< ဟောရှေ 14 >

1 အိုဣသရေလ ၊ သင် သည် ကိုယ်ပြုသောဒုစရိုက်အပြစ် အားဖြင့် အကျိုးနည်း ရှိသောကြောင့် သင် ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လော့။
O Israel, return unto the LORD thy God; for thou hast fallen by thine iniquity.
2 ပဌနာစကား ကို ပြင်ဆင် ၍ ထာဝရဘုရား ထံ တော်သို့ ပြန် လျက် ၊ အကျွန်ုပ်တို့၌ ရှိသမျှ သောအပြစ် တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူး ပြု၍ လက်ခံ တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ် နှုတ်ခမ်း တည်းဟူသော နွား သငယ် တို့ကို ပူဇော် ပါမည်။
Take with you words, and turn to the LORD: say unto him, Take away all iniquity, and receive [us] graciously: so will we render the calves of our lips.
3 အာရှုရိ မင်းသည် အကျွန်ုပ် တို့ကို မ ကယ်တင် ရ။ အကျွန်ုပ်တို့သည် မြင်းစီး သူရဲမ လုပ်ပါ။ ကိုယ် လက် ဖြင့် လုပ် သောအရာတို့အား ၊ ကိုယ်တော်တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ဖြစ်ပါ၏ဟု နောက် တဖန် မ ဆို ပါ။ အကြောင်း မူကား၊ မိဘ မရှိသောသူတို့သည် ကိုယ်တော် ထံ၌ ကရုဏာ ကျေးဇူးကိုခံ တတ်ကြပါ၏ဟု လျှောက်ကြလော့။
Asshur shall not save us; we will not ride upon horses: neither will we say any more to the work of our hands, [Ye are] our gods: for in thee the fatherless findeth mercy.
4 ငါ သည် အမျက် ပြေ သောကြောင့် သူ တို့ဖောက်ပြန် ခြင်းကို ပြုပြင် မည်။ ကိုယ် အလို အလျောက်စုံမက် မည်။
I will heal their backsliding, I will love them freely: for mine anger is turned away from him.
5 ငါသည် နှင်း ကဲ့သို့ ဣသရေလ အပေါ် မှာ နေ မည်။ သူသည် နှင်းပွင့် ကဲ့သို့ ပွင့် လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ် စွဲ လိမ့်မည်။
I will be as the dew unto Israel: he shall grow as the lily, and cast forth his roots as Lebanon.
6 အညွှန့် တို့သည် ပြန့်ပွါး ၍ ၊ သံလွင် ပင်ကဲ့သို့ အသရေ တင့်တယ် လိမ့်မည်။ လေဗနုန် တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။
His branches shall spread, and his beauty shall be as the olive tree, and his smell as Lebanon.
7 ထိုအပင် ၏ အရိပ် အောက်၌ နေ သောသူတို့သည် အသစ် ပြုပြင်ခြင်းရှိ၍ စပါး ကိုပြုစု ကြလိမ့်မည်။ စပျစ်နွယ် ပင်ကဲ့သို့ တိုးပွါး ၍ လေဗနုန် စပျစ်ရည် ကဲ့သို့ ကျော်စော ကြလိမ့်မည်။
They that dwell under his shadow shall return; they shall revive [as] the corn, and grow as the vine: the scent thereof [shall be] as the wine of Lebanon.
8 ငါ သည် နောက် တဖန် ရုပ်တု ဆင်းတုတို့နှင့် အဘယ်သို့ ဆိုင်ရသနည်းဟု ဧဖရိမ် သည် ပြောလိမ့်မည်။ သူ၏စကားကိုလည်း ငါနားထောင် ၍ သူ့ ကိုကြည့်ရှု မည်။ စိမ်း သောထင်းရှုး ပင်ကဲ့သို့ ဖြစ်၍၊ သင် သည် ငါ့ ကျေးဇူးကြောင့် အသီး နှင့်ပြည့်စုံ လိမ့်မည်။
Ephraim [shall say], What have I to do any more with idols? I have heard [him], and observed him: I [am] like a green fir tree. From me is thy fruit found.
9 အဘယ်သူ သည်ပညာရှိ သနည်း။ ထိုသူသည် ဤ အရာတို့ကို နားလည် လိမ့်မည်။ အဘယ်သူသည် ဉာဏ် ကောင်းသနည်း။ ထိုသူသည် ဤ အရာတို့ကို သိ ရလိမ့်မည်။ ထာဝရဘုရား ၏လမ်း တော်တို့သည် ဖြောင့် ကြ၏။ ဖြောင့်မတ် သောသူတို့ သည် လိုက် ကြလိမ့်မည်။ အဓမ္မ လူတို့မူကား ၊ ထို လမ်းတို့၌ ထိမိ၍ လဲ ကြလိမ့်မည်။
Who [is] wise, and he shall understand these [things]? prudent, and he shall know them? for the ways of the LORD [are] right, and the just shall walk in them: but the transgressors shall fall therein.

< ဟောရှေ 14 >