< ဟေဗြဲ 8 >

1 ယခု ဆို ခဲ့ပြီး သော အကြောင်း အရာတို့၏ အချုပ်အခြာ ဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် ငါတို့၌ရှိ ၏။ ကောင်းကင် ဘုံ၌ တန်ခိုး အာနုဘော်တော်၏ ပလ္လင် လက်ျာဘက် မှာ ထိုင် နေတော်မူ၏
And the sum concerning the things spoken of [is]: we have such a chief priest, who did sit down at the right hand of the throne of the greatness in the heavens,
2 လူ မ ဆောက်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲ တော်စစ် တည်းဟူသော၊ သန့်ရှင်း ရာဌာန၌ ဘုရား ဝတ်ကိုပြုသောသူဖြစ်တော်မူ၏
of the holy places a servant, and of the true tabernacle, which the Lord did set up, and not man,
3 ယဇ်ပုရောဟိတ် မင်းမည်သည်ကား၊ ပူဇော် သက္ကာနှင့် ယဇ် ကိုပူဇော် စေခြင်းငှာခန့်ထား လျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော် စရာယဇ်တစ်စုံတစ်ခုရှိ ရ၏
for every chief priest to offer both gifts and sacrifices is appointed, whence [it is] necessary for this one to have also something that he may offer;
4 ပညတ် တရားအတိုင်း ပူဇော် သက္ကာကို ဆက်ကပ် သော ယဇ် ပုရောဟိတ်များ ရှိ ကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီး ပေါ်မှာ ရှိ နေလျှင် ယဇ် ပုရောဟိတ်မ လုပ် ရ
for if, indeed, he were upon earth, he would not be a priest — (there being the priests who are offering according to the law, the gifts,
5 မောရှေ သည် တဲ တော်ကို ဆောက်လုပ် အံ့သောအခါ၊ တောင် ပေါ်မှာ သင့် အားပြ ခဲ့ပြီးသောပုံ နှင့် ညီလျော် စွာ အလုံးစုံ တို့ကို လုပ် ခြင်းငှာသတိပြုရမည်ဟု ဗျာဒိတ် တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ် ပုရောဟိတ်တို့သည် ကောင်းကင် အရာတို့၏ ပုံပမာ အရိပ် နှင့်သာဆိုင်လျက် ဝတ် ကိုပြုနေကြ၏
who unto an example and shadow do serve of the heavenly things, as Moses hath been divinely warned, being about to construct the tabernacle, for 'See (saith He) thou mayest make all things according to the pattern that was shewn to thee in the mount;') —
6 ထိုမှတစ်ပါး ၊ ယေရှုသည် သာ၍ မြတ်သော ဂတိ တော်တို့၌ တည် သော၊ သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ်သည်နှင့်အညီ၊ သာ၍မြတ် သော ဝတ်ပြု ခြင်း အခွင့်အရာကို ရတော်မူ ၏
and now he hath obtained a more excellent service, how much also of a better covenant is he mediator, which on better promises hath been sanctioned,
7 ပဌမ ပဋိညာဉ် တရားသည်၊ အပြစ်တင် ခွင့်မရှိသည်မှန်လျှင် ၊ ဒုတိယ ပဋိညာဉ်တရား တည် ရသော အခွင့်ကို အဘယ်ကြောင့်ရှာ ရသနည်း
for if that first were faultless, a place would not have been sought for a second.
8 ပဌမပဋိညာဉ် တရားကို ထာဝရ ဘုရားသည် အပြစ်တင် ၍ မိန့် တော်မူသည်ကား၊
For finding fault, He saith to them, 'Lo, days come, saith the Lord, and I will complete with the house of Israel, and with the house of Judah, a new covenant,
9 ငါ သည် ဤလူမျိုး ၏ ဘိုးဘေး တို့ကိုလက် ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ ငါပေး သော ပဋိညာဉ် တရားနှင့် ခြားနား သော ပဋိညာဉ် တရားသစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေးသော အချိန် ကာလရောက် လိမ့်မည်။ အရင် ငါ ပေးဘူးသော ပဋိညာဉ် တရား၌ သူ တို့သည် မ တည် ကြ၊ ငါ သည်လည်း သူ တို့ကို မ ကြည့်ရှုမပြုစုဘဲနေ၏
not according to the covenant that I made with their fathers, in the day of My taking [them] by their hand, to bring them out of the land of Egypt — because they did not remain in My covenant, and I did not regard them, saith the Lord, —
10 ၁၀ နောင် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့ စိတ် ဝိညာဉ်ထဲသို့ သွင်း မည်။ သူ တို့နှလုံး ပေါ်မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်
because this [is] the covenant that I will make with the house of Israel, after those days, saith the Lord, giving My laws into their mind, and upon their hearts I will write them, and I will be to them for a God, and they shall be to Me for a people;
11 ၁၁ ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမ ဩဝါဒမ ပေးရကြ၊ အကြောင်းမူကား ၊ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်
and they shall not teach each his neighbour, and each his brother, saying, Know thou the Lord, because they shall all know Me from the small one of them unto the great one of them,
12 ၁၂ ထိုအခါငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြစ်မှား ခြင်း၊ လွန်ကျူးခြင်းများကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရ ဘုရား မိန့် တော်မူ၏
because I will be merciful to their unrighteousness, and their sins and their lawlessnesses I will remember no more;' —
13 ၁၃ ပဋိညာဉ်တရားသစ် ဟူ၍မိန့် တော်မူသည်တွင် ပဌမ ပဋိညာဉ်တရားကို ဟောင်း စေတော်မူ၏။ ရွေ့လျော့ ၍ ဟောင်း သောအရာ မည်သည်ကား၊ ကွယ်ပျောက် ခြင်း သို့ရောက်လုနီး သတည်း။
in the saying 'new,' He hath made the first old, and what doth become obsolete and is old [is] nigh disappearing.

< ဟေဗြဲ 8 >