< ဟေဗြဲ 8 >
1 ၁ ယခု ဆို ခဲ့ပြီး သော အကြောင်း အရာတို့၏ အချုပ်အခြာ ဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် ငါတို့၌ရှိ ၏။ ကောင်းကင် ဘုံ၌ တန်ခိုး အာနုဘော်တော်၏ ပလ္လင် လက်ျာဘက် မှာ ထိုင် နေတော်မူ၏
Now the principal thing among those of which we are speaking is this: We have such a high-priest, who sat down on the right hand of the throne of the Majesty in the heavens;
2 ၂ လူ မ ဆောက်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲ တော်စစ် တည်းဟူသော၊ သန့်ရှင်း ရာဌာန၌ ဘုရား ဝတ်ကိုပြုသောသူဖြစ်တော်မူ၏
a minister of the sanctuary, and of the true tabernacle, which the Lord pitched, not man.
3 ၃ ယဇ်ပုရောဟိတ် မင်းမည်သည်ကား၊ ပူဇော် သက္ကာနှင့် ယဇ် ကိုပူဇော် စေခြင်းငှာခန့်ထား လျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော် စရာယဇ်တစ်စုံတစ်ခုရှိ ရ၏
For every high-priest is appointed to offer gifts and sacrifices; whence it is necessary that this one also have something which he may offer.
4 ၄ ပညတ် တရားအတိုင်း ပူဇော် သက္ကာကို ဆက်ကပ် သော ယဇ် ပုရောဟိတ်များ ရှိ ကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီး ပေါ်မှာ ရှိ နေလျှင် ယဇ် ပုရောဟိတ်မ လုပ် ရ
For if, indeed, he were on earth, he would not be a priest, since there are those that offer the gifts according to the Law;
5 ၅ မောရှေ သည် တဲ တော်ကို ဆောက်လုပ် အံ့သောအခါ၊ တောင် ပေါ်မှာ သင့် အားပြ ခဲ့ပြီးသောပုံ နှင့် ညီလျော် စွာ အလုံးစုံ တို့ကို လုပ် ခြင်းငှာသတိပြုရမည်ဟု ဗျာဒိတ် တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ် ပုရောဟိတ်တို့သည် ကောင်းကင် အရာတို့၏ ပုံပမာ အရိပ် နှင့်သာဆိုင်လျက် ဝတ် ကိုပြုနေကြ၏
who serve the mere delineation and shadow of the heavenly things, as Moses was admonished by God when he was about to make the tabernacle; for, “See,” saith he, “that thou make all things according to the pattern which was shown thee in the mount.”
6 ၆ ထိုမှတစ်ပါး ၊ ယေရှုသည် သာ၍ မြတ်သော ဂတိ တော်တို့၌ တည် သော၊ သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ်သည်နှင့်အညီ၊ သာ၍မြတ် သော ဝတ်ပြု ခြင်း အခွင့်အရာကို ရတော်မူ ၏
But now he hath obtained a more excellent ministry, in proportion as he is the mediator of a better covenant, which hath been established upon better promises.
7 ၇ ပဌမ ပဋိညာဉ် တရားသည်၊ အပြစ်တင် ခွင့်မရှိသည်မှန်လျှင် ၊ ဒုတိယ ပဋိညာဉ်တရား တည် ရသော အခွင့်ကို အဘယ်ကြောင့်ရှာ ရသနည်း
For if that first covenant had been faultless, then a place would not have been sought for a second.
8 ၈ ပဌမပဋိညာဉ် တရားကို ထာဝရ ဘုရားသည် အပြစ်တင် ၍ မိန့် တော်မူသည်ကား၊
For finding fault with them, he saith: “Behold, the days are coming, saith the Lord, when I will make with the house of Israel and with the house of Judah a new covenant;
9 ၉ ငါ သည် ဤလူမျိုး ၏ ဘိုးဘေး တို့ကိုလက် ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ ငါပေး သော ပဋိညာဉ် တရားနှင့် ခြားနား သော ပဋိညာဉ် တရားသစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေးသော အချိန် ကာလရောက် လိမ့်မည်။ အရင် ငါ ပေးဘူးသော ပဋိညာဉ် တရား၌ သူ တို့သည် မ တည် ကြ၊ ငါ သည်လည်း သူ တို့ကို မ ကြည့်ရှုမပြုစုဘဲနေ၏
not according to the covenant which I made with their fathers, in the day when I took them by the hand, to bring them out of the land of Egypt; because they continued not in my covenant, and I regarded them not, saith the Lord.
10 ၁၀ နောင် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့ စိတ် ဝိညာဉ်ထဲသို့ သွင်း မည်။ သူ တို့နှလုံး ပေါ်မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်
For this is the covenant that I will make with the house of Israel after those days, saith the Lord: I will put my laws into their mind, and on their hearts will I write them; and I will be to them a God, and they shall be to me a people.
11 ၁၁ ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမ ဩဝါဒမ ပေးရကြ၊ အကြောင်းမူကား ၊ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်
And they shall not teach every one his fellow-citizen, and every one his brother, saying, Know the Lord; for all shall know me, from the least to the greatest.
12 ၁၂ ထိုအခါငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြစ်မှား ခြင်း၊ လွန်ကျူးခြင်းများကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရ ဘုရား မိန့် တော်မူ၏
For I will be merciful to their unrighteousness, and their sins and their iniquities I will remember no more.”
13 ၁၃ ပဋိညာဉ်တရားသစ် ဟူ၍မိန့် တော်မူသည်တွင် ပဌမ ပဋိညာဉ်တရားကို ဟောင်း စေတော်မူ၏။ ရွေ့လျော့ ၍ ဟောင်း သောအရာ မည်သည်ကား၊ ကွယ်ပျောက် ခြင်း သို့ရောက်လုနီး သတည်း။
In that he saith, “a new covenant,” he hath made the first old; but that which is becoming old, and worn out with age, is ready to vanish away.