< ဟောရှေ 9 >

1 အိုဣသရေလ အမျိုး၊ တပါး အမျိုးသားကဲ့သို့ ဝမ်းမြောက် ရွှင်မြူး သောစိတ် ရှိ၍မ ခုန်နှင့်။ ကိုယ် ဘုရား သခင် ၌ မ ဆည်းကပ်၊ အခြားသော ဘုရားနှင့် မှားယွင်းပြီ။ ကောက်နယ်တလင်း ရှိသမျှ တို့၌ မှားယွင်း ခကို နှစ်သက် တတ်၏။
Israel, don't rejoice! Don't celebrate like other nations! For you have practiced prostitution; you have loved a prostitute's wages on every threshing floor of grain.
2 ကောက်နယ် တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီး နယ်ရာ ကျင်းအားဖြင့်လည်း အသက် မ မွေးရ။ စပျစ်ရည် သစ်လည်း သူ တို့ မြော်လင့်သည်အတိုင်း မထွက် ရ။
Your threshing floors and winepresses will not feed you; the land will fail to produce your new wine.
3 ဧဖရိမ် အမျိုးတို့သည် ထာဝရဘုရား ၏ မြေ တော်၌ မ နေ ရဘဲ အဲဂုတ္တု ပြည်သို့ ပြန် သွား၍ ၊ အာရှုရိ ပြည်၌ မ စင်ကြယ်သောအစာကို စား ရကြမည်။
You will not stay in the Lord's land, instead Ephraim will return to Egypt, and will eat unclean food in Assyria.
4 စပျစ်ရည် သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား မ ပြုရကြ။ ပူဇော်သော ယဇ် တို့ကို နှစ်သက် တော်မ မူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသောသူတို့ ၏အစာကဲ့သို့ဖြစ်၍၊ စား သောသူအပေါင်း တို့သည် ညစ်ညူး ခြင်းသို့ ရောက်ကြ လိမ့်မည်။ သူ တို့အစာ ကို ကိုယ်တိုင် စားကြစေ။ ထာဝရဘုရား ၏အိမ် တော်ထဲသို့ မ သွင်း စေနှင့်။
You won't pour out any drink offerings to the Lord. None of your sacrifices will please him. Your sacrifices will be like food eaten by a person in mourning—all who eat will be unclean. You will eat this food yourselves, but it will not enter the house of the Lord.
5 ဓမ္မ ပွဲနေ့ ၊ ထာဝရဘုရား အဘို့ဆောင်သော ပွဲ နေ့ တို့၌ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။
What are you going to do on the days of your appointed religious feasts, on the days of the festivals of the Lord?
6 ပျက်စီး ရာထဲက သူတို့သည် ထွက်သွား ကြပြီ။ အဲဂုတ္တု ပြည်၌စု ၍ မင်ဖိ မြို့၌ သင်္ဂြိုဟ် ကြလိမ့်မည်။ ငွေ တန်ဆာ ဆင်သော နေရာဘုံ ဗိမာန်များကို ဆူး အမျိုးမျိုးတို့သည် လွှမ်းမိုး ကြလိမ့်မည်။
Look, they have left because of the destruction: Egypt with gather them, and Memphis will bury them. They gain a “valued possession” for their silver. Weeds will possess them, and thorns will grow over their tents.
7 စစ်ကြော ရသော အချိန် ရောက် လေပြီ။ အပြစ် ပေးရသောအချိန် ရောက် လေပြီ။ ဣသရေလ အမျိုး သိ ရလိမ့်မည်။ ပရောဖက် သည် အမိုက် ဖြစ်၏။ ဝိညာဉ် ဆု ကျေးဇူးကိုခံ သောသူ သည် အရူး ဖြစ်၏။ သင် ၌ အပြစ် ကြီး သည်အတိုင်း ကြီးစွာ သော ဖျက်ဆီး ခြင်းကို ခံရ၏။
The time of punishment has come; the day of retribution has arrived. Let Israel know! You say the prophet is a fool, the man of the Spirit is mad, because your sin and hostility is so great.
8 ဧဖရိမ် ကင်း စောင့်သည် မိမိ ဘုရား ဘက် မှာ နေ၏။ ပရောဖက် သည် ပြု လေသမျှတို့၌ မုဆိုး ကျော့ကွင်း ဖြစ်၏။ သူ ၏ဘုရား အိမ် တွင် ဘေး ပြုသောသူဖြစ် ၏။
The watchman over Ephraim is with my God, and a prophet is a birdcatcher's snare on all his ways. Hatred is in the house of his God
9 ဂိဗာ မြို့ လက်ထက် ကဲ့သို့ သူတို့သည် ကိုယ်ကိုအလွန် ညစ်ညူး စေကြပြီ။ သူ တို့အပြစ် ကို အောက်မေ့ ၍ ဒုစရိုက် များကို စစ်ကြော တော်မူမည်။
for they have corrupted themselves so deeply, as in the time of Gibeah. He will remember their sin; he will punish their wickedness.
10 ၁၀ တော ၌ စပျစ်သီး ကဲ့သို့ ဣသရေလ အမျိုးကို ငါ တွေ့ ၏။ သီး စသော သင်္ဘော သဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့သင် တို့ဘိုးဘေး များကို ငါမြင် ၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့သွား ၍ ၊ ထိုရှက်ဘွယ် သော အရာအဘို့ ကိုယ်ကိုအပ်နှံ သဖြင့် တပ်မက် သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြု ကြ၏။
When I found Israel, it was like finding grapes in the desert. When I saw your forefathers it was like seeing early fruit on the fig tree. But when they came to Baal Peor, they gave themselves over to that shameful idol, becoming as filthy as the filthy thing they loved.
11 ၁၁ ဧဖရိမ် ၏ဘုန်း သည် ငှက် ကဲ့သို့ ပျံ သွားလိမ့်မည်။ သားဘွား ခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ ပဋိသန္ဓေ ယူခြင်း မရှိရ။
Ephraim! Like a bird that flies away so shall your glory—no births, no pregnancies, no conceptions.
12 ၁၂ သားသမီး တို့ကို ကျွေးမွေး သော်လည်း ၊ တယောက် ကိုမျှ မကျန်စေခြင်းငှါငါလု ယူမည်။ အကယ်၍ သူ တို့ကို ငါ စွန့်ပစ် သောအခါ အမင်္ဂလာ ရှိကြလိမ့်မည်။
Even if they bring up children, I will make sure they do not survive. What a disaster for you when I turn away from you!
13 ၁၃ ဧဖရိမ် သည် တုရု မြို့ကဲ့သို့ ငြိမ်ဝပ် ရာအရပ်၌ တည် ဟန်ရှိသော်လည်း ၊ မိမိ သား သမီးတို့ကို လူသတ် လက် သို့ အပ် ရလိမ့်မည်။
Ephraim! Just as I saw Tyre planted in a meadow, so too Ephraim will lead out his children to the murderer.
14 ၁၄ အိုထာဝရဘုရား ၊ ပေး သနားတော်မူပါ။ အဘယ် သို့ ပေး တော်မူရမည်နည်း။ ကိုယ်ဝန် မဆောင်သော ဝမ်း ၊ နို့ မထွက်သော သားမြတ် ကိုပေး တော်မူပါ။
Give them—well, Lord, what should you give them? Give them wombs that miscarry and dry breasts.
15 ၁၅ ဂိလဂါလ မြို့၌ သူ တို့ပြုသမျှ သော ဒုစရိုက် ရှိ၍၊ ထို အရပ်၌ သူ တို့ကို ငါမုန်း ၏။ သူ တို့ ဒုစရိုက် အပြစ် ကြောင့် ငါ့ အိမ် မှ ငါနှင်ထုတ် မည်။ နောက် တဖန် သူ တို့ကို မ ချစ် ။ သူ တို့ မင်း အပေါင်း တို့သည် ပုန်ကန် တတ်သောသူဖြစ် ကြ၏။
All of their evil began at Gilgal, and that's where I began to hate them. I will drive them out of my house because of their wickedness. I will love them no longer; all their leaders are rebels.
16 ၁၆ ဧဖရိမ် သည် အထိ အခိုက်ခံရသောကြောင့်၊ အမြစ် သွေ့ခြောက် လျက်ရှိ၍ အသီး ကို မ သီး နိုင်ရာ။ သားဘွား သော်လည်း ၊ အချစ် ဆုံးသော သားတို့ကို ငါသတ် မည်။
Ephraim, you are blighted, dried up from the roots. You shall bear no fruit. Even if you have children, I will slaughter your beloved offspring.
17 ၁၇ ငါ့ ဘုရား သခင်၏ စကားတော်ကို နား မ ထောင်သောကြောင့် စွန့်ပစ် တော်မူ၍ ၊ သူတို့သည် တပါးအမျိုးသား တို့တွင် အရပ်ရပ်သို့ လှည့်လည် ရ ကြမည်။
My God will reject you because you have not listened to him, and you will become homeless wanderers among the nations.

< ဟောရှေ 9 >