< ဟောရှေ 10 >

1 ဣသရေလ သည် အသီး များစွာ သီးသော စပျစ်နွယ် ပင်ဖြစ်၏။ ကိုယ် အလိုအလျောက်သီး တတ်၏။ အသီး တိုးပွား သည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြား စေကြ၏။ သူ တို့ပြည် ကောင်း သည်အတိုင်း ကောင်းသော ရုပ်တု ဆင်းတုတို့ကို လုပ် ကြသည်တကား။
Isra’ila kuringa ce mai yaɗuwa; ya fitar da’ya’ya wa kansa. Yayinda’ya’yan suka ƙaru, ya gina ƙarin bagadai; da ƙasarsa ta wadata, ya yi wa keɓaɓɓun duwatsu ado.
2 သူ တို့၌ စိတ် နှစ်ခွ ရှိ၏။ ချက်ခြင်း အပြစ်ဒဏ် ကိုခံရကြမည်။ သူ တို့ ယဇ်ပလ္လင် တို့ကို ကိုယ်တော် တိုင် ဖြိုချ ၍၊ ရုပ်တု ဆင်းတုတို့ကိုလည်း ဖျက်ဆီး တော်မူမည်။
Zuciyarsu masu ruɗu ne, yanzu kuwa dole su ɗauki laifinsu. Ubangiji zai rushe bagadansu yă kuma hallaka keɓaɓɓun duwatsunsu.
3 ငါ တို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ သောကြောင့် ရှင်ဘုရင် မ ရှိ။ ရှင်ဘုရင် ရှိသော်လည်း ၊ ငါ တို့အဘို့ အဘယ်သို့ ပြု နိုင်မည်နည်းဟု ချက်ခြင်းဆို ရကြမည်။
Sa’an nan za su ce, “Ba mu da sarki domin ba mu girmama Ubangiji ba. Amma ko da ma muna da sarki, me zai yi mana?”
4 သူတို့ ကျိန်ဆို သော စကားသည် စကားသက်သက် ဖြစ်၍၊ မိဿဟာယ ဖွဲ့ သောအခါ မုသာ စကား ကိုသာ ပြော တတ်ကြ၏။ တရား စီရင်ခြင်းအမှုသည် လယ် ကန်ဆည်ရိုး ပေါ် မှာ ဘင်းခါး ပင်ကဲ့သို့ ပေါက် ရ လိမ့်မည်။
Sun yi alkawura masu yawa, suka yi rantsuwar ƙarya da kuma yarjejjeniyoyi; saboda haka ƙararraki suka taso kamar ciyayi masu dafi da aka nome a gona.
5 ရှမာရိ မြို့ သားတို့သည် ဗေသဝင် နွားသငယ် အဘို့ ကြောက် ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအတွက် သူ ၏တကာ တို့သည် ငိုကြွေး မြည်တမ်း၍ ၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊
Mutanen da suke zama a Samariya suna tsoro saboda gunki maraƙin Bet-Awen. Mutanensa za su yi makokinsa, haka ma firistocinsa matsafa, waɗanda suka yi farin ciki a kan darajarsa, don an ɗauke ta daga gare su aka kai ta zaman bauta.
6 နွားသငယ် နှင့်အတူ အာရှုရိ ပြည်သို့ ယူသွား ပြီးလျှင် ၊ ရှင်ဘုရင် ယာရက် အား ဆက် ရကြလိမ့်မည်။ ဧဖရိမ် သည် အသရေ ပျက်၍ ဣသရေလ သည် မိမိ အကြံ အစည်အားဖြင့် ရှက်ကြောက် ရလိမ့်မည်။
Za a ɗauke shi a kai Assuriya kamar gandu wa babban sarki. Efraim zai sha kunya; Isra’ila zai sha kunya saboda gumakan itacensa.
7 ရှမာရိ သည် ပျက် ရ၏။ ရှမာရိ ရှင် ဘုရင်သည် ရေမြှုပ် သက်သက်ဖြစ်၏။
Samariya da sarkinta za su ɓace kamar kumfa a bisa ruwaye.
8 ဣသရေလ ပြစ်မှား ရာ အာဝင်မြို့ကုန်း တို့သည် ပြိုကျ ၍ ၊ ဆူး ပင်အမျိုးမျိုးတို့သည် သူ တို့ ယဇ် ပလ္လင်များကို လွှမ်းမိုး ကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင် များ တို့၊ ငါ တို့ကို ဖုံးအုပ် ကြပါ။ အိုကုန်း များတို့၊ ငါ တို့အပေါ် ၌ ကျ ကြပါဟု ခေါ် ကြလိမ့်မည်။
Za a hallaka masujadai kan tudu na mugunta zunubin Isra’ila ne. Ƙayayuwa da sarƙaƙƙiya za su yi girma su rufe bagadansu. Sa’an nan za su ce wa duwatsu, “Ku rufe mu!” Ga tuddai kuma, “Ku fāɗo a kanmu!”
9 ဂိဗာ မြို့လက်ထက် ၌ အပြစ်ကြီးသည်ထက် ဣသရေလ သည် အပြစ်သာ၍ကြီး၏။ ထို မြို့၌ ရပ် နေကြ ၏။ ဂိဗာ မြို့၌ အဓမ္မ လူ တို့ကို စစ်တိုက် သောအခါ မ ရှုံး ကြ။
“Tun daga kwanakin Gibeya, kun yi zunubi, ya Isra’ila, a can kuwa kuka ci gaba. Yaƙi bai cimma masu aikata mugunta a Gibeya ba?
10 ၁၀ ငါ သည် ကိုယ် အလိုအလျောက်သူ တို့ကို ဆုံးမ မည်။ သူ တို့ အပြစ် နှစ် ပါးကြောင့် ချည် ထားလျက်ရှိသောအခါ ၊ သူ တို့တဘက် ၌ လူများစည်းဝေး ရကြလိမ့်မည်။
Sa’ad da na ga dama, zan hukunta su; al’ummai za su taru su yi gāba da su don su daure su saboda zunubansu da suka riɓanya.
11 ၁၁ ဧဖရိမ် သည် ယဉ် ၍ စပါးကို နင်း ချင်သော နွားမ ပျိုဖြစ်သော်လည်း၊ ငါ သည် ထမ်းဘိုးကို ထမ်း စေ သဖြင့် ၊ ဧဖရိမ် သည် ကခြင်းကိုခံ ၍၊ ယုဒ သည် ထွန် လျက်၊ ယာကုပ် သည်လည်း မြေစိုင်ကို ခွဲ လျက်ရှိရလိမ့်မည်။
Efraim horarriyar karsana ce mai son sussuka; saboda haka zan sa karkiya a kyakkyawan wuyanta. Zan bi da Efraim, Dole Yahuda yă yi noma, dole kuma Yaƙub yă ja garman noma.
12 ၁၂ ကိုယ် အဘို့ ဖြောင့်မတ် ခြင်းမျိုးစေ့ကို ကြဲ ၍၊ ကရုဏာ တော် အသီးအနှံ ကို ရိတ် ကြလော့။ မလုပ်သေး သော လယ် ကို ထွန် ကြလော့။ ထာဝရဘုရား သည် ကြွ လာ ၍ ၊ သင် တို့အပေါ် သို့ ဖြောင့်မတ် ခြင်း မိုဃ်းကို ရွာ စေတော် မ မူမှီတိုင်အောင်၊ ကိုယ်တော် ကို ရှာ ရသောအချိန် ရောက်လေပြီ။
Ku shuka wa kanku adalci, ku girbe’ya’yan jinƙai marar ƙarewa, ku kuma nome ƙasar da ba a nome ba; gama lokaci ne na neman Ubangiji, sai ya zo ya zubo adalci a kanku.
13 ၁၃ သင်တို့သည် ဒုစရိုက် မျိုးစေ့ကို ကြဲလို၍ လယ်ထွန် သောကြောင့်၊ အပြစ် စပါးကိုရိတ် ရကြ၏။ မုသာ အသီးအနှံ ကို စား ရကြ၏။ အကြောင်း မူကား၊ ကိုယ် ကြံစည် ပြုမူခြင်းကို၎င်း၊ ကိုယ် ၌ များစွာ သော သူရဲ တို့ကို၎င်းကိုးစား တတ်၏။
Amma kun shuka mugunta, kuka girbe mugu kuka ci’ya’yan ruɗu. Domin kun dogara da ƙarfinku da kuma a jarumawanku masu yawa,
14 ၁၄ ထိုကြောင့် ၊ သင် ၏လူ တို့သည် ရုန်းရင်းခတ် ကြ လိမ့်မည်။ ရှာလမန် မင်းသည် ဗေသာဗေလ မြို့ကို စစ်တိုက် သောအခါ ဖျက်ဆီး သကဲ့သို့ ၊ သင် ၏ရဲတိုက် ရှိသမျှ တို့ သည် ပျက်စီး ရကြလိမ့်မည်။ အမိ သည် သား တို့နှင့်အတူ မြေပေါ်မှာ ဆောင့်ဖွပ် ခြင်းကိုခံရလိမ့်မည်။
hayaniyar yaƙi za tă tashi gāba da mutanenku, saboda a ragargaza kagaranku, kamar yadda Shalman ya ragargaza Bet-Arbel a ranar yaƙi, sa’ad da aka fyaɗa uwaye tare da’ya’yansu da ƙasa.
15 ၁၅ ထိုသို့ ဗေသလ သည် သင် တို့ဒုစရိုက် အပြစ်များ ကြောင့် သင် တို့၌ ပြု လိမ့်မည်။ နံနက် အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလ ရှင် ဘုရင်သည် ရှင်းရှင်းကွယ်ပျောက် ရလိမ့်မည်။
Haka zai faru da kai, ya Betel, domin muguntarka ta yi yawa. Sa’ad da wannan rana ta zo, za a hallaka sarkin Isra’ila ƙaƙaf.

< ဟောရှေ 10 >