< ဟောရှေ 5 >
1 ၁ အို ယဇ်ပုရောဟိတ် တို့၊ ကြား ကြလော့။ အိုဣသရေလ အမျိုးသား တို့၊ နားထောင် ကြလော့။ အို နန်းတော် သားတို့၊ မှတ်မိ ကြလော့။ သင် တို့သည် စစ်ကြော စီရင်ခြင်းကိုခံရကြမည်။ အကြောင်း မူကား၊ သင်တို့သည် မိဇပါ တောင်ပေါ် မှာကျော့ကွင်း ၊ တာဗော် တောင်ပေါ် မှာထောင် သော ပိုက် ဖြစ် ကြပြီ။
“Listen to this, you priests! Listen, house of Israel, and give ear, house of the king! For the judgment is against you; for you have been a snare at Mizpah, and a net spread on Tabor.
2 ၂ ယဇ်ကောင် တို့ကိုသတ် သောအားဖြင့် မိမိတို့အပြစ် ကို များပြားစေကြ၏။ ထိုကြောင့် ၊ ငါ သည် ထိုသူ အပေါင်း တို့၌ အပြစ် ဒဏ်ပေးမည်။
The rebels are deep in slaughter, but I discipline all of them.
3 ၃ ဧဖရိမ် ကို ငါ သိ ၏။ ဣသရေလ သည်လည်း ငါ့ ရှေ့မှ ပုန်းရှောင် ၍ မ နေနိုင်။ ယခု ပင် အိုဧဖရိမ် ၊ သင်သည်မှားယွင်း ၍ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။
I know Ephraim, and Israel is not hidden from me; for now, Ephraim, you have played the prostitute. Israel is defiled.
4 ၄ သူ တို့သည်ပြုမြဲပြုသောကြောင့်၊ သူ တို့၏ဘုရား သခင့်ထံ တော်သို့ပြန် ၍ မ လာနိုင်ကြ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရား ကိုမ သိ ကြ။
Their deeds won’t allow them to turn to their God, for the spirit of prostitution is within them, and they don’t know the LORD.
5 ၅ ဣသရေလ အမျိုး၏ မာန သည်သူ့ မျက်မှောက် ၌ နှိမ့်ချ ခြင်းသို့ရောက်သဖြင့် ၊ ဣသရေလ နှင့် ဧဖရိမ် သည် မိမိ တို့ အပြစ် ၌ လဲ ၍ ၊ သူ တို့နှင့်အတူ ယုဒ အမျိုးသည်လည်း လဲ လိမ့်မည်။
The pride of Israel testifies to his face. Therefore Israel and Ephraim will stumble in their iniquity. Judah also will stumble with them.
6 ၆ သိုးစု နွားစု ပါ လျက် ၊ ထာဝရဘုရား ကိုရှာ ခြင်းငှါ သွား ကြသော်လည်း မ တွေ့ ရကြ။ သူ တို့နှင့် ကွာ တော်မူပြီ။
They will go with their flocks and with their herds to seek the LORD, but they won’t find him. He has withdrawn himself from them.
7 ၇ သူတို့သည်ထာဝရဘုရား ထံတော်၌ ခံသောသစ္စာ ကို ဖျက်ကြပြီ။ အကြောင်း မူကား၊ တပါး အမျိုးသားတို့ကို ဘွားမြင် ကြပြီ။ လဆန်း နေ့ရောက်မှ သူ တို့နှင့် သူ တို့ဥစ္စာ သည်ပျက်စီး လိမ့်မည်။
They are unfaithful to the LORD; for they have borne illegitimate children. Now the new moon will devour them with their fields.
8 ၈ ဂိဗာ မြို့၌ နှဲ ခရာကို၎င်း ၊ ရာမ မြို့၌ တံပိုး ကို၎င်းမှုတ် ကြလော့။ ဗေသဝင် မြို့၌ ကြွေးကြော် ကြလော့။ အိုဗင်္ယာမိန် အမျိုး၊ နောက် သို့ ကြည့်ကြလော့။
“Blow the cornet in Gibeah, and the shofar in Ramah! Sound a battle cry at Beth Aven, behind you, Benjamin!
9 ၉ ဣသရေလ အမျိုးအနွယ် တို့ကို ဆုံးမ သတိပေး သောနေ့ ၌ ဧဖရိမ် သည် ပျက်စီး ရ လိမ့်မည်။ ဆက်ဆက်ဖြစ်လတံ့သော အမှုကို ငါဘော်ပြ ၏။
Ephraim will become a desolation in the day of rebuke. Among the tribes of Israel, I have made known that which will surely be.
10 ၁၀ ယုဒ မင်း တို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ သော သူကဲ့သို့ ဖြစ် ကြ၏။ ငါသည်သူ တို့အပေါ် သို့ ငါ့ အမျက် ကို ရေ ကဲ့သို့ သွန်းလောင်း မည်။
The princes of Judah are like those who remove a landmark. I will pour out my wrath on them like water.
11 ၁၁ ဧဖရိမ် သည် ညှဉ်းဆဲ ခြင်းကို ခံရ၏။ တရား စီရင် ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်း မူကား၊ အမိန့် တော်အတိုင်း ကျင့် လေပြီ။
Ephraim is oppressed, he is crushed in judgment, because he is intent in his pursuit of idols.
12 ၁၂ ထိုကြောင့် ၊ ငါ သည် ဧဖရိမ် ၌ ကိုက်တတ်သော ပိုး ကောင်၊ ယုဒ အမျိုး ၌ စား တတ်သော အနာကဲ့သို့ ဖြစ်မည်။
Therefore I am to Ephraim like a moth, and to the house of Judah like rottenness.
13 ၁၃ ဧဖရိမ် သည် မိမိ အပေါက် တို့ကို၎င်း ၊ ယုဒ သည် မိမိ အနာ ကို၎င်း မြင် သောအခါ ၊ ဧဖရိမ် သည် အာရှုရိ မင်းထံသို့ သွား ၍ ၊ ယုဒသည် ရှင်ဘုရင် ယာရက် ထံသို့ စေလွှတ် သော်လည်း ၊ ထိုမင်းတို့သည် သင် တို့အပေါက်ကို မ ဖါ နိုင် ၊ အနာ ကိုလည်း မ ပျောက် စေနိုင်ကြ။
“When Ephraim saw his sickness, and Judah his wound, then Ephraim went to Assyria, and sent to King Jareb: but he is not able to heal you, neither will he cure you of your wound.
14 ၁၄ အကြောင်း မူကား၊ ငါ သည် ဧဖရိမ် ၌ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ယုဒ အမျိုး ၌ ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ်မည်။ ငါ သည် ကိုယ်တိုင်ကိုက် ဖြတ်၍ သွား မည်။ ချီသွား ၍ အဘယ် သူမျှမ နှုတ်ရ။
For I will be to Ephraim like a lion, and like a young lion to the house of Judah. I myself will tear in pieces and go away. I will carry off, and there will be no one to deliver.
15 ၁၅ သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့ မျက်နှာ ကို မ ရှာ မှီတိုင်အောင်၊ ငါ သည် ကိုယ်နေရာ သို့ ပြန် သွား၍ နေမည်။ အမှု ရောက်သောအခါ ၊ သူ တို့သည် ငါ့ ကိုကြိုးစား၍ ရှာ ကြလိမ့်မည်။
I will go and return to my place, until they acknowledge their offense, and seek my face. In their affliction they will seek me earnestly.”