< ဟောရှေ 6 >
1 ၁ လာ ကြ။ ထာဝရဘုရား ထံ တော်သို့ ပြန် ကြကုန်အံ့။ ကိုယ်တော် သည် ကိုက်ဖြတ် သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ် သော်လည်း အနာကို စည်း တော်မူမည်။
Come and let us return unto Jehovah: for he hath torn, and he will heal us; he hath smitten, and he will bind us up.
2 ၂ နှစ် ရက်လွန်ပြီးမှ ငါ တို့ကို အသက်ရှင် စေ၍၊ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် စေတော်မူသဖြင့် ၊ အထံ တော်၌ ငါတို့သည် အသက်ရှင် ကြလိမ့်မည်။
After two days will he revive us; on the third day he will raise us up, and we shall live before his face;
3 ၃ ပညာ ကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရား ကို သိ ခြင်းငှါ လိုက် ရှာကြလိမ့်မည်။ ထွက် တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ် လိမ့်မည်။ ရွာသောမိုဃ်း နှင့် မြေ အပေါ်သို့ ရွာ သော နောက် မိုဃ်းကဲ့သို့ သက်ရောက် တော်မူလိမ့်မည်။
and we shall know, — we shall follow on to know Jehovah: his going forth is assured as the morning dawn; and he will come unto us as the rain, as the latter rain which watereth the earth.
4 ၄ အိုဧဖရိမ် ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ အိုယုဒ ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ သင် တို့ကြည်ညို သောစိတ် သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ဖြစ်၏။
What shall I do unto thee, Ephraim? What shall I do unto thee, Judah? For your goodness is as a morning cloud, and as the dew that early passeth away.
5 ၅ ထိုကြောင့် သူတို့ကို ပရောဖက် များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ် ရပြီ။ ငါ့ နှုတ်ထွက် စကား အားဖြင့် သတ် ရပြီ။ ငါ့စီရင် ချက်တို့သည်လည်း ထွန်းလင်းသော အလင်း ကဲ့သို့ဖြစ် ကြပြီ။
Therefore have I hewed [them] by the prophets; I have slain them by the words of my mouth: and my judgment goeth forth as the light.
6 ၆ ယဇ် ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာ အကျင့်ကို၎င်း၊ မီးရှို့ ရာယဇ်ပူဇော်ခြင်းထက် ဘုရား သခင်နှင့် ကျွမ်းဝင် ခြင်းကို၎င်းငါနှစ်သက် ၏။
For I delight in loving-kindness, and not sacrifice; and the knowledge of God more than burnt-offerings.
7 ၇ သူ တို့သည် အာဒံ ကဲ့သို့ ပဋိညာဉ် ကို လွန်ကျူး ကြပြီ။ နေရင်း အရပ်၌ ငါ့ သစ္စာ ကို ဖျက်ကြပြီ။
But they like Adam have transgressed the covenant: there have they dealt treacherously against me.
8 ၈ ဂိလဒ် မြို့ သည် အဓမ္မ ပြု သောသူတို့ နေရာ ဖြစ်၍၊ လူအသွေး နှင့် စွန်း သော ခြေရာများ၏။
Gilead is a city of them that work iniquity; it is tracked with blood.
9 ၉ ထားပြ အလုံးအရင်းသည် ခရီးသွားသောသူ ကို ချောင်း ၍ ကြည့်သကဲ့သို့ ၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင် မြို့သို့ သွားသော လမ်း ၌ ပင် အသက် ကိုသတ် တတ်ကြ၏။
And as troops of robbers lie in wait for a man, so the company of priests murder in the way of Shechem; yea, they commit lewdness.
10 ၁၀ အကယ်စင်စစ်အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက် ဘွယ်သောအမှုကို ဣသရေလ အမျိုး ၌ ငါမြင် ပြီ။ ထို အမျိုး၌ ဧဖရိမ် သည် မှားယွင်း တတ်၏။ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။
In the house of Israel have I seen a horrible thing: the whoredom of Ephraim is there; Israel is defiled.
11 ၁၁ ထို မှတပါး၊ အိုယုဒ အမျိုး၊ သိမ်း သွားသော ငါ ၏လူ တို့ကို ငါ ဆောင်ခဲ့ ပြန်သောအခါ ၊ စပါး ရိတ်ရာကာလသည် သင့် အဖို့ ခန့်ထား လျက်ရှိ၏။
Also, for thee, Judah, is a harvest appointed, when I shall turn again the captivity of my people.