< ဟောရှေ 1 >

1 ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ သား ယေရောဗောင် မင်းတို့လက်ထက် ၊ ဗေရိ ၏ သား ဟောရှေ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် အစအဦးဟူမူကား၊
Das Wort Jehovas, welches zu Hosea, dem Sohne Beeris, geschah in den Tagen Ussijas, Jothams, Ahas, Hiskias, der Könige von Juda, und in den Tagen Jerobeams, des Sohnes Joas, des Königs von Israel.
2 သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား မှာ ထားတော်မူသည် အတိုင်း ၊
Als Jehova anfing mit Hosea zu reden, da sprach Jehova zu Hosea: Gehe hin, nimm dir ein Hurenweib und Hurenkinder; denn das Land treibt beständig Hurerei, von [Eig. von hinter] Jehova hinweg.
3 ဟောရှေသည်သွား ၍ ဒိဗလိမ် သမီး ဂေါမာ ကို သိမ်းပိုက် သဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ဟောရှေ ၌ သား ယောက်ျားကို ဘွားမြင် လေ၏။
Und er ging hin und nahm Gomer, die Tochter Diblaims; und sie ward schwanger und gebar ihm einen Sohn.
4 ထာဝရဘုရား ကလည်း ၊ ထို သားကို ယေဇရေလ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ခဏကြာ ပြီးမှ ယေဇရေလ အသက် ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုး ကို ငါသည် ဒဏ်ပေး ၍ ဣသရေလ အမျိုး ၏ နိုင်ငံ ကို ဆုံး စေမည်။
Und Jehova sprach zu ihm: Gib ihm den Namen Jisreel; denn noch um ein Kleines, so werde ich die Blutschuld von Jisreel an dem Hause Jehus heimsuchen und dem Königtum des Hauses Israel ein Ende machen.
5 ဣသရေလ လေး ကို ယေဇရေလ ချိုင့် ၌ ငါချိုး သောနေ့ ခြင်းတွင် ထို အမှုပြည့်စုံ လိမ့်မည်ဟု မိန့် တော်မူ ၏။
Und es wird geschehen an jenem Tage, da werde ich den Bogen Israels zerbrechen im Tale Jisreel. -
6 တဖန် ပဋိသန္ဓေ ယူ၍ သမီး ကိုဘွားမြင် လေ၏။ ထို သမီးကို လောရုဟာမာ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး ကို နောက် တဖန် မ သနား မစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်း မည်။
Und sie ward wiederum schwanger und gebar eine Tochter. Und er sprach zu ihm: Gib ihr den Namen Lo-Ruchama [Nicht-Begnadigte; ] denn ich werde mich fortan des Hauses Israel nicht mehr erbarmen, daß ich ihnen irgendwie vergebe.
7 ယုဒ အမျိုး ကိုကား ၊ သနား စုံမက်ဦးမည်။ သို့ရာတွင် ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်၊ မြင်း ၊ မြင်း စီးသူရဲ အားဖြင့် မ ကယ်တင် ၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အားဖြင့် ကယ်တင် မည်ဟု မိန့် တော်မူ၏။
Aber des Hauses Juda werde ich mich erbarmen und sie retten durch Jehova, ihren Gott; und nicht werde ich sie retten durch Bogen und durch Schwert und durch Krieg, durch Rosse und durch Reiter. -
8 လောရုဟာမာ ကို နို့ ခွါသောအခါ ၊ အမိသည် ပဋိသန္ဓေ ယူပြန်၍ သား ယောက်ျားကို ဘွားမြင် လေ၏။
Und sie entwöhnte die Lo-Ruchama. Und sie ward schwanger und gebar einen Sohn.
9 ထို သားကိုလောအမ္မိ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ သင် တို့သည် ငါ ၏လူ မ ဟုတ်။ ငါ သည် လည်း သင် တို့၏ ဘုရားသခင်မ ဟုတ် ။
Und er sprach: Gib ihm den Namen Lo-Ammi [Nicht-mein-Volk; ] denn ihr seid nicht mein Volk, und ich, ich will nicht euer sein.
10 ၁၀ သို့ရာတွင် ၊ ဣသရေလ အမျိုးသား တို့သည် မ ခြင် နိုင်၊ မ ရေတွက် နိုင်သော သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ ကြလိမ့်မည်။ သင် တို့သည် ငါ ၏ လူ မ ဟုတ်ဟု ထိုသူ တို့အား ပြောဆို ရာ အရပ် ၌ ပင်လျှင်၊ သူ တို့သည် အသက်ရှင် တော်မူသောဘုရား သခင်၏သား ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလိမ့်မည်။
Doch die Zahl der Kinder Israel wird sein wie der Sand des Meeres, der nicht gemessen und nicht gezählt werden kann; und es wird geschehen, an dem Orte, wo zu ihnen gesagt wurde: Ihr seid nicht mein Volk, wird zu ihnen gesagt werden: Kinder des lebendigen Gottes [El.]
11 ၁၁ ထိုအခါ ယုဒ အမျိုးသား တို့နှင့် ဣသရေလ အမျိုးသား တို့သည် စုဝေး ပေါင်းဘော်၍ ၊ မင်း တဦးတည်း ကို ချီးမြှောက် သဖြင့် ထိုပြည် ထဲက ထွက်လာ ကြ လိမ့်မည်။ ယေဇရေလ နေ့ သည် ကြီးမြတ် သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
Und die Kinder Juda und die Kinder Israel werden sich miteinander versammeln, und sich ein Haupt setzen und aus dem Lande heraufziehen; denn groß ist der Tag von Jisreel.

< ဟောရှေ 1 >