< ဟောရှေ 2 >

1 သင် တို့ညီအစ်ကို များကို ငါ ၏လူ ဟူ၍၎င်း ၊ သင် တို့နှမ များကို သနား စုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ် ကြလော့။
“Ka ce da’yan’uwanka maza, ‘Mutanena,’ ka kuma ce da’yan’uwanka mata, ‘Ƙaunatacciyata.’
2 သင် တို့အမိ နှင့် ဆွေးနွှေး ကြလော့။ သူ သည် ငါ့ မယား မ ဟုတ်၊ ငါ သည်လည်း သူ့ လင် မ ဟုတ်ကြောင်း ကို ဆွေးနွှေး ကြလော့။ ပြည်တန်ဆာ မျက်နှာကို ပယ် ၍ မှားယွင်း ခြင်းအမှုကို ရှောင်စေ။
“Ka tsawata wa mahaifiyarka, ka tsawata mata, gama ita ba matata ba ce, ni kuma ba mijinta ba ne. Ku roƙe ta tă daina karuwancinta da kuma rashin aminci a tsakanin nononta.
3 မ ရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ် ၍ ၊ သူ ဘွား သောနေ့ ၌ အဝတ်မရှိသကဲ့သို့အဝတ် မပါ၊ ပြင်၌ ထုတ် ထားမည်။ လွင်ပြင် ကဲ့သို့ သုတ်သင် မည်။ သွေ့ခြောက် သော မြေ ကဲ့သို့ ဖြစ်စေ လျက် ရေ အငတ်ထား၍ သေ စေမည်။
In ba haka ba zai tuɓe ta tsirara in bar ta kamar yadda take a ranar da aka haife ta; zan sa ta zama kamar hamada, in mayar da ita busasshiyar ƙasar, in kashe ta da ƙishirwa.
4 သူ ၏သားသမီး တို့သည် သူ မျောက်မထား ၍ ရသောသားသမီး ဖြစ်သောကြောင့် သူတို့ကို ငါမ သနား မစုံမက်ဘဲ နေမည်။
Ba zan nuna wa’ya’yanta ƙaunata ba, domin su’ya’yan zina ne.
5 သူ တို့အမိ သည် ပြည်တန်ဆာ ဖြစ်၏။ သူ တို့ကို ပဋိသန္ဓေ ယူ သောသူသည် ရှက်ဘွယ် သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့ မုန့် ၊ ငါ့ ရေ ၊ ငါ့ သိုးမွှေး ၊ ငါ့ ပိုက်ဆန် ၊ ငါ့ ဆီ ၊ ငါ သောက် သောအရည်တို့ကိုပေး တတ်သော ငါ့ ရည်းစား များ နောက် သို့ ငါလိုက် မည်ဟုဆို ပြီ။
Mahaifiyarsu ta yi rashin aminci ta kuma ɗauki cikinsu ta wurin yi abin kunya. Ta ce, ‘Zan bi kwartayena, waɗanda suke ba ni abinci da ruwa, ulu nawa da lilina, mai nawa da kuma abin sha na.’
6 သို့ဖြစ်၍ ၊ သူ့ ကိုဆူး စောင်ရန်းနှင့် ကာ ထားမည်။ ထွက် စရာမ ရှိစေခြင်းငှါ သူ့ ပတ်လည် ၌ ကျောက်ရိုး ကိုလည်း တည် မည်။
Saboda haka zai tare hanyarta da ƙaya; zan yi mata katanga don kada tă sami hanya.
7 သူ သည် ရည်းစား တို့ကို လိုက် သော်လည်း မ မှီ ၊ ရှာ သော်လည်း မ တွေ့ ဘဲ နေရသောအခါ၊ လင် ဟောင်းထံသို့ ငါပြန် သွားမည်။ ယခု နေရာထက် အရင် နေရာသာ၍ ကောင်း သည်ဟု ဆို လိမ့်မည်။
Za tă bi kwartayenta amma ba za tă kama su ba; za tă neme su amma ba za tă same su ba. Sa’an nan za tă ce, ‘Zan koma ga mijina na fari, gama dā ya fi mini yadda nake a yanzu.’
8 ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ကို ငါ ပေး သနား သည်ဟူ၍၎င်း ၊ ဗာလ ဘုရားအား ပူဇော် သောရွှေ နှင့် ငွေ ကို သူ ၌ ငါများပြား စေသည်ဟူ၍၎င်း သူသည် မ အောက်မေ့ ပါတကား။
Ba ta yarda cewa ni ne wanda ya ba ta hatsi, sabon ruwan inabi da mai ba, wanda ya jibge mata azurfa da zinariya, waɗanda suka yi amfani wa Ba’al ba.
9 သို့ဖြစ်၍ ၊ စပါးရိတ် ရာကာလ ၌ ငါ့ စပါး ကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့ စပျစ်ရည် ကို၎င်း ၊ သူ ၏ ကိုယ်ကိုဖုံးလွှမ်း စေရာ ငါ့ သိုးမွှေး နှင့် ပိုက်ဆန် ကို၎င်းငါသိမ်းယူ မည်။
“Saboda haka zan ƙwace hatsina sa’ad da ya nuna, da sabon ruwan inabina sa’ad da ya ƙosa. Zan karɓe ulu nawa da lilina, da take niyya ta rufe tsiraicinta.
10 ၁၀ ယခုပင် သူ ၏ ရည်းစား များရှေ့ ၌ သူ့ အဝတ် ကို ငါလှစ်လှန်၍ အရှက် ခွဲမည်။ ငါ့ လက် မှ အဘယ်သူ မျှသူ့ ကိုမ နှုတ် ရ။
Saboda haka yanzu zan buɗe tsiraicinta a idanun kwartayenta; ba wani da zai ƙwace ta daga hannuwana.
11 ၁၁ သူ ရွှင်လန်း စရာအကြောင်းရှိသမျှ နှင့် ပွဲခံ ခြင်း၊ လဆန်း နေ့၊ ဥပုသ် နေ့စောင့်ခြင်း၊ ပရိသတ် စည်းဝေးခြင်း အလုံးစုံ တို့ကို ငါပြတ် စေမည်။
Zan tsayar da dukan bukukkuwarta, bukukkuwarta na shekara-shekara, da kuma kiyaye bikin Sababbin Wata nata, kwanakin Asabbacinta, dukan ƙayyadaddun bukukkuwarta.
12 ၁၂ ဤသည်ကား၊ ငါ့ ရည်းစား ပေး သော ဆု လက်ဆောင်ဖြစ်သည်ဟု သူဆို ရာ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်း ဥယျာဉ်တို့ကို ငါသုတ်သင် ပယ်ရှင်း၍ ၊ လွင်ပြင် ဖြစ်စေ သဖြင့် တော သားရဲ တို့သည် ကိုက်စား ကြလိမ့်မည်။
Zan lalatar da inabinta da kuma itatuwan ɓaurenta, waɗanda take cewa su ne abin da kwartayenta suka biya; zan mayar da su kurmi, namun jeji kuwa za su ci su.
13 ၁၃ ဗာလဘုရားတို့အားနံ့သာပေါင်းကို မီးရှို့ ၍ နှာခေါင်း ဆွဲနှင့် လည်ဆွဲ တန်ဆာ ကို ဆင်လျက် ရည်စား များ နောက် သို့လိုက် သဖြင့် ၊ ငါ့ ကို မေ့လျော့ ၍ ဗာလ ဘုရား တို့ လက်ထက် ၌ ပြုမိသောအပြစ်နှင့်အလျောက်ငါစီရင် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Zan hukunta ta saboda kwanakin da ta ƙone turare wa Ba’al; ta yi wa kanta ado da zobai da duwatsu masu daraja, ta bi kwartayenta, amma ta manta da ni,” in ji Ubangiji.
14 ၁၄ သို့ရာတွင် ၊ သူ့ ကို တဖန်ငါ ဖြားယောင်း မည်။ တော လမ်းဖြင့် ပို့ဆောင် သော်လည်း ၊ နှစ်သိမ့် စေသော စကားကိုပြော မည်။
“Saboda haka yanzu zan rarrashe ta; zan bishe ta zuwa hamada in kuma yi mata magana a hankali.
15 ၁၅ တော တဘက်၌ စပျစ် ဥယျာဉ်တို့ကို၎င်း၊ အာခေါ် ချိုင့် ၌ မြော်လင့် ရာတံခါး ကို၎င်းငါပေး မည်။ သူ သည် အသက် ငယ် စဉ်ကာလ ၊ အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ ၊ သီချင်းဆိုသကဲ့သို့၊ တော တဘက်သို့ ရောက်သောအခါ သီချင်း ဆိုရလိမ့်မည်။
A can zan mayar mata da gonakin inabinta, zan kuma sa Kwarin Akor yă zama ƙofar bege. A can za tă rera kamar a kwanakin ƙuruciyarta, kamar a lokacin da ta fita daga Masar.
16 ၁၆ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ သင်သည်ငါ့ ကို သခင် ဟူ၍မ ခေါ် ရ၊ ခင်ပွန်း ဟူ၍ခေါ် ရမည်။
“A waccan rana,” in ji Ubangiji, “za ki ce da ni ‘mijina’; ba za ki ƙara ce ni ‘maigidana’ ba.
17 ၁၇ အခြားတပါးသော သခင်တို့၏ ဘွဲ့နာမ များကို သူ ၏ နှုတ် မှ ငါပယ် ၍ ၊ ထို ဘွဲ့နာမ များကို နောက် တဖန် မ မှတ်မိ မမြွက်ဆိုရ။
Zan cire sunayen Ba’al daga leɓunanta; ba za a ƙara kira sunayensu ba.
18 ၁၈ ထိုကာလ ၌ ငါသည်သူ တို့အတွက် ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန်များနှင့် မိဿဟာယ ဖွဲ့၍ ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်တို့ကို မြေ ပေါ်က ပယ်ရှား သဖြင့် သူ တို့သည် စိုးရိမ် ခြင်းမရှိဘဲ အိပ် ရကြလိမ့်မည်။
A waccan rana zan yi alkawari dominsu da namun jeji da kuma tsuntsayen sararin sama da dukan halittu masu rarrafe a ƙasa. Baka da takobi da yaƙi zan sa su ƙare a ƙasar, domin duk su zauna lafiya.
19 ၁၉ ငါသည် ကိုယ် အဘို့ သင့် ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ် ခြင်း၊ တရားသဖြင့် စီရင် ခြင်း၊ ချစ် သနား စုံမက်ခြင်းနှင့်အညီ ကိုယ် အဘို့ သင့် ကို သိမ်းယူ မည်။
Zan ɗaura aure da ke har abada; zan ɗaura aure da yake cikin adalci da gaskiya, cikin ƙauna da jinƙai.
20 ၂၀ သစ္စာ စောင့်ခြင်းနှင့်အညီ သိမ်းယူ ၍ ၊ သင်သည် ထာဝရဘုရား ကို သိ ရလိမ့်မည်။
Zan ɗaura aure da yake cikin aminci za ki kuwa yarda cewa ni ne Ubangiji.
21 ၂၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် နားထောင် မည်။ မိုဃ်း ကောင်းကင်စကားကို နားထောင် ၍ ၊ သူ သည် မြေကြီး စကားကို နားထောင် မည်။
“A waccan rana zan amsa,” in ji Ubangiji, “zan amsa wa sararin sama, za su kuwa amsa wa ƙasa;
22 ၂၂ မြေကြီး သည်လည်း ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ ၏ စကားကို နားထောင် ၍ ၊ သူ တို့သည်လည်း ယေဇရေလ စကားကို နားထောင် ကြလိမ့်မည်။
ƙasa kuma za tă amsa wa hatsi, sabon ruwan inabi da kuma mai, su kuma za su amsa wa Yezireyel.
23 ၂၃ ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့မြေ ၌ ကိုယ် အဘို့ ငါကြဲ မည်။ မ သနား မစုံမက်အပ်သော သတို့သမီးကို ငါသနား စုံမက်မည်။ ငါ၏ လူ မဟုတ်သော သူကိုလည်း၊ သင်သည်ငါ ၏လူ ဖြစ်သည်ဟု ငါဆို မည်။ သူ ကလည်း ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ သည်ဟု၊ လျှောက် လိမ့်မည်ဟုမိန့်တော်မူ၏။
Zan dasa ta wa kaina a ƙasar; zan shuka ƙaunata ga wanda na ce ‘Ba ƙaunatacciyata ba.’ Zan faɗa wa waɗanda a ce ‘Ba mutanena ba,’ ‘Ku mutanena ne’; za su kuwa ce, ‘Kai ne Allahna.’”

< ဟောရှေ 2 >