< ဟောရှေ 9 >

1 အိုဣသရေလ အမျိုး၊ တပါး အမျိုးသားကဲ့သို့ ဝမ်းမြောက် ရွှင်မြူး သောစိတ် ရှိ၍မ ခုန်နှင့်။ ကိုယ် ဘုရား သခင် ၌ မ ဆည်းကပ်၊ အခြားသော ဘုရားနှင့် မှားယွင်းပြီ။ ကောက်နယ်တလင်း ရှိသမျှ တို့၌ မှားယွင်း ခကို နှစ်သက် တတ်၏။
ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​ခြား​သော​လူ မျိုး​များ​ကဲ့​သို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ ကျင်း​ပ​ကြ​နှင့်။ သင်​တို့​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ကြ​ပြီ။ သင် တို့​သည်​တိုင်း​ပြည်​တစ်​ဝှမ်း​လုံး​တွင် မိ​မိ ကိုယ်​ကို​ပြည့်​တန်​ဆာ​အ​ဖြစ်​ဗာ​လ​ဘု​ရား ထံ​ရောင်း​စား​ကြ​ပြီ။ သီး​ထွက်​ကောင်း​မှု များ​သည်​ဗာ​လ​ဘု​ရား​ကြောင့်​ရ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​သည်။-
2 ကောက်နယ် တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီး နယ်ရာ ကျင်းအားဖြင့်လည်း အသက် မ မွေးရ။ စပျစ်ရည် သစ်လည်း သူ တို့ မြော်လင့်သည်အတိုင်း မထွက် ရ။
သို့​ရာ​တွင်​မ​ကြာ​မီ​သင်​တို့​တွင်​ဆန်​စ​ပါး၊ သံ​လွင်​ဆီ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သုံး ခွင့်​ရ​တော့​မည်​မ​ဟုတ်။-
3 ဧဖရိမ် အမျိုးတို့သည် ထာဝရဘုရား ၏ မြေ တော်၌ မ နေ ရဘဲ အဲဂုတ္တု ပြည်သို့ ပြန် သွား၍ ၊ အာရှုရိ ပြည်၌ မ စင်ကြယ်သောအစာကို စား ရကြမည်။
ဧ​ဖ​ရိမ်​ပြည်​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပြည်​တွင်​မ​နေ​ရ​တော့​ဘဲ​အီ​ဂျစ်​ပြည် သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ​ပြည်​တွင်​လည်း တား​မြစ်​ထား​သော​အ​စား​အ​စာ​ကို​စား ကြ​ရ​မည်။-
4 စပျစ်ရည် သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား မ ပြုရကြ။ ပူဇော်သော ယဇ် တို့ကို နှစ်သက် တော်မ မူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသောသူတို့ ၏အစာကဲ့သို့ဖြစ်၍၊ စား သောသူအပေါင်း တို့သည် ညစ်ညူး ခြင်းသို့ ရောက်ကြ လိမ့်မည်။ သူ တို့အစာ ကို ကိုယ်တိုင် စားကြစေ။ ထာဝရဘုရား ၏အိမ် တော်ထဲသို့ မ သွင်း စေနှင့်။
ထို​နိုင်​ငံ​များ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ ယဇ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော်​နိုင် လိမ့်​မည်​မ​ဟုတ်။ သူ​တို့​စား​သော​အ​စား​အ​စာ သည်​အ​သု​ဘ​အိမ်​မှ​ကျွေး​သော​အ​စား​အ​စာ ကဲ့​သို့​စား​သူ​တိုင်း​အား​ညစ်​ညမ်း​စေ​မည်။ သူ တို့​သည်​အ​ဆာ​ပြေ​ရန်​ထို​အ​စား​အ​စာ​ကို စား​ရ​မည်။ ထို​အ​စား​အ​စာ​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​မ​ယူ​ဆောင်​သွား​ရ။-
5 ဓမ္မ ပွဲနေ့ ၊ ထာဝရဘုရား အဘို့ဆောင်သော ပွဲ နေ့ တို့၌ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရန်​သတ်​မှတ်​ထား​သည့်​ပွဲ​တော်​နေ့ ကြီး​များ​ကျ​ရောက်​သည့်​အ​ခါ​မည်​ကဲ့​သို့ ဆင်​ယင်​ကျင်း​ပ​ကြ​မည်​နည်း။-
6 ပျက်စီး ရာထဲက သူတို့သည် ထွက်သွား ကြပြီ။ အဲဂုတ္တု ပြည်၌စု ၍ မင်ဖိ မြို့၌ သင်္ဂြိုဟ် ကြလိမ့်မည်။ ငွေ တန်ဆာ ဆင်သော နေရာဘုံ ဗိမာန်များကို ဆူး အမျိုးမျိုးတို့သည် လွှမ်းမိုး ကြလိမ့်မည်။
ဘေး​ဒုက္ခ​ဆိုက်​ရောက်​၍​သူ​တို့​သည်​အ​ရပ်​ရပ် သို့​ရောက်​ရှိ​ကြ​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​စု​သိမ်း​၍ မင်​ဖိ​မြို့ တွင်​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သူ​တို့​၏​ငွေ​ရ​တ​နာ နှင့်​သူ​တို့​၏​နေ​အိမ်​ဟောင်း​ရှိ​ရာ​အ​ရပ်​တို့ သည် ပေါင်း​ပင်​နှင့်​ဆူး​ပင်​များ​ဖုံး​အုပ်​လျက် ရှိ​လိမ့်​မည်။
7 စစ်ကြော ရသော အချိန် ရောက် လေပြီ။ အပြစ် ပေးရသောအချိန် ရောက် လေပြီ။ ဣသရေလ အမျိုး သိ ရလိမ့်မည်။ ပရောဖက် သည် အမိုက် ဖြစ်၏။ ဝိညာဉ် ဆု ကျေးဇူးကိုခံ သောသူ သည် အရူး ဖြစ်၏။ သင် ၌ အပြစ် ကြီး သည်အတိုင်း ကြီးစွာ သော ဖျက်ဆီး ခြင်းကို ခံရ၏။
ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို​သူ​တို့​ခံ​ရ မည့်​အ​ချိန်​ရောက်​လာ​ပြီ။ ထို​အ​ချိန်​ရောက် လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သား​တို့ သိ​ကြ​လိမ့်​မည်။ သင်​တို့​က``ဤ​ပ​ရော​ဖက် သည်​သူ​ရူး​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သက်​ရောက် သူ​သည်​စိတ်​မ​နှံ့​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ သင်​တို့​သည်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​သော​ကြောင့်​ငါ့​ကို​အ​လွန်​မုန်း တီး​ကြ​၏။-
8 ဧဖရိမ် ကင်း စောင့်သည် မိမိ ဘုရား ဘက် မှာ နေ၏။ ပရောဖက် သည် ပြု လေသမျှတို့၌ မုဆိုး ကျော့ကွင်း ဖြစ်၏။ သူ ၏ဘုရား အိမ် တွင် ဘေး ပြုသောသူဖြစ် ၏။
ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​တို့​ကို​သ​တိ ပေး​ရန် ငါ့​အား​ပ​ရော​ဖက်​အ​ဖြစ်​စေ​လွှတ် တော်​မူ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​သွား လေ​ရာ​အ​ရပ်​၌​ငှက်​ကို​ကျော့​ကွင်း​ထောင် ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ကြ​၏။ ဘု​ရား​သ​ခင်​၏​ပြည်​တော်​၌​ပင်​လူ​တို့​သည် ပ​ရော​ဖက်​များ​၏​ရန်​သူ​များ​ဖြစ်​ကြ​၏။-
9 ဂိဗာ မြို့ လက်ထက် ကဲ့သို့ သူတို့သည် ကိုယ်ကိုအလွန် ညစ်ညူး စေကြပြီ။ သူ တို့အပြစ် ကို အောက်မေ့ ၍ ဒုစရိုက် များကို စစ်ကြော တော်မူမည်။
သူ​တို့​သည်​ဂိ​ဗာ​မြို့​မှာ​ကဲ့​သို့​အ​လွန် ဆိုး​ရွား​သော​အ​ပြစ်​ကို​ကူး​လွန်​လျက် ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဒု​စ​ရိုက်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ၍​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။
10 ၁၀ တော ၌ စပျစ်သီး ကဲ့သို့ ဣသရေလ အမျိုးကို ငါ တွေ့ ၏။ သီး စသော သင်္ဘော သဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့သင် တို့ဘိုးဘေး များကို ငါမြင် ၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့သွား ၍ ၊ ထိုရှက်ဘွယ် သော အရာအဘို့ ကိုယ်ကိုအပ်နှံ သဖြင့် တပ်မက် သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြု ကြ၏။
၁၀ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ကို​ငါ​ဦး စွာ​တွေ့​ရ​စဉ်​က တော​ကန္တာ​ရ​၌​ပေါက်​သော စ​ပျစ်​ပင်​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သင်​တို့​၏​ဘိုး​ဘေး​များ​ကို​ငါ​ဦး​စွာ​တွေ့ ရ​စဉ်​က​ပေါ်​ဦး​ပေါ်​ဖျား​မှည့်​သော​သ​ဖန်း သီး​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ပေ​ဂု​ရ​တောင်​သို့​ရောက် ရှိ​သော​အ​ခါ ဗာ​လ​ဘု​ရား​ကို​ကိုး​ကွယ် ကြ​သ​ဖြင့်၊ သူ​တို့​ကြည်​ညို​သော​ဘု​ရား များ​ကဲ့​သို့​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လာ ကြ​၏။-
11 ၁၁ ဧဖရိမ် ၏ဘုန်း သည် ငှက် ကဲ့သို့ ပျံ သွားလိမ့်မည်။ သားဘွား ခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ ပဋိသန္ဓေ ယူခြင်း မရှိရ။
၁၁ဣ​သ​ရေ​လ​တို့​၏​ဘုန်း​တန်​ခိုး​သည်​ငှက် ပျံ​သ​ကဲ့​သို့​ကွယ်​ပျောက်​သွား​လိမ့်​မည်။ သူ တို့​တွင်​သ​မီး​များ​မ​ထွန်း​ကား​ရ။ ကိုယ် ဝန်​ဆောင်​သော​မိန်း​မ မ​ရှိ​ရ။ သန္ဓေ​တည် ခြင်း​မ​ရှိ​စေ​ရ။-
12 ၁၂ သားသမီး တို့ကို ကျွေးမွေး သော်လည်း ၊ တယောက် ကိုမျှ မကျန်စေခြင်းငှါငါလု ယူမည်။ အကယ်၍ သူ တို့ကို ငါ စွန့်ပစ် သောအခါ အမင်္ဂလာ ရှိကြလိမ့်မည်။
၁၂အ​ကယ်​၍​သူ​တို့​သည်​သား​သ​မီး​များ ကို​ပြု​စု​ကြီး​ပြင်း​လာ​စေ​ကြ​သည့်​တိုင် အောင်​ငါ​သည်​ထို​က​လေး​များ​ကို​ရုပ် သိမ်း​၍​တစ်​ယောက်​ကို​မျှ​အ​သက်​ရှင်​စေ မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့​ကို​စွန့်​ပစ် သော​အ​ခါ​သူ​တို့​သည်​ကြောက်​မက်​ဖွယ် ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
13 ၁၃ ဧဖရိမ် သည် တုရု မြို့ကဲ့သို့ ငြိမ်ဝပ် ရာအရပ်၌ တည် ဟန်ရှိသော်လည်း ၊ မိမိ သား သမီးတို့ကို လူသတ် လက် သို့ အပ် ရလိမ့်မည်။
၁၃အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​သား သ​မီး​များ​အား​ရန်​သူ​များ​လိုက်​လံ​၍ သတ်​ဖြတ်​နေ​သည်​ကို​အ​ကျွန်ုပ်​မြင် ယောင်​ပါ​၏။-
14 ၁၄ အိုထာဝရဘုရား ၊ ပေး သနားတော်မူပါ။ အဘယ် သို့ ပေး တော်မူရမည်နည်း။ ကိုယ်ဝန် မဆောင်သော ဝမ်း ၊ နို့ မထွက်သော သားမြတ် ကိုပေး တော်မူပါ။
၁၄ဤ​သူ​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ထံ​အ​ကျွန်ုပ် မည်​သည့်​အ​ရာ​ကို​တောင်း​လျှောက်​ရ​ပါ​မည် နည်း။ သူ​တို့​၏​အ​မျိုး​သ​မီး​များ​ကို​မြုံ​စေ ၍​သူ​တို့​က​လေး​ငယ်​များ​ကို​ပြု​စု​ခွင့် မ​ရ​ကြ​ပါ​စေ​နှင့်။
15 ၁၅ ဂိလဂါလ မြို့၌ သူ တို့ပြုသမျှ သော ဒုစရိုက် ရှိ၍၊ ထို အရပ်၌ သူ တို့ကို ငါမုန်း ၏။ သူ တို့ ဒုစရိုက် အပြစ် ကြောင့် ငါ့ အိမ် မှ ငါနှင်ထုတ် မည်။ နောက် တဖန် သူ တို့ကို မ ချစ် ။ သူ တို့ မင်း အပေါင်း တို့သည် ပုန်ကန် တတ်သောသူဖြစ် ကြ၏။
၁၅ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​ဂိ​လ​ဂါ​လ မြို့​တွင်​ဒု​စ​ရိုက်​များ​ကို​စ​တင်​ကူး​လွန် ကြ​သ​ဖြင့် ထို​အ​ချိန်​မှ​စ​၍​ငါ​သည်​သူ တို့​ကို​မုန်း​တီး​၏။ သူ​တို့​ကူး​လွန်​ခဲ့​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ငါ​၏​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​အား မ​ချစ်​တော့​ပြီ။ သူ​တို့​၏​ခေါင်း​ဆောင် အ​ပေါင်း​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​ကြ​၏။-
16 ၁၆ ဧဖရိမ် သည် အထိ အခိုက်ခံရသောကြောင့်၊ အမြစ် သွေ့ခြောက် လျက်ရှိ၍ အသီး ကို မ သီး နိုင်ရာ။ သားဘွား သော်လည်း ၊ အချစ် ဆုံးသော သားတို့ကို ငါသတ် မည်။
၁၆ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​မြစ် များ​သွေ့​ခြောက်​သ​ဖြင့် အ​သီး​မ​သီး​နိုင် သော​အ​ပင်​နှင့်​တူ​၏။ သူ​တို့​တွင်​သား​သ​မီး များ​မ​ထွန်း​ကား​စေ​ရ။ အ​ကယ်​၍​သား သ​မီး​များ​ထွန်း​ကား​ခဲ့​သည်​ရှိ​သော်​သူ တို့​၏​ရင်​သွေး​များ​ကို​ငါ​သတ်​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။
17 ၁၇ ငါ့ ဘုရား သခင်၏ စကားတော်ကို နား မ ထောင်သောကြောင့် စွန့်ပစ် တော်မူ၍ ၊ သူတို့သည် တပါးအမျိုးသား တို့တွင် အရပ်ရပ်သို့ လှည့်လည် ရ ကြမည်။
၁၇သူ​တို့​သည်​ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​စ​ကား​ကို​နား​မ​ထောင်​သော​ကြောင့် ကိုယ် တော်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ​မည်။ သူ တို့​သည်​အ​ခြား​နိုင်​ငံ​များ​တွင်​လှည့်​လည် နေ​ထိုင်​ရ​လိမ့်​မည်။

< ဟောရှေ 9 >