< ဟောရှေ 1 >
1 ၁ ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ သား ယေရောဗောင် မင်းတို့လက်ထက် ၊ ဗေရိ ၏ သား ဟောရှေ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် အစအဦးဟူမူကား၊
၁ယုဒနိုင်ငံတွင်သြဇိမင်း၊ ယောသံမင်း၊ အာ ခတ်မင်း၊ ဟေဇကိမင်းနှင့်ဣသရေလနိုင်ငံ တွင်ယောရှမင်း၏သားယေရောဗောင်မင်းတို့ စိုးစံသည့်လက်ထက်၌ ဗေရိ၏သားဟောရှေ ထံသို့ရောက်ရှိလာသောထာဝရဘုရား၏ နှုတ်ကပတ်တော်ကားဤသို့တည်း။
2 ၂ သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား မှာ ထားတော်မူသည် အတိုင်း ၊
၂ထာဝရဘုရားသည်ဟောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားဦးစွာ မိန့်တော်မူသည်မှာ``သင်သည်သွား၍အမျိုး သမီးတစ်ဦးနှင့်အိမ်ထောင်ပြုလော့။ သင် ၏ဇနီးသည်သစ္စာမဲ့သူဖြစ်လိမ့်မည်။ သင်၏ သားသမီးများသည်လည်းသင်၏ဇနီးကဲ့ သို့သစ္စာမဲ့သူများဖြစ်လိမ့်မည်။ ငါ၏ လူစုသည်လည်းထိုနည်းတူစွာငါ့ကို စွန့်၍သစ္စာဖောက်ကြပြီ'' ဟုမိန့်တော် မူ၏။-
3 ၃ ဟောရှေသည်သွား ၍ ဒိဗလိမ် သမီး ဂေါမာ ကို သိမ်းပိုက် သဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ဟောရှေ ၌ သား ယောက်ျားကို ဘွားမြင် လေ၏။
၃သို့ဖြစ်၍ဟောရှေသည်ဒိဗလိမ်၏သမီး ဂေါမာဆိုသူနှင့်အိမ်ထောင်ပြုလေသည်။ သူတို့တွင်သားဦးတစ်ယောက်ကိုဖွား မြင်ပြီးနောက်၊-
4 ၄ ထာဝရဘုရား ကလည်း ၊ ထို သားကို ယေဇရေလ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ခဏကြာ ပြီးမှ ယေဇရေလ အသက် ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုး ကို ငါသည် ဒဏ်ပေး ၍ ဣသရေလ အမျိုး ၏ နိုင်ငံ ကို ဆုံး စေမည်။
၄ထာဝရဘုရားကဟောရှေအား``သင်၏သား ကို`ယေဇရေလ' ဟုနာမည်မှည့်လော့၊ အဘယ် ကြောင့်ဆိုသော်ဣသရေလဘုရင်၏ဘိုးတော် ယေဟုသည် ယေဇရေလမြို့တွင်သတ်ဖြတ် လုပ်ကြံခဲ့သည့်လူသတ်မှုများအတွက် ငါ သည်ဣသရေလဘုရင်ကိုဒဏ်ခတ်မည်။ ယေဟုမင်းဆက်ကိုတိမ်ကောစေမည်။-
5 ၅ ဣသရေလ လေး ကို ယေဇရေလ ချိုင့် ၌ ငါချိုး သောနေ့ ခြင်းတွင် ထို အမှုပြည့်စုံ လိမ့်မည်ဟု မိန့် တော်မူ ၏။
၅ထိုအချိန်ကျရောက်လျှင်ငါသည်ယေဇရေလ ချိုင့်ဝှမ်းတွင် ဣသရေလနိုင်ငံ၏အာဏာစက် ကိုပျက်သုဉ်းစေမည်'' ဟုမိန့်တော်မူသည်။
6 ၆ တဖန် ပဋိသန္ဓေ ယူ၍ သမီး ကိုဘွားမြင် လေ၏။ ထို သမီးကို လောရုဟာမာ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး ကို နောက် တဖန် မ သနား မစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်း မည်။
၆ဂေါမာတွင်ဒုတိယကလေးတစ်ယောက်ဖွား မြင်လေ၏။ ထိုကလေးသည်သမီးမိန်းကလေး ဖြစ်သည်။ ထိုအခါထာဝရဘုရားကဟောရှေ အား``ငါသည်ဣသရေလပြည်သားတို့ကို နောင်အခါတွင် သနားကြင်နာ၍အပြစ် လွှတ်မည်မဟုတ်သောကြောင့်ထိုသမီး ကို`မေတ္တာမဲ့' ဟုနာမည်မှည့်လော့။-
7 ၇ ယုဒ အမျိုး ကိုကား ၊ သနား စုံမက်ဦးမည်။ သို့ရာတွင် ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်၊ မြင်း ၊ မြင်း စီးသူရဲ အားဖြင့် မ ကယ်တင် ၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အားဖြင့် ကယ်တင် မည်ဟု မိန့် တော်မူ၏။
၇ငါသည်ယုဒပြည်သားတို့ကိုမူကား သနားကြင်နာဦးမည်။ သူတို့၏ဘုရားသခင်ငါထာဝရဘုရားသည်သူတို့ အားကယ်တင်မည်။ သို့ရာတွင်စစ်တိုက် ခြင်းအားဖြင့်လည်းကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်းတပ်အားဖြင့်လည်းကောင်းသူ တို့အားကယ်တင်မည်မဟုတ်။
8 ၈ လောရုဟာမာ ကို နို့ ခွါသောအခါ ၊ အမိသည် ပဋိသန္ဓေ ယူပြန်၍ သား ယောက်ျားကို ဘွားမြင် လေ၏။
၈ဂေါမာသည်သမီးကိုနို့ခွဲပြီးသောအခါ ပဋိသန္ဓေစွဲ၍သားတစ်ယောက်ကိုဖွားမြင် ၏။-
9 ၉ ထို သားကိုလောအမ္မိ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ သင် တို့သည် ငါ ၏လူ မ ဟုတ်။ ငါ သည် လည်း သင် တို့၏ ဘုရားသခင်မ ဟုတ် ။
၉ထိုအခါထာဝရဘုရားကဟောရှေ အား``ဣသရေလပြည်သားတို့သည်ငါ ၏လူစုမဟုတ်၊ ငါသည်လည်းသူတို့၏ ဘုရားသခင်မဟုတ်သောကြောင့်ထိုသား ကို`ငါ့လူမျိုးမဟုတ်' ဟုနာမည်မှည့်လော့'' ဟုမိန့်တော်မူ၏။
10 ၁၀ သို့ရာတွင် ၊ ဣသရေလ အမျိုးသား တို့သည် မ ခြင် နိုင်၊ မ ရေတွက် နိုင်သော သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ ကြလိမ့်မည်။ သင် တို့သည် ငါ ၏ လူ မ ဟုတ်ဟု ထိုသူ တို့အား ပြောဆို ရာ အရပ် ၌ ပင်လျှင်၊ သူ တို့သည် အသက်ရှင် တော်မူသောဘုရား သခင်၏သား ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလိမ့်မည်။
၁၀ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
11 ၁၁ ထိုအခါ ယုဒ အမျိုးသား တို့နှင့် ဣသရေလ အမျိုးသား တို့သည် စုဝေး ပေါင်းဘော်၍ ၊ မင်း တဦးတည်း ကို ချီးမြှောက် သဖြင့် ထိုပြည် ထဲက ထွက်လာ ကြ လိမ့်မည်။ ယေဇရေလ နေ့ သည် ကြီးမြတ် သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
၁၁ယုဒပြည်သားတို့နှင့်ဣသရေလပြည် သားတို့သည်ပြန်လည်ပေါင်းစည်းကြလိမ့် မည်။ သူတို့သည်သူတို့အတွက်ခေါင်းဆောင် တစ်ဦးကိုရွေးကောက်တင်မြှောက်ကြလိမ့် မည်။ သူတို့သည်မိမိတို့နိုင်ငံတွင်ကြီးပွား တိုးတက်လာကြလိမ့်မည်။ ယေဇရေလနေ့ သည်နေ့ကြီးရက်ကြီးဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။