< ဟောရှေ 13 >
1 ၁ ဧဖရိမ် သည် နှုတ်မြွက် သောအခါ သူတပါး ကြောက်လန့် တတ်၏။ သူ သည် ဣသရေလ အမျိုး၌ မြင့်မြတ် ၏။ နောက် တဖန် ဗာလ ဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ ၏။
When Ephraim used to speak there was trembling; a prince was he in Israel. But he incurred guilt through Baal and died.
2 ၂ ယခု မှာ အထပ်ထပ်ပြစ်မှား ၍ ကိုယ် ဉာဏ် ပညာ အားဖြင့် အရည် သွန်းသော ငွေ ရုပ်တု ၊ ဆရာသမား လုပ် တတ်သော ရုပ်တု ဆင်းတုများကို ကိုယ့် အဘို့ လုပ် ကြ ၏။ လုပ်ပြီးမှယဇ် ပူဇော်သောသူသည် နွားသငယ် ကို နမ်း စေဟု ဆို တတ်ကြ၏။
And now they go on sinning. They make for themselves molten gods – idols of silver, skilfully made, wholly the work of smiths. Yet to such they sacrifice! And they who sacrifice kiss calf idols!
3 ၃ ထိုကြောင့် ၊ သူတို့သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ကွယ်ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ၊ ကောက်နယ် တလင်းမှ လေဘွေ တိုက်သွားသော ဖွဲ ကဲ့သို့ ၎င်း ၊ မီးဖို ထဲက ထွက်သော မီးခိုး ကဲ့သို့ ၎င်း ဖြစ် ရကြ လိမ့်မည်။
Therefore they shall be like the morning mist, like the dew that early disappears, like the chaff which blows away from the threshing floor, like the smoke from the window.
4 ၄ သို့ရာတွင် ၊ ငါ ထာဝရဘုရား သည် သင့်ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရား သခင်ကို သင်မ သိ ပြီ။ ငါ မှတပါး ကယ်တင် နိုင်သော သခင်မ ရှိ။
Yet it was I, the Lord your God, ever since the land of Egypt, you know no other god but me, nor has there been any saviour except me.
5 ၅ အလွန် သွေ့ခြောက်သော အရပ် တည်းဟူသော တော ၌ ပင် သင့် ကို ငါ သိ ပြီ။ ကျက်စား ရာအရပ်၌ ဝပြော စွာ စားရကြ၏။
It was I who shepherded you in the wilderness, in the land of burning heat.
6 ၆ ဝ သောအခါ ဝါကြွား သောစိတ် ရှိ၍ ငါ့ ကို မေ့လျော့ ကြ၏။
When they were pastured they became full, when they were full their hearts became proud. Therefore they forgot me!
7 ၇ ထိုကြောင့် ၊ သူ တို့၌ ငါသည် ခြင်္သေ့ ကဲ့သို့ ဖြစ် မည်။ လမ်း နားမှာ ချောင်းသော ကျားသစ် ကဲ့သို့ သူတို့ကို ချောင်းမြောင်း မည်။
So now I will be to them like a lion, like a leopard will I lay in wait by the path.
8 ၈ သား ပျောက်သော ဝံ မကဲ့သို့ သူ တို့ကို ငါဆီးကြို၍၊ သူ တို့နှလုံး ၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့ မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စား မည်။ တော သားရဲ ဖြစ်၍အပိုင်းပိုင်းဆွဲဖြတ် မည်။
I will fall upon them like a bear robbed of her cubs, I will tear open their chests, like a lion will devour them, and like a wild beast will tear them in pieces.
9 ၉ အို ဣသရေလ ၊ သင့် ကို ကယ်တင် နိုင်သော အရှင် ငါ့ ကို သင် သည် ဆန့်ကျင် ဘက်ပြုသောကြောင့် အကျိုးနည်း ရှိ၏။
You are destroyed, Israel, by me, your only helper.
10 ၁၀ သင် ၏ ရှင် ဘုရင်သည် အဘယ် မှာရှိသနည်း။ သင့် နေရာမြို့ ရှိသမျှ တို့၌ ကယ်တင် ပါစေသော။ သင် ၏ တရားသူကြီး တို့သည် အဘယ်မှာရှိကြသနည်း။
I want to rule you! Where are your princes in your cities, those of whom you demanded, ‘Give me kings and princes.’
11 ၁၁ ရှင်ဘုရင် နှင့် မင်း များကိုပေး ပါဟု သင် တောင်း သောကြောင့် ၊ ငါ အမျက် ထွက်၍ ရှင် ဘုရင်ကိုပေး ပြီ။ တဖန်ပြင်းစွာအမျက်ထွက် ၍ ရှင်ဘုရင်ကို ပယ်ရှား ပြီ။
I give you kings in my anger, and take them away in my wrath.
12 ၁၂ ဧဖရိမ် ပြုသောဒုစရိုက် ကို ငါထုပ် ထား၍ သူ ၏ အပြစ် ကို သိုမှီး ပြီ။
Ephrahn’s iniquity is gathered up, his sin is laid by in store.
13 ၁၃ သူ သည် သားဘွား သော မိန်းမကဲ့သို့ဝေဒနာ ကို ခံရ ချိန်နီးပြီ။ မိုက် သောအမျိုးသား ဖြစ်၏။ သားဘွား ရာ ဝမ်းဝ၌ ကြာမြင့် စွာနေပါသည်တကား။
The pangs of childbirth come upon him, but he is an unwise child. For this is no time to refuse to leave the womb!
14 ၁၄ သူ တို့ကို မရဏာ နိုင်ငံတန်ခိုး မှ ငါကယ်လွှတ် မည်။ သေ မင်းလက်မှ လည်း ရွေး မည်။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာ နိုင်ငံ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တ ရမည်အကြောင်းကို ပမာဏ မ ပြု။ (Sheol )
Should I deliver them from the power of Sheol? Should I redeem them from death? Death, where are your plagues? Sheol, where is your pestilence? Compassion is forever hidden from my eyes. (Sheol )
15 ၁၅ မိမိ ညီအစ်ကို တို့တွင် အသီး များစွာသီးတတ် သော်လည်း ၊ အရှေ့ လေလာ လိမ့်မည်။ ထာဝရဘုရား ၏ လေ သည် တော မှ လာ ၍ သူ ၏စမ်းရေ တွင်းကို ခန်းခြောက် စေသဖြင့် ရေ ပြတ် လိမ့်မည်။ ဘဏ္ဍာ တိုက်၌ ရှိသမျှ သော တန်ဆာ အကောင်း အမြတ်တို့ကို ရန်သူလုယူ လိမ့်မည်။
Though he is flourishing among his brothers, there will come an east wind, the Lord’s wind, coming up from the wilderness. His fountain will dry up, his spring shall be parched. The wind will strip the treasury, all the precious things.
16 ၁၆ ရှမာရိ မြို့သည် မိမိ ဘုရား သခင်ကို ပုန်ကန် သောကြောင့် ပျက်စီး လိမ့်မည်။ မြို့သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်။ သူငယ် တို့သည် မြေပေါ်မှာဆောင့်ဖွပ် ခြင်းကို၎င်း ၊ ကိုယ်ဝန် ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲ ခြင်းကို၎င်းခံရကြလိမ့်မည်။
Samaria will bear her guilt, for she has rebelled against her God. They will fall by the sword, their children dashed to pieces, their pregnant women ripped open.