< ဟေဗြဲ 9 >
1 ၁ တနည်း ကား၊ ပဌမ ပဋိညာဉ်တရားသည် ဝတ်ပြု ရာစီရင်ချက် နှင့်၎င်း ၊ လောကီ သန့်ရှင်း ရာ ဌာနတော်နှင့်၎င်း စပ်ဆိုင် ၏
Now even the first Covenant had regulations for divine worship, and had also its sanctuary--a sanctuary belonging to this world.
2 ၂ အဘယ်သို့နည်းဟူမူကား၊ ဟဂျာ ဟုခေါ်ဝေါ် သော ပဌမ တဲ တော်သည်၊ ဆီမီးခုံ ၊ စားပွဲ ၊ ရှေ့ တော်မုန့် နှင့် ပြင်ဆင် လျက်ရှိ၏
For a sacred tent was constructed--the outer one, in which were the lamp and the table and the presented loaves; and this is called the Holy place.
3 ၃ ဒုတိယ ကုလားကာ အတွင်း၌၊ ဟဂျာဟဂျုန် ဟု ခေါ်ဝေါ် သော တဲ တော်ရှိ၏
And behind the second veil was a sacred tent called the Holy of holies.
4 ၄ ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေ ဖြင့်မွမ်းမံ သော ပဋိညာဉ် တရားသေတ္တာ ရှိ၏။ ထို သေတ္တာ၌ မန္န ကိုထား သောရွှေ အိုး ၊ အပွင့်ပွင့် သော အာရုန် ၏ လှံတံ ၊ ပဋိညာဉ် တရားကို ရေးထားသော ကျောက် ပြားတို့ သည်ရှိ ကြ၏
This had a censer of gold, and the ark of the Covenant lined with gold and completely covered with gold, and in it were a gold vase which held the manna, and Aaron's rod which budded and the tables of the Covenant.
5 ၅ ထိုသေတ္တာ ပေါ်မှာ ဘုန်းကြီး သော ခေရုဗိမ် တို့သည် အပြစ် ဖြေရာပလ္လင်ကို လွှမ်းမိုး လျက်ရှိကြ၏။ ထို အရာများကို ယခု သေချာ စွာ ပြော စရာအကြောင်း မ ရှိ
And above the ark were the Cherubim denoting God's glorious presence and overshadowing the Mercy-seat. But I cannot now speak about all these in detail.
6 ၆ ထိုသို့ ခပ်သိမ်း သောအရာတို့သည် ပြင်ဆင် လျက် ရှိသောအခါ၊ ယဇ် ပုရောဟိတ်တို့သည် ဝတ်ပြု ၍ ပဌမ တဲ တော်အတွင်း သို့ အစဉ် ဝင် ကြရ၏
These arrangements having long been completed, the priests, when conducting the divine services, continually enter the outer tent.
7 ၇ ဒုတိယ တဲတော်အတွင်း သို့ ယဇ်ပုရောဟိတ် မင်းတစ်ပါးတည်းသာ မိမိ အပြစ် ကြောင့် ၎င်း ၊ လူ များအပြစ် ကြောင့်၎င်း၊ ပူဇော် သောအသွေး ကိုဆောင်၍ တနှစ် လျှင် တစ်ခါ တည်းသာဝင်ရ၏
But into the second, the High Priest goes only on one day of the year, and goes alone, taking with him blood, which he offers on his own behalf and on account of the sins which the people have ignorantly committed.
8 ၈ ပဌမ တဲ တော်မပျက်မှီ တိုင်အောင်၊ သန့်ရှင်း ရာ ဌာနသို့ သွားသောလမ်း မ ဖွင့် သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့်သန့်ရှင်း သော ဝိညာဉ် တော်သည် အရိပ် ပေးတော်မူ၏
And the lesson which the Holy Spirit teaches is this--that the way into the true Holy place is not yet open so long as the outer tent still remains in existence.
9 ၉ ထိုတဲတော်ကား၊ ပူဇော် သက္ကာနှင့် ယဇ် များကို ပူဇော် သော ကာလ တည်းဟူသောမျက်မှောက် ကာလ ပတ်လုံးပုံပမာ ဖြစ်၏။ ထို ပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက် လျှင်လည်း၊ ဝတ်ပြု သောသူအား စုံလင် ခြင်းအကျိုးကို မ ပေးနိုင် သည်ဖြစ်၍
And this is a figure--for the time now present--answering to which both gifts and sacrifices are offered, unable though they are to give complete freedom from sin to him who ministers.
10 ၁၀ စားစရာ ၊ သောက် စရာ၊ အမျိုးမျိုး သော နှစ် စရာတည်းဟူသော၊ ကိုယ်ခန္ဓာ နှင့်ဆိုင်သော အထုံးအဖွဲ့ များ နှင့်တကွအသစ် ပြုပြင် ခြင်း ကာလ တိုင် ရုံမျှသာ တည် ရကြ၏
For their efficacy depends only on meats and drinks and various washings, ceremonies pertaining to the body and imposed until a time of reformation.
11 ၁၁ ယခုမှာလူလက် ဖြင့်မ လုပ်၊ ဤ လောက ဓါတ်နှင့် မ စပ်ဆိုင် ၊ သာ၍ကြီးမြတ် စုံလင် သောတဲ တော်၌၊ နောက် မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ် မင်းဖြစ်သော ခရစ်တော် သည်
But Christ appeared as a High Priest of the blessings that are soon to come by means of the greater and more perfect Tent of worship, a tent which has not been built with hands--that is to say does not belong to this material creation--
12 ၁၂ ငါတို့အဘို့ထာဝရ ရွေးနှုတ် ခြင်းကျေးဇူးကိုခံရ၍ ဆိတ် အသွေး ၊ နွားကလေး အသွေးနှင့် မ ဟုတ်၊ မိမိ အသွေး တော်နှင့် သန့်ရှင်း ရာဌာနထဲသို့ တစ်ခါ တည်း ဝင် တော်မူ၏ (aiōnios )
and once for all entered the Holy place, taking with Him not the blood of goats and calves, but His own blood, and thus procuring eternal redemption for us. (aiōnios )
13 ၁၃ အကြောင်းမူကား ၊ အညစ်အကြေး ရှိသော သူ တို့ အပေါ်၌ ဖြန်း သောနွား အသွေး ၊ ဆိတ် အသွေး၊ နွားမ ကလေး၏ပြာ သည်၊ သူတို့ ကိုယ်ခန္ဓာ ၌ စင်ကြယ် ခြင်းကို ပြုနိုင်သည်မှန်လျှင်
For if the blood of goats and bulls and the ashes of a heifer sprinkling those who have contracted defilement make them holy so as to bring about ceremonial purity,
14 ၁၄ ထိုမျှမက၊ အပြစ် ကင်းသော ကိုယ်တော် ကို၊ ထာဝရ ဝိညာဉ် တော်အားဖြင့် ၊ ဘုရားသခင့် ရှေ့၌ တင်လှူပူဇော် သော ခရစ်တော် ၏ အသွေး သည်၊ သေ ခြင်းနှင့် စပ်ဆိုင်သောအကျင့် ကို ပယ်ရှင်း၍၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ကို ဝတ်ပြု မည်အကြောင်း ၊ သင် တို့၌ ကိုယ်ကိုကိုယ် သိသော စိတ်ကို စင်ကြယ် စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော (aiōnios )
how much more certainly shall the blood of Christ, who strengthened by the eternal Spirit offered Himself to God, free from blemish, purify your consciences from lifeless works for you to serve the ever-living God? (aiōnios )
15 ၁၅ ထိုကြောင့် ပဌမ ပဋိညာဉ် တရားလက်ထက် ၌ ပြစ်မှားသောအပြစ် ကိုလည်း လွတ် စေခြင်းငှာ၊ ခရစ်တော်သည် အသေခံ တော်မူသည် ဖြစ်၍ ၊ ခေါ် တော်မူသော သူ တို့သည် ဂတိ တော်နှင့်ယှဉ်သော ထာဝရ အမွေ ကို ခံရ မည်အကြောင်း ၊ ထိုသခင်သည် ပဋိညာဉ် တရားသစ် ၏ အာမခံ ဖြစ်တော်မူ ၏ (aiōnios )
And because of this He is the negotiator of a new Covenant, in order that, since a life has been given in atonement for the offences committed under the first Covenant, those who have been called may receive the eternal inheritance which has been promised to them. (aiōnios )
16 ၁၆ အမွေခံစေခြင်းငှာအခွင့်ပေး၍ စာချုပ်သည် အမှုမှာ လည်း စာချုပ် တည်လျှင် စာချုပ်သောသူသည် ဧကန် သေ ရမည်မှန်ပြီ
For where there is a legal 'will,' there must also be a death brought forward in evidence--the death of him who made it.
17 ၁၇ အကယ်၍ မ သေလျှင်၊ ထိုစာချုပ်သည်မ တည်၊ သေမှသာတည် ၏
And a will is only of force in the case of a deceased person, being never of any avail so long as he who made it lives.
18 ၁၈ ထို့ကြောင့် ပဌမ ပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေး နှင့် ကင်း ၍မ စီရင်
Accordingly we find that the first Covenant was not inaugurated without blood.
19 ၁၉ တရား တော်၌ ပါ သမျှသော ပညတ် တို့ကို မောရှေ သည် လူ အပေါင်း တို့အား ဟောပြော ပြီးမှ၊ ရေ နှင့် ရောနှောသောနွား ၊ ဆိတ် ၏အသွေး ကိုယူ ၍၊ အနီ ဆိုးသော သိုးမွေး တပ်သောဟုဿုပ် ပင်ညွန့်နှင့်၊ ကျမ်းစာ ကို၎င်း လူ အပေါင်း တို့ကို၎င်း ဖြန်း လျက်၊
For when Moses had proclaimed to all the people every commandment contained in the Law, he took the blood of the calves and of the goats and with them water, scarlet wool and hyssop, and sprinkled both the book itself and all the people,
20 ၂၀ ဤ အသွေးကား၊ သင် ၌ ဘုရားသခင် ဝန်ခံ တော်မူသော ပဋိညာဉ် ၏ အသွေး ဖြစ်သည်ဟု ပြောဆို ၏
saying, "This is the blood which confirms the Covenant that God has made binding upon you."
21 ၂၁ တဲ တော်နှင့် ဝတ်ပြု သော တန်ဆာ များကိုလည်း ထိုနည်းတူ သွေး နှင့်ဖြန်း ရ၏
And in the same way he also sprinkled blood upon the Tent of worship and upon all the vessels used in the ministry.
22 ၂၂ ပညတ် တရားအတိုင်း ခပ်သိမ်း သောအရာတို့ကို ကုန်မတတ် အသွေး အားဖြင့် စင်ကြယ် စေတတ်၏။ အသွေး မ သွန်းလောင်းဘဲ အပြစ်လွတ် ခြင်းမ ရှိ
Indeed we may almost say that in obedience to the Law everything is sprinkled with blood, and that apart from the outpouring of blood there is no remission of sins.
23 ၂၃ ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိသောအရာ တို့၌ ပုံ များကိုထိုသို့သောယဇ် ပူဇော်ခြင်းအားဖြင့်စင်ကြယ် စေ ရသည်ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍ မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့်စင်ကြယ်စေရ၏
It was needful therefore that the copies of the things in Heaven should be cleansed in this way, but that the heavenly things themselves should be cleansed with more costly sacrifices.
24 ၂၄ ထိုသို့နှင့်အညီ၊ မှန် သောသန့်ရှင်းရာဌာနတို့၏ ပုံ ဖြစ်သော၊ လူတို့လက် ဖြင့်လုပ်သော သန့်ရှင်း ရာဌာန ထဲသို့ ခရစ်တော် သည်မ ဝင် ဘဲ၊ ငါ တို့ အတွက် ကြောင့် ယခု ဘုရားသခင် ၏ ရှေ့ တော်၌ကိုယ်ကိုပြ ခြင်းငှာ၊ ကောင်းကင် ကိုယ် ထဲသို့ ဝင်တော်မူပြီ၊
For not into a Holy place built by men's hands--a mere copy of the reality--did Christ enter, but He entered Heaven itself, now to appear in the presence of God on our behalf.
25 ၂၅ သို့သော်လည်း၊ ယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း ရာဌာနထဲသို့ သူတစ်ပါး အသွေး နှင့် နှစ် တိုင်း အစဉ် ဝင် ရသကဲ့သို့ ခရစ်တော် သည် အဖန် များစွာကိုယ်ကို ပူဇော်ရသည်မ ဟုတ်
Nor did He enter for the purpose of many times offering Himself in sacrifice, just as the High Priest enters the Holy place, year after year, taking with him blood not his own.
26 ၂၆ ထိုသို့ ပူဇော်ရသည်မှန် လျှင်၊ ကမ္ဘာ ဦး မှစ၍ အဖန် များစွာအသေခံ တော်မူရ၏။ ယခု မူကား ၊ ဤကပ် ကာလအဆုံး ၌ တစ်ခါ တည်း ကိုယ် ကိုပူဇော် သောအားဖြင့် အပြစ် များကို သုတ်သင် ပယ်ရှင်းခြင်းငှာ ပေါ်ထွန်း တော်မူ၏ (aiōn )
In that case Christ would have needed to suffer many times, from the creation of the world onwards; but as a matter of fact He has appeared once for all, at the Close of the Ages, in order to do away with sin by the sacrifice of Himself. (aiōn )
27 ၂၇ လူ သည် တစ်ခါ တည်းသေ ၍ ထိုနောက်မှ တရား စီရင်တော်မူခြင်းကိုခံရ သကဲ့သို့ ၊
And since it is reserved for all mankind once to die, and afterwards to be judged;
28 ၂၈ ထိုနည်းတူ ၊ ခရစ်တော် သည် လူများ အပြစ် တို့ကို ခံခြင်းငှာတစ်ခါ တည်းကိုယ်ကိုပူဇော် ပြီးမှ၊ နောက်တစ်ဖန် ထိုသခင် ကို မြော်လင့် လျက် နေသောသူ တို့ကို ကယ်တင် ခြင်းအလိုငှာ ၊ အပြစ် နှင့်မ ဆိုင်ဘဲ ပေါ်ထွန်း တော်မူလတံ့။
so the Christ also, having been once offered in sacrifice in order that He might bear the sins of many, will appear a second time, separated from sin, to those who are eagerly expecting Him, to make their salvation complete.