< ဟောရှေ 11 >
1 ၁ ဣသရေလ သည် အသက် ငယ်သောအခါ ငါသည် ချစ် ၍ ငါ့ သား ကို အဲဂုတ္တု ပြည်မှ ခေါ် ခဲ့ပြီ။
Quando Israel era menino, eu o amei; e do Egito chamei a meu filho.
2 ၂ သူ တို့ကို ခေါ် သောသူတို့ ထံမှ ထွက်သွား ကြ၏။ ဗာလ ဘုရားတို့အား ယဇ် ပူဇော်၍ ရုပ်တု ဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ ကြ၏။
Mas, como eles os chamavam, assim se iam da sua face: sacrificavam a baalins, e queimavam incenso às imagens de escultura.
3 ၃ ငါ သည် သွား တတ်သော အတတ်ကို ဧဖရိမ် အား လက် ဆွဲ ၍ သွန်သင်၏။ သို့သော်လည်း ၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မ သိ ဘဲ နေ၏။
Eu, todavia, ensinei a andar a Ephraim; tomei-os pelos seus braços, mas não conheceram que eu os curava.
4 ၄ လူ ကို ဆွဲတတ်သော ကြိုး တည်းဟူသော မေတ္တာ ကြိုး နှင့် ငါဆွဲငင် ၏။ ပါးရိုး အနား သို့ ထမ်းဘိုး ကို ရွှေ့ ၍ ဖြည်းညှင်းစွာ ကျွေး ၏။
Atrai-os com cordas humanas, com cordas de amor, e fui para eles como os que levantam o jugo de sobre as suas queixadas, e lhe dei mantimento.
5 ၅ အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့် ၊ အဲဂုတ္တု ပြည် သို့ ပြန် ၍မ သွားရ။ အာရှုရိ မင်းသည် သူ တို့ကို အုပ်စိုးရလိမ့်မည်။
Não voltará para a terra do Egito, mas a Assyria será seu rei; porque recusam converter-se.
6 ၆ ထား ဘေးသည် သူ့ နေရာမြို့ တို့ အပေါ် သို့ ရောက် ၍ မင်း တို့ကို ဖျက်ဆီး လိမ့်မည်။ သူ တို့ ကြံစည် ခြင်း အားဖြင့် ပင် သုတ်သင် ပယ်ရှင်းလိမ့်မည်။
E ficará a espada sobre as suas cidades, e consumirá os seus ferrolhos, e devorará, por causa dos seus conselhos.
7 ၇ ငါ ၏လူ တို့သည် ငါ့ ထံမှလွှဲမြဲ လွှဲကြ၏။ အမြင့်ဆုံး သော ဘုရားထံသို့ ခေါ် သော်လည်း ၊ ထို ဘုရားကို အဘယ်သူမျှမ ချီးမြှောက် လို။
Porque o meu povo se inclina a desviar-se de mim; bem que chamam ao altíssimo, nenhum deles se levanta.
8 ၈ အိုဧဖရိမ် ၊ ငါသည် သင့် ကို အဘယ် သို့စွန့် နိုင် မည်နည်း။ အိုဣသရေလ ၊ သင့် ကို အဘယ်သို့ အပ်နှံ နိုင် မည်နည်း။ သင့်ကို အာဒမာ မြို့ကဲ့သို့ အဘယ်သို့ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင် မြို့အရာ၌ အဘယ်သို့ခန့်ထား နိုင် မည်နည်း။ ငါ သည် နှလုံး ပြောင်းလဲ ၍ အလွန် ကြင်နာသောစိတ် ရှိ၏။
Como te deixaria, ó Ephraim? como te entregaria, ó Israel? como te faria como Adama? te poria como Zeboim? Virou-se em mim o meu coração, todos os meus pezares juntamente estão acendidos.
9 ၉ ပြင်းစွာ အမျက် ထွက်သည်အတိုင်း မ ပြု လို။ ဧဖရိမ် ကို အထပ်ထပ်မ ဖျက်ဆီး လို။ ငါ သည် လူ မ ဟုတ်၊ ဘုရား သခင်ဖြစ်၏။ မြို့ထဲမှာနေသောမြို့သားမဟုတ် သော်လည်း၊ သင် တို့တွင် နေ၍ သန့်ရှင်း သော ဘုရား ဖြစ်၏။
Não executarei o furor da minha ira: não me tornarei para destruir a Ephraim, porque eu sou Deus e não homem, o santo no meio de ti, e não entrarei na cidade.
10 ၁၀ သူတို့သည် ထာဝရဘုရား ၏နောက် တော်သို့ လိုက် ကြလိမ့်မည်။ ခြင်္သေ့ ကဲ့သို့ ဟောက် တော်မူမည်။ ဟောက် တော်မူသောအခါ သားသမီး တို့သည် အနောက် မျက်နှာမှ အလျင် အမြန် ပြေးကြလိမ့်မည်။
Andarão após o Senhor, ele bramará como leão: bramando pois ele, os filhos do ocidente tremerão.
11 ၁၁ စာငှက် ကဲ့သို့ အဲဂုတ္တု ပြည်မှ ၎င်း ၊ ချိုး ကဲ့သို့ အာရှုရိ ပြည် မှ ၎င်း အလျင် အမြန်ပြေးကြ၍၊ သူ တို့ကို နေရင်း အရပ်၌ ငါနေရာ ချမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Tremendo, se achegarão como um passarinho os do Egito, e como uma pomba os da terra da Assyria, e os farei habitar em suas casas, diz o Senhor.
12 ၁၂ ဧဖရိမ် သည် မုသာ စကားနှင့် ၎င်း ၊ ဣသရေလ သည် လှည့်စား ခြင်းနှင့် ၎င်း ငါ့ ကို နှောင့်ရှက် တတ်၏။ ယုဒ သည်လည်း ဘုရား သခင့်ထံ ၊ သန့်ရှင်း ၍ သစ္စာ စောင့်တော်မူသောဘုရားသခင့်ထံမှလွှဲ၍ လှည့်လည် တတ်၏။
Ephraim me cercou com mentira, e a casa de Israel com engano; mas Judá ainda domina com Deus, e com os santos está fiel.