< ဟောရှေ 6 >

1 လာ ကြ။ ထာဝရဘုရား ထံ တော်သို့ ပြန် ကြကုန်အံ့။ ကိုယ်တော် သည် ကိုက်ဖြတ် သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ် သော်လည်း အနာကို စည်း တော်မူမည်။
"Come, and let us return to Jehovah; for he has torn us to pieces, and he will heal us; he has injured us, and he will bind up our wounds.
2 နှစ် ရက်လွန်ပြီးမှ ငါ တို့ကို အသက်ရှင် စေ၍၊ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် စေတော်မူသဖြင့် ၊ အထံ တော်၌ ငါတို့သည် အသက်ရှင် ကြလိမ့်မည်။
After two days he will revive us. On the third day he will raise us up, and we will live before him.
3 ပညာ ကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရား ကို သိ ခြင်းငှါ လိုက် ရှာကြလိမ့်မည်။ ထွက် တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ် လိမ့်မည်။ ရွာသောမိုဃ်း နှင့် မြေ အပေါ်သို့ ရွာ သော နောက် မိုဃ်းကဲ့သို့ သက်ရောက် တော်မူလိမ့်မည်။
Let us acknowledge Jehovah. Let us press on to know Jehovah. As surely as the sun rises, Jehovah will appear. He will come to us like the rain, like the spring rain that waters the earth."
4 အိုဧဖရိမ် ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ အိုယုဒ ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ သင် တို့ကြည်ညို သောစိတ် သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ဖြစ်၏။
"Ephraim, what shall I do to you? Judah, what shall I do to you? For your love is like a morning cloud, and like the dew that disappears early.
5 ထိုကြောင့် သူတို့ကို ပရောဖက် များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ် ရပြီ။ ငါ့ နှုတ်ထွက် စကား အားဖြင့် သတ် ရပြီ။ ငါ့စီရင် ချက်တို့သည်လည်း ထွန်းလင်းသော အလင်း ကဲ့သို့ဖြစ် ကြပြီ။
Therefore I have cut them to pieces with the prophets; I killed them with the words of my mouth, and my judgment goes forth as the light.
6 ယဇ် ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာ အကျင့်ကို၎င်း၊ မီးရှို့ ရာယဇ်ပူဇော်ခြင်းထက် ဘုရား သခင်နှင့် ကျွမ်းဝင် ခြင်းကို၎င်းငါနှစ်သက် ၏။
For I desire mercy, and not sacrifice; and the knowledge of God more than burnt offerings.
7 သူ တို့သည် အာဒံ ကဲ့သို့ ပဋိညာဉ် ကို လွန်ကျူး ကြပြီ။ နေရင်း အရပ်၌ ငါ့ သစ္စာ ကို ဖျက်ကြပြီ။
But they, like Adam, have broken the covenant. They were unfaithful to me, there.
8 ဂိလဒ် မြို့ သည် အဓမ္မ ပြု သောသူတို့ နေရာ ဖြစ်၍၊ လူအသွေး နှင့် စွန်း သော ခြေရာများ၏။
Gilead is a city of evildoers; it is stained with blood.
9 ထားပြ အလုံးအရင်းသည် ခရီးသွားသောသူ ကို ချောင်း ၍ ကြည့်သကဲ့သို့ ၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင် မြို့သို့ သွားသော လမ်း ၌ ပင် အသက် ကိုသတ် တတ်ကြ၏။
As gangs of robbers wait to ambush a man, so the company of priests murder in the way toward Shechem, committing shameful crimes.
10 ၁၀ အကယ်စင်စစ်အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက် ဘွယ်သောအမှုကို ဣသရေလ အမျိုး ၌ ငါမြင် ပြီ။ ထို အမျိုး၌ ဧဖရိမ် သည် မှားယွင်း တတ်၏။ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။
In the house of Israel I have seen a horrible thing. There is prostitution in Ephraim. Israel is defiled.
11 ၁၁ ထို မှတပါး၊ အိုယုဒ အမျိုး၊ သိမ်း သွားသော ငါ ၏လူ တို့ကို ငါ ဆောင်ခဲ့ ပြန်သောအခါ ၊ စပါး ရိတ်ရာကာလသည် သင့် အဖို့ ခန့်ထား လျက်ရှိ၏။
"For you also, Judah, there is a harvest appointed for you, when I restore the fortunes of my people.

< ဟောရှေ 6 >