြလိမ့်မည်။
၁၉အကယ်၍သင်တို့သည်ငါ၏စကားကိုနားထောင်မည်ဆိုပါက မြေထွက်သီးနှံကောင်းများကိုစားသုံးရကြလိမ့်မည်။-
20 ၂၀ သို့မဟုတ် ၊ ငြင်းဆန် ပုန်ကန် လျှင် ထား လက်နက်ဖြင့် ဆုံး ရကြလိမ့်မည်ဟု၊ ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
၂၀သို့ရာတွင်ငါ၏စကားကိုနားထောင်ရန်ငြင်းဆန်၍ ငါ့အားအာခံကြမည်ဆိုလျှင်မူကား သင်တို့သည်သေကြေပျက်စီးရကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
21 ၂၁ သစ္စာ ရှိသောမြို့ သည် အဘယ်သို့ မျောက်မထား ပြန်သနည်း။ အထက်က ဖြောင့်မတ် စွာ စီရင်ခြင်းနှင့်ပြည့် ၏။ တရား သည် သူ ၏အထဲ မှာ နေရာ ကျ၏။ ယခု မူကား ၊ လူအသက်ကိုသတ် သောသူတို့သည် နေရာ ကျကြ၏။
၂၁အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။-
22 ၂၂ သင် ၏ ငွေ သည်လည်းချော် ဖြစ် လေပြီ။ သင် ၏ စပျစ်ရည် သည် ရေ နှင့် ရော လျက်ရှိ၏။
၂၂အို ယေရုရှလင်မြို့၊ သင်သည်အခါတစ်ပါးကငွေနှင့်တူခဲ့၏။ ယခုမူကားတန်ဖိုးမဲ့ဖြစ်၍နေလေပြီ။ ယခင်အခါကသင်သည်စပျစ်ရည်ကောင်းနှင့်တူခဲ့၏။ ယခုမှာမူရေပကတိဖြစ်၍နေတော့၏။-
23 ၂၃ သင် ၏မင်း တို့သည် ပုန်ကန် ကြပြီ။ သူခိုး လက်ခံ ဖြစ်ကြပြီ။ ထိုမင်းအပေါင်း တို့သည် လက်ဆောင် ကို အလို ရှိကြ၏။ တံစိုး ကိုစား ကြ၏။ မိဘ မရှိသောသူတို့ အဘို့ တရားမ စီရင် ကြ။ မုတ်ဆိုးမ အမှု ကို နား မ ထောင်ကြ။
၂၃သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
24 ၂၄ ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲ ၊ ငါ့ တဘက် ၌ နေသောသူတို့ ကို ပယ်ရှားပြီးမှငါချင်ရဲ ပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ ရန်သူ တို့ကို အပြစ်နှင့် အလျောက်စီရင် မည်။
၂၄သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည့်စကားကိုယခုနားထောင်လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူတည်းဟူသောသင်တို့အားလက်စားချေတော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ်သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။-
25 ၂၅ သင့် ကို လည်း ငါ ကိုင် ယူပြီးလျှင် ၊ ချော် နှင့် ရှင်းရှင်းကင်းစင် စေ၍ သင် ၏ကြေး ဖြူရှိသမျှ ကိုလည်း ပယ်ရှား မည်။
၂၅ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်းတူ သင်၏အညစ်အကြေးများကိုလည်းချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။-
26 ၂၆ သင် ၏ တရားသူကြီး တို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦး စွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည်။ ထို နောက်မှ၊ သင် ၏နာမကို တရား သောမြို့ ၊ သစ္စာ စောင့်သောမြို့ ဟု သမုတ် ကြလိမ့်မည်။
၂၆ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
27 ၂၇ ဇိအုန် မြို့သည် တရား အားဖြင့် ၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ် သောအားဖြင့် ၎င်း၊ ရွေးနှုတ် ခြင်း ကိုခံ ရကြလိမ့်မည်။
၂၇ထာဝရဘုရားသည်ဖြောင့်မှန်တော်မူသည်ဖြစ်၍ ယေရုရှလင်မြို့နှင့်နောင်တရသူမှန်သမျှကိုကယ်တင်တော်မူလိမ့်မည်။-
28 ၂၈ လွန်ကျူး သောသူနှင့် ပြစ်မှား သောသူတို့သည် ပျက်စီး ခြင်းသို့ အတူ ရောက်၍ ၊ ထာဝရဘုရား ကို စွန့် သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။
၂၈သို့ရာတွင်ကိုယ်တော်သည်အပြစ်ကူးလွန်သူနှင့် မိမိကိုပုန်ကန်သူအပေါင်းတို့အားချေမှုန်းပစ်တော်မူလိမ့်မည်။ မိမိအားစွန့်ပစ်သူမှန်သမျှကိုသုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။
29 ၂၉ သင်တို့သည် တပ်မက် ဘူးသော သပိတ် ပင်တို့ ကြောင့် ရှက် ကြလိမ့်မည်။ သင်တို့သည် ရွေး ယူဘူးသော ဥယျာဉ် တို့ကြောင့် မျက်နှာပျက် ကြလိမ့်မည်။
၂၉သင်သည်သစ်ပင်များကိုဝတ်ပြုရှိခိုးမိခဲ့သည့်အတွက် ဝတ်ပြုကိုးကွယ်ရာဥယျာဉ်များကိုစိုက်ပျိုးမိခဲ့သည့်အတွက်ဝမ်းနည်းရလိမ့်မည်။-
30 ၃၀ အကြောင်း မူကား၊ အရွက် နွမ်း သော သပိတ် ပင် ကဲ့သို့ ၎င်း၊ ရေ မရှိ သော ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
၃၀သင်သည်သေအံ့ဆဲဆဲရှိသောဝက်သစ်ချပင်နှင့် ရေမလောင်းသည့်ဥယျာဉ်ကဲ့သို့ညှိုးနွမ်းခြောက်သွေ့၍သွားလိမ့်မည်။-
31 ၃၁ ခွန်အားကြီး သောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ ၏အမှု သည် မီးပွား ဖြစ်လျက်၊ ထို နှစ် ပါးသည် အတူ လောင် ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မ သတ် ရ။
၃၁သစ်ခြောက်သည်မီးပွားကြောင့်မီးစွဲလောင်ရသည်နည်းတူတန်ခိုးကြီးမားသူတို့သည်လည်း မိမိတို့၏ဒုစရိုက်များကြောင့်ဆုံးပါးပျက်စီးရကြလိမ့်မည်။ ယင်းသို့ဆုံးပါးပျက်စီးမှုကိုလည်းအဘယ်သူမျှဆီးတား၍ရလိမ့်မည်မဟုတ်'' ဟုမြွက်ဆိုလေသည်။